၂၀၀၇ ခုနှစ် စက်တင်ဘာလအတွင်းက မြန်မာစစ်အာဏာရှင်တွေကို ငြိမ်းချမ်းစွာ သပိတ်မှောက်ကံဆောင်နေခဲ့သည့် ဘုရားသားတော် ရဟန်းသံဃာတော်များ၏ လှမ်းလျောက်မေတ္တာပို့နေပုံများကို သတင်းမှတ်တမ်းရိုက်ယူခဲ့သည့် ဂျပန်သတင်းထောက် နားဂါးအိခန်းဂျိကို နအဖစစ်တပ်မှ ရက်ရက်စက်စက်ပစ် သတ်ခံလိုက်ရပုံကို လျပ်တပြက်ဓါတ်ပုံရိုက်ယူခဲ့သည့် ပါကစ္စတန်နွယ်ဖွား ရိုက်တာသတင်းထောက် အဒရီစ် လတစ်ဖ်ကို နယူးယောက်မြို့ရှိ ကိုလံဘီယာ တက္ကသိုလ်က ကြားဖြတ်သတင်း ထောက်ဓါတ်ပုံဆိုင်ရာ ပူလစ်ဇာဆုကိုချီးမြှင့်လိုက်ကြောင်း ဧပြီလ ၈ ရက်နေ့က ကြေညာလိုက်ပါတယ်။
ဆူလေဘုရားလမ်းမထိပ်၌ ကင်မရာကိုင်ကာ ခြေကားရား၊ လက်ကားဖြစ်နေသည့် ဂျပန်သတင်းထောက် နာဂါးအိခန်းဂျိကို သက်စွန့်ဆံဖြားပီပီပြင်ပြင်ဓါတ်ပုံရိုက်ယူထားနိုင်သည့် သမိုင်းဝင်ဓါတ်ပုံအတွက် ဆုချီးမြှင့်ခြင်းဖြစ်သည်ဟု ပူလစ်ဇာဆုရွေးချယ်ရေးဘုတ်အဖွဲ့က ကြေညာချက်ထုတ်ပြန်ပြောဆိုပါတယ်။(ရိုက်တာ)
0 comments:
Post a Comment