Monday, April 7, 2008

ဂျိုးဖြူမိခင် ဒေါင်းမိခင်ကွယ်လွန်သွားပြီ


ချစ်သူတို့ သက်တမ်းတိုလှ၏
မုန်းသူတို့ သက်တမ်းရှည်လှ၏
ကြေကွဲ၍မဆုံးပါ...


မိုးမိုး(အင်းလျား)ဆုံးပါးစဉ်အချိန်တုန်းက ကဗျာဆရာတင်မိုးရေးစပ်ခဲ့တဲ့ကဗျာလေးဟာ ယနေ့အချိန် အထိ ကျနော်တို့ရင်ထဲမှာ တခုတ်တရကျန်ရစ်နေဆဲပါ...
အခု ကျနော်တို့အားလုံး ရိုသေချစ်မြတ်နိုးတဲ့ ဆရာစွမ်းစကားငှားသုံးရမယ်ဆိုရင် ဂျိုးဖြူမိခင်၊ ဒေါင်းမိခင် အမေလူထုဒေါ်အမာ(အသက် ၉၃ နှစ်)ဟာ ဧပြီလ ၇ ရက်၊ နံနက် ၈း၃၇ မိနစ်က ကွယ်လွန်သွားတယ်လို့ ၀မ်းနည်းသတင်းကြားရပါတယ်။

ကျနော်တို့မိခင်တွေနဲ့မခြား ရိုသေလေးစားရပါသောအမေရေ..

အမေနဲ့ဝေးနေတဲ့ ပြည်ပကသားတွေအားလုံးကို ကျောသားရင်သားမခွဲခြားပဲ ကြိုးစားဖို့၊ ရိုးသားဖို့၊ နိုးကြားဖို့ ကိုယ့်တိုင်းပြည်ကိုချစ်ဖို့ အထူးသဖြင့် မတရားတဲ့ခေတ်နဲ့စနစ်ချုပ်ငြိမ်းအောင် ညီညီညွတ်ညတ်နဲ့လုပ်ကြဖို့ တဖွဖွမှာတတ်တဲ့ အမေလူထုဒေါ်အမာရေ..

မမြဲသောသင်္ခါရတရားကြီးဟာ အမေအတွက်တော့စောသေးတယ်လို့ ပြောပါရစေဗျာ...

အမေမှာတဲ့စကား၊ အမေပြောတဲ့အသံ၊ အမေဖြစ်စေချင်တဲ့ဆ္ဒတွေပြည့်ဝအောင် သားတို့အားလုံး အာဏာရှင်စနစ်ချုပ်ငြိမ်းဖို့ နောက်ဆုံးထွက်သက်ကျန်တဲ့အထိ တိုက်ပွဲဝင်သွားမှာပါအမေ..

ကျောင်းကျိုးတွေအမြဲပြုလုပ်တဲ့အမေမာ
ကောင်းရာသုဂတိလားမှာသေချာတဲ့အတွက်
ထူးထူးထွေထွေတောင်းဆုမချွေတော့ပဲ
လက်ဆယ်ဖြာထိပ်မှာမိုးပြီး မိုးသောက်ကြယ်စာကြည့်တိုက်အဖွဲ့သားများက ရိုသေစွာ ရှစ်ခိုးဦးချလိုက်ပါတယ်အမေ..

0 comments:

Twitter Delicious Facebook Digg Stumbleupon Favorites More