Saturday, April 5, 2008

ပြည်လုံးကျွတ် ဆန္ဒခံယူပွဲတွင် မဲပုံးတစ်ပုံးသာထားရှိမည်

ဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်းအား ပြည်သူလူထုအနေဖြင့် သဘောတူထောက်ခံခြင်းရှိမရှိကိုကောက်ယူမည့် ပြည်လုံး ကျွတ်ဆန္ဒခံယူပွဲကို လာမည့်မေလတွင်ကျင်းပရာ၌ ဆန္ဒမဲ ပေးသည့် မဲရုံတစ်ရုံတွင် မဲပုံးတစ်ပုံးသာ ထားရှိသွားမည် ဖြစ်သည်ဟု ပြည်လုံးကျွတ်ဆန္ဒခံယူပွဲကျင်းပရေးကော် မရှင်မှ တာဝန်ရှိသူတစ်ဦးက ထုတ်ဖော်ပြော ကြားသည်။ ၎င်း၏ဆက်လက်ပြောဆိုချက်များအရ သက်ဆိုင်ရာနေရာဒေသအသီးသီးရှိ မဲရုံများတွင် မဲပုံး တစ်ပုံးစီသာထားရှိသွားမည်ဖြစ်ပြီး အဆိုပါ တစ်ခုတည်းသော မဲပုံးအတွင်းသို့ပင် ထောက်ခံမဲရော ကန့်ကွက်မဲပါ ထည့်ကြရမည်ဖြစ် သည်ဟုဆိုသည်။ ထိုကဲ့သို့ မဲရုံတစ်ရုံတွင် မဲပုံးတစ်ပုံးသာထားရှိသည့် စနစ်မှာ လက်ရှိတွင် နိုင်ငံတကာ၌အသုံးပြုနေသည့်စနစ်လည်းဖြစ်သည်ဟု ဆိုသည်။

ပြည်လုံးကျွတ်ဆန္ဒခံယူပွဲကို လာမည့်မေလအတွင်းတွင်ကျင်းပရာ၌ လမ်းပန်းဆက်သွယ်မှု ခက်ခဲသည့် ဒေသများအပါအဝင် မြန်မာနိုင်ငံ တစ်ဝှမ်းလုံး၌ မဲရုံပေါင်း သောင်းနှင့်ချီ၍ တည်ထောင်သွားရန်ရှိကာ မဲပေးမှုကို တစ်နေ့တည်းအပြီးပြုလုပ်သွားမည်ဖြစ်သည်ဟု ဆိုသည်။(ဖိုးဝ)

0 comments:

Twitter Delicious Facebook Digg Stumbleupon Favorites More