Tuesday, April 22, 2008

ဒလိုင်းလားမားနှင့် ဟူကျားကို ပဲရစ်မြို့၏ဂုဏ်ထူးဆောင်နိုင်ငံသားပေးအပ်မှုအပေါ် တရုတ်အစိုးရအကြီးဒေါ်ပွနေ



သွေးစွန်းနေသော ပီကင်းအိုလံပစ်မီးရှူးတိုင်ကြီး ပြင်သစ်နိုင်ငံ၊ ပါရီမြို့သို့လှည့်လည်စဉ် အရှက်တကွဲဖြစ်ခဲ့ရရုံသာမက ပြင်သစ်သမတ ကိုယ်တိုင်ကလည်း အိုလံပစ်ဖွင့်ပွဲမတက်ရောက်ဘူးဟု တရားဝင်ပြောဆိုခဲ့မှုကြောင့် တရုတ်နိုင်ငံအတွင်း၌ ပြင်သစ်ဆန့်ကျင်ရေး ဆန္ဒပြမှုများ တိုးတက်ဖြစ်ပေါ်နေစဉ်အတွင်း ပြင်သစ်နိုင်ငံ ပါရီမြို့တော်ကောင်စီအဖွဲ့သည် တိဘက်ခေါင်းဆောင်ဘုန်းတော်ကြီး ဒလိုင်းလားမားအား ဂုဏ်ထူးဆောင် နိုင်ငံသားအဖြစ်ချီးမြှင့်ကြောင်း ဧပြီလ ၂၁ ရက်(တနင်္လာနေ့)က ထုတ်ပြန်ကြေငြာလိုက်ပါတယ်။
ဒလိုင်းလားမားနှင့်အတူ တရုတ်နိုင်ငံတွင် ဖမ်းဆီးအကျဉ်းချခံနေရသော ထင်ရှားသည့် လူ့အခွင့်အရေးခေါင်းဆောင် မစ္စတာဟူကျား (Hu Jia)ကိုလည်း ဂုဏ်ထူးဆောင်နိုင်ငံသားဖြစ်ခွင့် ပေးအပ်လိုက်ပါသေးတယ်။


အခုလိုဂုဏ်ထူးဆောင်နိုင်ငံသားအဖြစ်ပေးအပ်ရခြင်းမှာ လူသားတိုင်း၌ရှိသင့်သော အခြေခံလူ့အခွင့်အရေးလွတ်လပ်ခွင့်နှင့် ရိုးသားစွာအသက်ရှင်နေထိုင်ခွင့်ကိုကာကွယ်သော တိဘက်လူမျိုးများအား ထောက်ခံသည့်အထိမ်းအမှတ်ဖြစ်သည်ဟု ပဲရစ်မြို့တော်ဝန်က ပြောဆိုပါတယ်။


၎င်းကိစ္စနှင့်ပတ်သက်ပြီး တရုတ်အစိုးရက ပြင်သစ်အား အကြီးအကျယ်ဒေါ်သထွက်လျက်ရှိပြီး အခုလိုပြုလုပ်တာဟာ တိဗက်နိုင်ငံတွင်း ဆူပူအကြမ်းဖက်မှုများကိုပိုမိုအားပေးရာရောက်ကြောင်းပြောဆိုပါတယ်။ တရုတ်နိုင်ငံခြားရေးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ဂျင်းယူ(Jiang Yu)ကလည်း နှစ်နိုင်ငံဆက်ဆံရေးပျက်ပြားစေမည့်လုပ်ရပ်များကိုမပြုလုပ်သင့်ကြောင်းနှင့် ဒလိုင်းလားမားနှင့် ဟူကျားကိုပေးအပ် ထားသော ပဲရစ်မြို့၏ဂုဏ်ထူးဆောင်နိုင်ငံသားဆုကို အလျင်အမြန်ပြန်လည်ရုတ်သိမ်းပေးဖို့ statement ထုတ်၍ တောင်းဆိုထား တယ်လို့ အေအက်ပီသတင်းများအရ သိရှိရပါတယ်။

0 comments:

Twitter Delicious Facebook Digg Stumbleupon Favorites More