Friday, April 4, 2008

နာဂါးအိခန်းဂျိသူငယ်ချင်း ဓါတ်ပုံပြပွဲပြုလုပ်မည်



ဘုရား၊ တရား၊ သံဃာမသိရှိသော နအဖစစ်အာဏာပိုင်တွေအောက်က ပြည်သူပြည်သားများ၊ ကမ္တာ့ဒေသအနှံ့အပြားမှာရှိကြတဲ့ ဒေသခံတိုင်းရင်းသားများကို အထူးပြုတဲ့အနေဖြင့် မြန်မာ၊ လက်တင်အမေရိကနှင့် သြစတြေးလျားနိုင်ငံများတွင်လှည့်လည်ကာ သတင်းမှတ်တမ်းများဖြင့် ဓာတ်ပုံများကိုရိုက်းကူးတင်ပြနေတဲ့ ဂျပန်သတင်းထောက်တယောက်ဖြစ်တဲ့ အုတာ ယူးဇိုး (Yuzo Uta)ရဲ့ စကားဝိုင်းကို ကျိုတိုမြို့၏ မြို့တော်ခန်းမဆောင်တခုမှာ ၂၀၀၈ခုနှစ်၊ ဧပြီလ ၅ ရက်နေ့၌ ကျင်းပပြုလုပ်မယ်လို့သိရှိရပါတယ်။


‘စစ်အာဏာပိုင်တွေအောက်မှာာ အသက်ရှင်နေထိုင်နေသူများနှင့်ကျနော်တို့‘ ခေါင်းစဉ်ဖြင့် ဓါတ်ပုံ ဆလိုက်ရှိုးပြသပွဲပြုလုပ်မှာဖြစ်ပြီး မြန်မာပြည်ရဲ့ အတိတ်ကဖြစ်ရပ်နှင့် ယခုဖြစ်ပျက်နေတာတွေ၊ ပြည်သူလူထုရဲ့ နေထိုင်စားသောက်နေထိုင်ရတဲ့ဘ၀တွေကို သတင်းမီဒီယာများတွင် ဖော်ပြခဲ့ခြင်းမရှိသေးတဲ့ ၂၀၀၇ ခုနှစ်၊ သံဃာကံဆောင်သပိတ်ရဲ့ အခြေခံဇတ်မြစ်ရဲ့အကြောင်းမှန်၊ နာဂါးအိခန်းဂျိသေဆုံးပြီးနောက်နအဖနှင့်ဂျပန်နိုင်ငံနဲ့ပတ်သက်နေတဲ့အကြောင်းအရင်းများအစရှိသည်တို့ကို ရှင်းလင်းပြောကြားမယ်လို့လည်း သိရပါတယ်။


ဒါ့အပြင် သူကိုယ်တိုင် ၂၀၀၇ ခုနှစ်၊ ဒီဇင်ဘာလက မြန်မာပြည်တွင်းအထဲထိသွားရောက်ပြီး မှတ်တမ်းဓါတ်ပုံများနှင့် သတင်းထောက်လှမ်းရယူခဲ့ရပုံများကိုလည်း ပြောပြမှာဖြစ်ကြောင်းလည်း သိရှိရပါတယ်။


Yuzo Utaဟာ ဂျပန်နိုင်ငံ အိုဆာကာ၊ နာဂိုယာ၊ ကျိုတိုတ၀ိုက်မှာ ထင်ရှားတဲ့ဓါတ်ပုံသတင်းထောက်တဦးဖြစ်ပါတယ်၊ သူဟာ မြန်မာပြည်က နအဖစစ်တပ်ရဲ့ လူမဆန်စွာပြုမှုနေမှုများကို ဂျပန်ပြည်သူများ အလွယ်တကူနှင့် သိသာမြင်လွယ်စေရန် သူတတ်ကျွမ်းတဲ့ ဓါတ်ပုံပညာနှင့် ပုံဖော်လုပ်ဆောင်ပေးနေသူလည်းဖြစ်ပါတယ်။


သူရဲ့အင်တာနက်စာမျက်နှာထဲတွင် လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် မြန်မာပြည်သူတို့ဘ၀အခြေအနေများကို တင်ပြထားသဖြင့် ဓါတ်ပုံများကို တ၀ကြီးရှုစားလိုပါက

http://www.uzo.net/

သို့ သွားရောက်လည်ပတ်၍ လေ့လာကြည့်ရှုနိုင်ပါတယ်။

သတင်းပေးပို့သူ-

မျိုးမြင့်ဆွေ

0 comments:

Twitter Delicious Facebook Digg Stumbleupon Favorites More