Friday, April 4, 2008

ဘရာဇီးသမ္မတ လူလာဘေဂျင်း အိုလံပစ် ဖွင့်ပွဲအခမ်းအနား မတက်ရောက်ဟုဆို


လက်တလောဖြစ်ပွားနေသော တိဘက်ဒေသအရေးကိစ္စတွင် တရုတ်အစိုးရ၏အကြမ်းဖက်နှိမ်နင်းမှုကြောင့် ဘရာဇီးသမ္မတလူးဝစ်လူလာသည် လာမည့်ဩဂုတ်လတွင် ကျင်းပမည့် ၂၀၀၈ ဘေဂျင်းအိုလံပစ်အားကစားပြိုင် ပွဲဖွင့်ပွဲအခမ်းအနားသို့တက်ရောက်မည်မဟုတ်ကြောင်းသမ္မတ၏အကြံပေးအရာရှိတစ်ဦးက ဗုဒ္ဓဟူးနေ့တွင် ထုတ်ဖော် ပြောကြားသည်။
ဘရာဇီး အားကစားအဖွဲ့ကိုမူ အိုလံပစ်ပြိုင်ပွဲသို့ စေလွှတ်
ယှဉ်ပြိုင်ကစားသွားမည်ဟု ၎င်းကဆက်လက်ပြောဆိုသည်။ အလားတူဘေဂျင်းအိုလံပစ် ဖွင့်ပွဲအခမ်းအနားသို့တက်ရောက်မည်မဟုတ် ကြောင်း ထုတ်ဖော်ပြောကြားထားသော ကမ္ဘာတစ်ဝှမ်းမှခေါင်းဆောင်များတွင် ဂျာမန်ဝန်ကြီးချုပ်မာကဲလ်၊ ပြင်သစ်သမ္မတဆာကိုဇီ၊ ဂျပန်ဧကရာဇ်အကီဟီတိုအပါအဝင် အမေရိကန်နှင့် အီးယူနိုင်ငံတစ်ချို့မှခေါင်းဆောင်များလည်းပါဝင်သည်။
တိဗက်အရေးကိစ္စတွင် တရုတ်အစိုးရ၏ပြင်း
ပြင်းထန်ထန်နှိမ်နင်းမှုကြောင့် တိဗက်လူမျိုး ၁၄၀ နီးပါးခန့်သေဆုံးပြီး ၁၀၀၀ ကျော်ဒဏ်ရာရရှိ၍ လူအများအပြားဖမ်းဆီးခံရသည်။(အေအက်ဖ်ပီ/ခေတ်လူငယ်)

0 comments:

Twitter Delicious Facebook Digg Stumbleupon Favorites More