
ဖျက်သိမ်းရခြင်းအကြောင်းအရင်းမှာ တရုတ်ကိုမုန်းတီးသည့် ဂျပန်လက်ယာအစွန်းရောက်( japan right wing)အဖွဲ့များမှ ကားကြီး ကားငယ်များနှင့်လှည့်လည်ကာ လာရောက်ဆန္ဒပြမည့်အတွက် လုံခြုံရေးအပြည့်ချထားမည်ဖြစ်ကြောင်း၊ ဂျပန်ရဲများမှ အသိပေးပြောဆိုလာသည့်အတွက် ဘိုဥာဏ်ဝင်းကို ကန့်ကွက်ဆန္ဒပြမှုအစီအစဉ်ကိုပါ Permit (ခွင့်ပြုချက်)မရသဖြင့် ဖျက်သိမ်းလိုက်ရကြောင်း မိုးသောက်ကြယ်သို့အီးမေးလ်ပေးပို့လာသည်။
အဆိုပါကိစ္စဟုတ်-မဟုတ်သိရှိလိုသည့်အတွက် မိုးသောက်ကြယ်အဖွဲ့မှ သတင်းဓါတ်ပုံတာဝန်ခံတစ်ဦးဖြစ်သူ ကိုမင်းညိုဝမ်းမှ ယနေ့နံနက် ၉း၃၀ မှ နေ့လယ် ၁၁း၀၀ နာရီအထိ ယိုဆုယဘူတာအနီးရှိ New Otani Hotel ရှေ့တွင် သွားရောက်စောင့်ကြည့်ခဲ့ရာ ဂျပန်ရဲများပြောဆိုခဲ့သည့် တရုတ်ကိုမုန်းတီးသည့် ဂျပန်လက်ယာအစွန်းရောက်( japan right wing)အဖွဲ့များ ကားကြီးကားငယ်များနှင့်လှည့်လည်ကာ ဆန္ဒြုပခြင်းမျိုးမရှိပေ။ ဘူတာရှေ့တွင် ပတ္တရောင်လည့်ကားတစ်စီးနှင့် ရဲနှစ်ဦးသာရှိပြီး ဟော်တယ်ရှေ့တွင် အစည်းအဝေးအတွက် လုံခြုံရေးချထားသည့် ဂျပန်ကား ၃ စီးသာရှိသည်။
(ဂျပန်နိုင်ငံတွင် တရုတ်လူမျိုး သန်း ၂၀ ကျော်ရှိသည်။ ယိုကိုဟားမားတွင် China Town တည်ထားသည်။ မကြာမှီ တိုကျိုမြို့၊ အိခဲဘုခုရို(Ikebukuro)ရပ်ကွက် အနောက်ဖက်အခြမ်းတွင် Tokyo China Town တည်ထောင်တော့မည်ဖြစ်သည်။ တည်ထောင်ဖို့အတွက်လည်း ခွင့်ပြုချက်ရရှိထားပြီဖြစ်သည်။ တရုတ်ကိုမုန်းတီးသည်ဆိုသည့် ဂျပန်လက်ယာအစွန်းရောက်ဆိုသူများ ကန့်ကွက်ဆန္ဒပြမှုပြုလုပ်သည့်ဆိုသည့် သတင်း သဲ့သဲ့မျှပင်မကြားမိ၊ မတွေ့ရှိသေးပေ။ ဂျပန်လက်ယာအစွန်းရောက်အဖွဲ့ဆိုသည်မှာ ဒုတိယကမ္ဘာစစ်တွင်စစ်ရှုံး၍ လက်နက်ချမှုကိုမကျေနပ်သည့်အဖွဲ့တခုဖြစ်ပြီး စစ်ဝါဒထူထောင်မှုကို တောင်းဆိုလိုလားသည့်သူများဖြစ်သည်။ ၎င်းတို့သုံးစွဲသည့်အလံမှာ စစ်အတွင်းအသုံးပြုခဲ့သည့် အဖြူရောင်ပိတ်စ နေ၀န်းနီအပေါ်တွင် အနီစင်းများချယ်ထားသည့်အလံသာဖြစ်သည်။)
JACတွင်ပါဝင်သည့် ပလောင်တိုင်းရင်းသားအဖွဲ့ခေါင်းဆောင်ကိုမိုင်ကျော်ဦးကတော့ ”ဒီပွဲဟာ ကျနော်တို့ကို ဂျပန်ရဲက ဆန္ဒပြပွဲမဖြစ်အောင်လှည့်စားလိုက်တဲ့လုပ်ရပ်ပါ။ နောက်ပြီး ဂျပန်အစိုးရသစ်ရဲ့ ပြောင်းလဲလာတဲ့နိုင်ငံခြားရေးရာမူဝါဒလို့ပြောရမလိုပေါ့ဗျာ။ ၂၀၁၀ ရဲ့အစမှာတောင် ဒီလိုခြေလှမ်းမျိုးလှမ်းလာနေပြီဆိုရင် ရှေ့လျှောက် ကျနော်တို့ရဲ့ဆန္ဒပြမှုတွေ၊ တောင်းဆိုမှုတွေကို လိုက်လျောမှာမဟုတ်တော့ဘူး။ တင်းကျပ်လာဖို့ပဲရှိတယ်။ နောက်ပြီး အရေးကြီးတဲ့ ၂၀၁၀ မှာတောင် ကျနော်တို့အချင်းချင်းမညီညွတ်ဘူး၊ တစ်ဦးနဲ့တစ်ဦး၊ တစ်ဖွဲ့နဲ့တစ်ဖွဲ့ ညှိနှိုင်းလုပ်ဆောင်လို့မရဘူးဆိုရင် ဘာလုပ်လုပ်အောင်မြင်မှာမဟုတ်ဘူး။ ခင်ဗျားတို့သိတဲ့အတိုင်း ဂျပန်အစိုးရကလည်း ၂၀၀၈ နာဂစ်ဖွဲ့စည်းပုံပြုပြင်ဖို့ထက်စာရင် ၂၀၁၀ ရွေးကောက်ပွဲကိုပဲ အမြန်ဆုံးပြီးပြတ်စေချင်တဲ့ဆန္ဒရှိတယ်..”ဟု ပြောဆိုသည်။
ယနေ့ကျင်းပသည့် ၄ ကြိမ်မြောက် အရှေ့အာရှနှင့် လက်တင်အမေရိကားနိုင်ငံများ၏ နိုင်ငံခြားရေးဝန်ကြီးအဆင့်တွေ့ဆုံဆွေးနွေးပွဲသို့ ဘိုဥာဏ်ဝင်းနှင့်အတူ ဂျပန်ရှိ နအဖသံအမတ် ဘိုလှမြင့်လည်း တက်ရောက်ခဲ့သည်။ ညနေ ၄း၃၀ တွင် ရှင်နာဂါဝါရှိ မြန်မာအခွန်ရုံးသို့ ဘိုဥာဏ်ဝင်းနှင့်အဖွဲ့ အခွန်ရုံးမိသားစုများ၏ ဂါရ၀ပြုပွဲ(လက်ဆောင်ပစ္စည်းဆက်သပွဲ)သို့ တက်ရောက်ခဲ့ကြောင်းစုံစမ်းသိရှိရပြီး၊ ကန့်ကွက်ဆန္ဒပြမည့်သူ တစ်ဦးတလေမှမရှိကြပေ။
အဆိုပါကိစ္စဟုတ်-မဟုတ်သိရှိလိုသည့်အတွက် မိုးသောက်ကြယ်အဖွဲ့မှ သတင်းဓါတ်ပုံတာဝန်ခံတစ်ဦးဖြစ်သူ ကိုမင်းညိုဝမ်းမှ ယနေ့နံနက် ၉း၃၀ မှ နေ့လယ် ၁၁း၀၀ နာရီအထိ ယိုဆုယဘူတာအနီးရှိ New Otani Hotel ရှေ့တွင် သွားရောက်စောင့်ကြည့်ခဲ့ရာ ဂျပန်ရဲများပြောဆိုခဲ့သည့် တရုတ်ကိုမုန်းတီးသည့် ဂျပန်လက်ယာအစွန်းရောက်( japan right wing)အဖွဲ့များ ကားကြီးကားငယ်များနှင့်လှည့်လည်ကာ ဆန္ဒြုပခြင်းမျိုးမရှိပေ။ ဘူတာရှေ့တွင် ပတ္တရောင်လည့်ကားတစ်စီးနှင့် ရဲနှစ်ဦးသာရှိပြီး ဟော်တယ်ရှေ့တွင် အစည်းအဝေးအတွက် လုံခြုံရေးချထားသည့် ဂျပန်ကား ၃ စီးသာရှိသည်။
(ဂျပန်နိုင်ငံတွင် တရုတ်လူမျိုး သန်း ၂၀ ကျော်ရှိသည်။ ယိုကိုဟားမားတွင် China Town တည်ထားသည်။ မကြာမှီ တိုကျိုမြို့၊ အိခဲဘုခုရို(Ikebukuro)ရပ်ကွက် အနောက်ဖက်အခြမ်းတွင် Tokyo China Town တည်ထောင်တော့မည်ဖြစ်သည်။ တည်ထောင်ဖို့အတွက်လည်း ခွင့်ပြုချက်ရရှိထားပြီဖြစ်သည်။ တရုတ်ကိုမုန်းတီးသည်ဆိုသည့် ဂျပန်လက်ယာအစွန်းရောက်ဆိုသူများ ကန့်ကွက်ဆန္ဒပြမှုပြုလုပ်သည့်ဆိုသည့် သတင်း သဲ့သဲ့မျှပင်မကြားမိ၊ မတွေ့ရှိသေးပေ။ ဂျပန်လက်ယာအစွန်းရောက်အဖွဲ့ဆိုသည်မှာ ဒုတိယကမ္ဘာစစ်တွင်စစ်ရှုံး၍ လက်နက်ချမှုကိုမကျေနပ်သည့်အဖွဲ့တခုဖြစ်ပြီး စစ်ဝါဒထူထောင်မှုကို တောင်းဆိုလိုလားသည့်သူများဖြစ်သည်။ ၎င်းတို့သုံးစွဲသည့်အလံမှာ စစ်အတွင်းအသုံးပြုခဲ့သည့် အဖြူရောင်ပိတ်စ နေ၀န်းနီအပေါ်တွင် အနီစင်းများချယ်ထားသည့်အလံသာဖြစ်သည်။)
ဂျပန်လက်ယာအစွန်းရောက်( japan right wing)အဖွဲ့များ(နမူနာပုံ-အင်တာနက်မှ)
ဘိုဥာဏ်ဝင်းကို ကန့်ကွက်ဆန္ဒပြဖို့အတွက် နှိုးဆော်ခဲ့သည့် JACအဖွဲ့မှ တာဝန်ခံတစ်ဦးဖြစ်သူ ကိုသန်းဆွေမှ “ဂျပန်မှာ မြန်မာ့ဒီမိုကရေစီအရေးအတွက် လုပ်ဆောင်ပါမယ်ဆိုပြီး ဖွဲ့ထားတဲ့ အဖွဲ့အစည်းပေါင်း ၃၀ ကျော်ရှိတယ်ဗျာ။ ကျနော်တို့JAC ဆိုတာအခုဆိုရင် ၁၇ ဖွဲ့ပဲရှိတော့တယ်။ စတင်ဖွဲ့စည်းစဉ်တုန်းက ဂျပန်မှာရှိသမျှအဖွဲ့အစည်းအားလုံးပါဝင်ခဲ့ကြတယ်။ နောက်တော့ မင်းသားကြီးမလုပ်ရရင် ပတ်မကြီးထိုးဖောက်ချင်တဲ့သူက ခပ်များများဆိုတော့ ငါမချယ်လှယ်ရလို့၊ ငါတို့အဖွဲ့ဦးဆောင်တာမဟုတ်လို့ ငါတို့လုပ်သမျှ သတင်းမီဒီယာတွေမှာ မထင်ပေါ်လို့ဆိုပြီး ခွဲထွက်ကုန်ကြတယ်။ JACမလုပ်ဖြစ်ပေမယ့် ကျန်တဲ့အဖွဲ့အစည်းတွေက လုပ်မလားဆိုတော့ တယောက်မှမလုပ်ကြဘူးဗျ။ အားလုံးက `လူနပ်ချမ်းသာ`လမ်းစဉ်နဲ့ `ထင်သာ မြင်သာ`လှုပ်ရှားမှုပဲကျင့်သုံးနေကြတယ်လေ။ အခုလိုပွဲမျိုးမှာ သွားပြီးဆန္ဒပြကြမယ်ဆိုရင် ဂျပန်ရဲနဲ့ ထိပ်တိုက်တွေ့ကြမယ်။ ပြသနာတက်နိုင်ချေရှိတယ်။ အဲဒီလိုမျိုးဖြစ်လာပြီဆိုရင် `လူနပ်ချမ်းသာ`အဖွဲ့တွေက ကျနော်တို့ကို အပြစ်တင်တဲ့လေသံနဲ့ပြောပြီ။ အဲ-အဆင်ပြေသွားလို့ ဆန္ဒပြခွင့်ရပြီဆိုရင်တော့ အဲဒီ့လူတွေပဲ အရှက်မရှိတဲ့မျက်နှာနဲ့ တိုင်းပြည်အတွက်၊ မြန်မာ့ဒီမိုကရေစီအရေးအတွက် ဘာညာ ဘာညာဆိုပြီး ရှေ့ထွက်`အာ`ကြပြီ။ အဲဒီ့ကျရင် သူတို့ကထိပ်ဆုံးကပဲ။ ဂျပန်ရဲနဲ့ထိပ်တိုက်တွေ့မယ်ဆိုရင်တော့ ရှောင်ကြတယ်။ နောက်ဆုံးကျနော်မြင်တာကတော့ ဒီမှာရှိတဲ့လူတွေဟာ ဂျပန်ရဲနဲ့အဆင်ပြေချင်တဲ့လူတွေကများနေတယ်။ ဂျပန်ရဲငြိုညင်မှာကို ကြောက်ကြတယ်။ ဘာကြောင့်လည်းဆိုတော့ `ထင်သာ မြင်သာ`လှုပ်ရှားမှုလမ်းစဉ်(လမ်းလျှောက်ဆန္ဒခြင်း၊ အထိမ်းအမှတ်နေ့တိုင်း နအဖအခွန်ရုံးရှေ့ကြွေးကြော်ကန့်ကွက်ခြင်း၊ မြန်မာပြည်နိုင်ငံရေးဖြစ်စဉ်ကိုကြည့်ပြီး အခါအားလျော်စွာ statement ထုတ်ခြင်း၊ လှုပ်ရှားမှုပြုလုပ်ခြင်းအစရှိသဖြင့်)တွေလုပ်ရင် ပါမစ် မရမှာစိုးရိမ်ကြတယ်လေ…”ဟု ယခုလိုရှင်းပြသည်။ ဆက်လက်၍ ”အခုဆိုရင် ဂျပန်မှာရှိတဲ့ မြန်မာ့ဒီမိုကရေစီအဖွဲ့အစည်း ၄၀ ရဲ့ရပ်တည်ချက်တွေနဲ့အတူ။ သူတို့ရဲ့သဘောထားတွေ၊ မူဝါဒလမ်းစဉ်တွေကို သိလောက်ပြီလို့ထင်ပါတယ်…”ဟု ပြောဆိုသည်။JACတွင်ပါဝင်သည့် ပလောင်တိုင်းရင်းသားအဖွဲ့ခေါင်းဆောင်ကိုမိုင်ကျော်ဦးကတော့ ”ဒီပွဲဟာ ကျနော်တို့ကို ဂျပန်ရဲက ဆန္ဒပြပွဲမဖြစ်အောင်လှည့်စားလိုက်တဲ့လုပ်ရပ်ပါ။ နောက်ပြီး ဂျပန်အစိုးရသစ်ရဲ့ ပြောင်းလဲလာတဲ့နိုင်ငံခြားရေးရာမူဝါဒလို့ပြောရမလိုပေါ့ဗျာ။ ၂၀၁၀ ရဲ့အစမှာတောင် ဒီလိုခြေလှမ်းမျိုးလှမ်းလာနေပြီဆိုရင် ရှေ့လျှောက် ကျနော်တို့ရဲ့ဆန္ဒပြမှုတွေ၊ တောင်းဆိုမှုတွေကို လိုက်လျောမှာမဟုတ်တော့ဘူး။ တင်းကျပ်လာဖို့ပဲရှိတယ်။ နောက်ပြီး အရေးကြီးတဲ့ ၂၀၁၀ မှာတောင် ကျနော်တို့အချင်းချင်းမညီညွတ်ဘူး၊ တစ်ဦးနဲ့တစ်ဦး၊ တစ်ဖွဲ့နဲ့တစ်ဖွဲ့ ညှိနှိုင်းလုပ်ဆောင်လို့မရဘူးဆိုရင် ဘာလုပ်လုပ်အောင်မြင်မှာမဟုတ်ဘူး။ ခင်ဗျားတို့သိတဲ့အတိုင်း ဂျပန်အစိုးရကလည်း ၂၀၀၈ နာဂစ်ဖွဲ့စည်းပုံပြုပြင်ဖို့ထက်စာရင် ၂၀၁၀ ရွေးကောက်ပွဲကိုပဲ အမြန်ဆုံးပြီးပြတ်စေချင်တဲ့ဆန္ဒရှိတယ်..”ဟု ပြောဆိုသည်။
ယနေ့ကျင်းပသည့် ၄ ကြိမ်မြောက် အရှေ့အာရှနှင့် လက်တင်အမေရိကားနိုင်ငံများ၏ နိုင်ငံခြားရေးဝန်ကြီးအဆင့်တွေ့ဆုံဆွေးနွေးပွဲသို့ ဘိုဥာဏ်ဝင်းနှင့်အတူ ဂျပန်ရှိ နအဖသံအမတ် ဘိုလှမြင့်လည်း တက်ရောက်ခဲ့သည်။ ညနေ ၄း၃၀ တွင် ရှင်နာဂါဝါရှိ မြန်မာအခွန်ရုံးသို့ ဘိုဥာဏ်ဝင်းနှင့်အဖွဲ့ အခွန်ရုံးမိသားစုများ၏ ဂါရ၀ပြုပွဲ(လက်ဆောင်ပစ္စည်းဆက်သပွဲ)သို့ တက်ရောက်ခဲ့ကြောင်းစုံစမ်းသိရှိရပြီး၊ ကန့်ကွက်ဆန္ဒပြမည့်သူ တစ်ဦးတလေမှမရှိကြပေ။
5 comments:
မင်းတို့ ဟာက ဟန်ဆောင် ဒီမိုကရေစီအုပ်စုဘဲ မင်းတို့  ထိပ်ဆုံးကလူက ဗကပလေ စုံစမ်း ကြည့်ကြပါအုံး။ အမြဲတမ်း ထိပ်တိုက်လုပ်ဖို့ ဘဲ စဉ်းစား ကြံစည် နေသူတွေနဲ့  ဘယ်သူက လက်တွဲမလဲ ဒါကိုပတ်မကြီး ထိုးဖေါက် ချင်တယ် မပြောနဲ့ ။ ဂျပန်မှာနေရင် ဂျပန်ဥပဒေကို လေးစားလိုက်နာရမယ် ဂျပန်ရဲကို ထိပ်တိုက် ရင်ဆိုင်တယ် ဆိုတာ ဂျပန်ဥပဒေကို ထိပ်တိုက် ရင်ဆိုင် တာဘဲ။
ဂျပန်က တော်လှန်ရေးလုပ်သူများက လွှင့်တင်တဲ့ မီဒီယာတွေ လေ့လာကြည့်ရင် သိပါလိမ့်မယ် အတွေးအခေါ်လမ်းစဉ်က ဗကပ၊ ရပ်တည်နိုင်အောင် ထောက်ပံ့သူ နဲ့ ခိုင်းနေသူတွေက က အနောက်က နဲ့ သူ့ တပည့်တွေ၊ အကောင်အထည် ဖေါ်မည့်သူတွေက ဘာနဲ့ဘဲ နေရနေရ ဂျပန်မှာ နေလိုသူတွေ၊ ခေါင်းဆောင် လုပ်နေသူတွေက ဂျပန်ကရဲ ကိုတောင် ထိပ်တိုက် ရင်ဆိုင်လိုနေသူတွေ နဲ့ အင်း ….
ဟတိုရာမက မြန်မာ့ ဒီမိုကရေစီရေး အတွက် ၀န်ကြီးချုပ် မဖြစ်ခင်ကထဲက အများကြီး အကူအညီ ပေးခဲ့တာဘဲ အခုအချိန်မှာ ၀န်ကြီးချုပ် ဖြစ်လာပြီလေ သူ့ နိုင်ငံ အကျိုး စီးပွားဘဲ ကြည့်မှာပေါ့။ မြန်မာနိုင်ငံကို အမေရိကန် ဆီနိတ်တာ သွားကတဲက၊ တရုတ်ကို မြန်မာက ဂက်စ်ရောင်းပြီး၊ ပိုက်လိုင်းသွယ်ခွင့် ပေးကထဲက၊ တရုတ်နိုင်ငံကို အိုဇာဝါ လူ၆၅၀ ပါတဲ့ စီးပွားရေး အဖွဲ့ ကြီးနဲ သွားကတဲက၊ ဂျပန်က အမေရိကန် စစ်စခန်းတွေ ကန်ထုတ်ချင်ကထဲက ဂျပန်က ဟန်ဆောင်ဒီမို တို့  အတွက် နေရာကျဉ်းလာပြီ ဆိုတာ သဘောပေါက်ဖို့  ကောင်းပြီ။ ကိုယ့်အဖွဲ့ အချင်းချင်းလဲ အပြစ်မတင်နဲ့ ၊ ဂျပန်ရဲကိုလဲ အပြစ်မတင်နဲ့ ။ အရာရာမှာ ထိပ်တိုက်ရင်ဆိုင်ရေး လမ်းစဉ် မအောင်မြင်ဘူး ဆိုတာ မေ့မထားနဲ့ ။
ဂျပန်ရဲအား ထပ်တိုက်ရင်ဆိုင် လိုက်သောအခါ
http://picasaweb.google.com/uthanwin2006/JPPolicesViolenceToDemocraticAtVotingInTokyo#
ဂျေအေစီ စဖွဲ့ တော့ (၃၁) ဖွဲ ၊့ ၂၃-၉-၂၀၀၉ မှာ (၁၉) ဖွဲ့  ၊ အခု ဘယ်လောက် ကျန်သေးလဲဗျို့ ။ ဒုက္ခသယ် လျှောက်တဲ့သူ တွေလဲ ပိုက်ဆံတော်တော် ကုန်ရောပေါ့
ဂျပန်က ဟန်ဆောင် ဒီမိုတွေကို သုံးပြီး အမြတ်ထုတ်နေတဲ့ လွှတ်တော်အမတ်တွေ နဲ့  အလုပ်သမား၊ လူ့ အခွင့်အရေး အဖွဲ့ တွေ့  စားပေါက် ပိတ်တော့မဲ့ အလားအလာ မြင်တယ်။
Post a Comment