Monday, April 14, 2008

လူထုဒေါ်အမာဝမ်းနည်းခြင်းအထိမ်းအမှတ် ဂျပန်၌ပြုလုပ်


ကိုသန်းဆွေ(မြေနီကုန်း)မှ ၀မ်းနည်းစကားပြောကြားနေစဉ်(၀ဲ)နှင့် အခမ်းအနားသို့ တက်ရောက်လာကြသူများ(ယာ)

ယခုလ(၇)ရက်နေ့တွင် မန္တလေးမြို့၌ နှလုံးရောဂါဖြင့်ကွယ်လွန်သွားသော စာရေးဆရာ။ သတင်းစာဆရာမကြီး လူထုအဒေါ်အမာအား ၀မ်းနည်းဂုဏ်ပြုခြင်း အမှတ်တရပွဲကို တိုကျိုမြို့၊ တာကာဒါနိုဘာဘာရှိ ရီဆိုင်ကယ်စင်တာတွင် ညနေ(၆)နာရီ၌ကျင်းပခဲ့ကြသည်။
ယင်းအမှတ်တရပွဲကို ဂျပန်ရှိ သစ္စာတော်လှန်ရေးမဂ္ဂဇင်း၊ အာဟာရစာစောင်နှင့် အလင်းအိမ်မဂ္ဂဇင်းတို့မှဦးဆောင်ပြုလုပ်ခြင်းဖြစ်ပြီး၊ ‘ရှင်သန်နေသောအမေ(သို့) မန်တောင်ရိပ်ငို‘ခေါင်းစဉ်ဖြင့်ကျင်းပခဲ့ခြင်းဖြစ်သည်။

အဆိုပါဝမ်းနည်းခြင်းအထိမ်းအမှတ် ဂါရ၀ပြုပွဲသို့ လုထူအဒေါ်အမာကိုချစ်မြတ်နိုးသူ စာဖတ်ပရိတ်သတ်များ၊ ဂျပန်ရောက်မြန်မာ့ ဒီမိုကရေစီအရေးလှုပ်ရှားသူများနှင့် စိတ်ပါဝင်စားသူများတက်ရောက်ခဲ့ကြပြီး ၈၈မျိုးဆက်ကျောင်းသားများ၊ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများသမဂ္ဂနှင့် နိုင်ငံရေးအဖွဲ့အစည်းများမှပေးပို့သော ၀မ်းနည်းကြောင်း သ၀ဏ်လွှာများကို ဖတ်ကြားခဲ့ကြသည်။

လူထုဒေါ်အမာရေးသာထားသော လက်ရာများထဲမှအချို့နှင့် အဒေါ်အမာအတွက်ရေးစပ်ထားသော နံမည်ကျော်စာရေးဆရာများ၏ ဆောင်ပါးများနှင့်ကဗျာများကို အမှတ်တရအဖြစ် ယခုပွဲတွင် ဖတ်ကြားခဲ့ကြကြောင်းသိရသည်။ ကွယ်လွန်သွားခဲ့ပြီးဖြစ်သူ သတင်းစာဆရာကြီးလူထုဦလှနှင့် သားသမီး(၅)ဦးထွန်းကားခဲ့ပြီး ကွယ်လွန်ချိန်တွင် အသက်(၉၃)နှစ်ရှိပြီဖြစ်ကာ ပြည်လူထုထူချစ်မြတ်နိုးသောကြယ်တပွင့်္ဓေကလွင့်သွားခဲ့ခြင်းဖြစ်သည်။

သတင်းရေးသားသူ-သန့်မျိုးထွေး(မိုးသောက်ကြယ်)၊ မှတ်တမ်းဓါတ်ပုံ-(မိုးသောက်ကြယ်)

0 comments:

Twitter Delicious Facebook Digg Stumbleupon Favorites More