Tuesday, April 8, 2008

ဗမာပြည်ကွန်မြူနစ်ပါတီတွင်းရှိ ခေတ်ပြိုင်လုပ်ဖော်ကိုင်ဖက်များမှ


ဗမာပြည်ကွန်မြူနစ်ပါတီတွင်းရှိ ခေတ်ပြိုင်လုပ်ဖော်ကိုင်ဖက်များမှ
ကွယ်လွန်သူ လူထုဒေါ်အမာအတွက် ထုတ်ပြန်ကြေညာချက်
ရက်စွဲ ၇၊ ၄၊ ၂၀၀၈

၁။ တိုင်းပြည်ကိုချစ်သူအားလုံး ၀မ်းနည်းကြရမည့် သတင်းတရပ် ယနေ့ပင် ကြားသိလိုက်ကြရသည်။ “ဒေါ်အမာကွယ်လွန်ပြီ” ဆိုသောသတင်း ဖြစ်သည်။ ဒေါ်အမာသည်
နယ်ချဲ့ဆန့်ကျင်ရေးခေတ်သပိတ်မှောက်ကျောင်းသူအဖြစ် ထင်ရှားခဲ့သူ
ထက်မြက်သောကလောင်ရှင်တဦး
ပြည်တွင်းစစ်ကာလတလျှောက်လုံးဆရာကြီးသခင်ကိုယ်တော်မှိုင်းနောက်မှကမ္ဘာ့ငြိမ်းချမ်းရေး၊ ပြည်တွင်းငြိမ်းချမ်းရေးအတွက် စိုက်လိုက်မတ်တတ် စွမ်းစွမ်းတမံ ဆောင်ရွက်သူ
ဘယ်ခေတ်ဘယ်အချိန်မှာဖြစ်စေပြည်သူ့ဝေဒနာကို ဝေမျှခံစားသူ
အသက် ၉၀ ကျော်သော်လည်း အနားမယူ ကဏ္ဍပေါင်းစုံမှ တိုင်းပြည်အကျိုးရှိရာရှိကြောင်း လုပ်ကိုင်ပေးနေသူဖြစ်သည်။

၂။ ကျွန်ုပ်တို့ သတိထားမိသည်မှာ
တိုင်းပြည်ကိုချစ်သူအားလုံးက ဒေါ်အမာကို ချစ်ကြသည်။
တိုင်းပြည်၏ယဉ်ကျေးမှု၊ ဓလေ့ထုံးစံ၊ ရိုးရာအမွေအနှစ်များကို တန်ဖိုးထားကြသူအားလုံးက သူ့ကိုမြတ်နိုးကြသည်။
ဘာသာမရွေး၊ လူမျိုးမရွေး၊ လူတန်းစားမရွေး၊ အသက်အရွယ်မရွေး ပြည်သူအားလုံးက ချစ်ခင်ကြ လေးစားကြခြင်းကိုခံရသည်။
စာပေပညာရှင်များ၊ သတင်းစာဆရာ၊ ကဗျာသမား စာသမားများနဲ့ စာပေချစ်ခင်မြတ်နိုးသူတွေက သူ့ကိုနေရာပေးကြသည်။
သူ့စာတွေဖတ်ပြီး လိမ္မာယဉ်ကျေးလာကြသည်။ သူ့ကို ဦးထိပ်တင်ကြသည်။


၃။ စာပေသမားများက သူ့ကိုပေးထားသောဂုဏ်ထူးဂုဏ်ပုဒ်တွေ များပါသည်။
အနန္ဒကျေးဇူးရှင်၊ မဟာမာတာ၊ လူထု၏ အာသာဝတီ၊
ကမ္ဘာတွင်စံနမူနာပြုလောက်အောင် ပုံပြင်ရေးလောက်အောင် ကြီးမြတ်သူ
ပြည်သူချစ်သောအနုပညာသည်
မြန်မာစာပေလောကရဲ့ဓူဝံကြယ်
ရဲရဲတောက်အမေဟုဖော်ပြကြသည်။

တချို့ကပင်လယ်ကြီးနှင့် ခိုင်းနှိုင်းခဲ့သည်။ ဒီပင်လယ်ပြင်ကြီးမှာ မေတ္တာ၊ သစ္စာ၊ သမာဓိ၊ အတွေးအခေါ်၊ လုပ်စွမ်းရည်စသည်များ စရနယ်ကာ အရည်ပျော်ဝင်နေမှုကို ရည်ညွန်းလိုပုံရပါသည်။

တချို့က အပြောကျယ်တဲ့ ‘ကောင်းကင်’လို့ တင်စားကြသည်။ မြင့်မြတ်မှု၊ တည်တံ့မှု၊ ငြိမ်းချမ်းမှုကို
ပြောလိုကြဟန်ရှိသည်။
သူသည် မကွယ်လွန်မီကပင် ဤကဲ့သို့ပူဇော်ခြင်း ခံရသူ ဖြစ်သည်။ ပူဇော်ထိုက်သူကို ပူဇော်နေကြတာဖြစ်၍ ကျွန်ုပ်တို့မုဒိတာပွားမိကြပါသည်။

၎။ သူနှင့်ပတ်သက်ပြီး ချုပ်လိုက်လျှင်
ကွယ်လွန်သွားကြပြီဖြစ်တဲ့သူနဲ့ခေတ်ပြိုင် လူတွေကလည်း တန်ဖိုးထား လေးစားသွားကြသည်။
သက်ရှိထင်ရှားမျက်မှောက်ခေတ်လူအများကလည်း သူ့လုပ်ဆောင်ချက်များကို ကျေနပ်အားရကြသည်။
အလားတူနှောင်းလူတွေနဲ့ မွေးဖွားလြာုကဦးမည့် မြန်မာနိုင်ငံသူ နိုင်ငံသားများကလည်း မမေ့မပျောက်သင့်သူအဖြစ် ပြန်လည်ဖော်ထုတ်ဂုဏ်ပြုနေကြပါလိမ့်မည်။
လေးစားအပ်သော လူထုမိခင်ကြီး ငြိမ်းချမ်းစွာအနားယူပါလော့။

0 comments:

Twitter Delicious Facebook Digg Stumbleupon Favorites More