Wednesday, April 23, 2008

ဦးဂမ္ဘီရနှင့်မြန်မာသံဃာတော်များ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်ဆုချီးမြှင့်ခံရ

ဧရာဝတီ | ဧပြီ ၂၂၊ ၂၀၀၈



မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့တပ်ပေါင်းစုအဖွဲ့ကြီး၏ ဦးဆောင်ဆရာတော်တပါးဖြစ်သည့် အရှင်ဂမ္ဘီရနှင့် မြန်မာ သံဃာတော်များအား အင်္ဂလန်နိုင်ငံအခြေစိုက် Index on Censorship မဂ္ဂဇင်းက လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ဆုကို ချီးမြှင့်လိုက်ကြောင်းသိရသည်။

ယမန်နှစ်က မြန်မာနိုင်ငံတွင်ပေါ်ပေါက်ခဲ့သော သံဃာတော်များဦးဆောင်သည့် ရွှေဝါရောင် တော်လှန်ရေး သည် လူ့အခွင့်အရေးအဖွဲ့များ အာရုံစိုက်စရာဖြစ်စေခဲ့သလို ဆရာတော်ဦးဂမ္ဘီရသည်လည်း ၎င်းလှုပ်ရှားမှုတွင် အဓိကကျသည့် အခန်းကဏ္ဍတွင်ပါဝင်ခဲ့သည့်ပုဂ္ဂိုလ်ဖြစ်သောကြောင့် ဆုရွေးချယ်ရေးအဖွဲ့က ရွေးချယ်ခဲ့ခြင်း ဖြစ်သည်ဟု ယမန်နေ့ညနေက လန်ဒန်တွင်ပြုလုပ်သည့်ဆုပေးပွဲ၌ု Index on Censorship မဂ္ဂဇင်း၏ တာဝန်ခံကပြောဆိုကြောင်း ဘီဘီစီ မြန်မာပိုင်း အစီအစဉ်က ထုတ်လွှင့်ခဲ့သည်။

အဆိုပါဆုကို လန်ဒန်မြို့ရှိ ဆရာတော် ဦးဥတ္တရနှင့် ဘလော့ဂါ ကိုထိုက်တို့က လက်ခံရယူခဲ့ကြောင်းလည်း သိရသည်။ ဆရာတော် ဦးဂမ္ဘီရသည် ရန်ကုန်တိုင်း ရဟန်းပျိုအဖွဲ့၏ ဦးဆောင်ဆရာတော်တပါးလည်းဖြစ်ပြီး လွန်ခဲ့သည့်နှစ် နိုဝင်ဘာလ အတွင်းက အာဏာပိုင်တို့၏ ဖမ်းဆီးခြင်းကို ခံခဲ့ရသည်။

0 comments:

Twitter Delicious Facebook Digg Stumbleupon Favorites More