Sunday, April 27, 2008

ရန်ကုန်သံဃာများ ဆန္ဒပြရန် ကြိုးစားပြီ


ထောက်ခံမဲ ပေးကြရန် ၀ါဒဖြန့်လက်ကမ်းစာရွက်ကို ခြေနှင့် နင်းပြနေသော မြန်မာလူငယ်တဦး


သံဃာတော်များ စွာပါဝင်သော လူတစ်စုက ရွှေတိဂုံဘုရားတွင် ယနေ့ ၁၂း၃၀ခန့်က လူစုဆန္ဒပြရန် ကြိုးစားသော်လည်း ရွှေတိဂုံဘုရားပေါ် မတက်ရသဖြင့် ရှေ့ဆက်မတိုးနိုင်ဘဲ ဖြစ်ခဲ့ရသည်။

သံဃာများကို ရွှေတိဂုံဘုရားသို့ ၀င်ရောက်ခွင့်မပြုဘဲ ရန်ကုန်ထဲသို့ အခြားဆင်ခြေဖုံးနှင့် နယ်မြို့များမှ ဘုရားဖူးရန်လာရောက်ကြသော သံဃာတော်များကိုလည်း ဘုရားလှေကားအောက်ဖက် တွင်ရှိနေသောလုံထိန်းရဲများနှင့် ဘုရားလုံခြုံရေးယူနီဖောင်းဝတ်စစ်သားများက ဘုရားပေါ် မတက်ရောက်ရန်ပိတ်ပင်တားမြစ်ခဲ့သည်။ မွန်းလွဲ ၁ နာရီခန့်မှစတင် လူစုရန် ကြိုးစားကြသော်လည်း ရဲနှင့်လုံထိန်းများက ဘုရားဖူး လာရောက်ကြသော သံဃာများနှင့်ပြည်သူများများကို စစ်ဆေးမှုများ ပြုလုပ်ခဲ့သဖြင့် လူမစုမိနိုင်ပဲ လူစုကွဲသွားခြင်း ဖြစ်သည်။

ယနေ့ နံနက်ပိုင်းကတည်းက ရန်ကုန်တွင် သံဃာများ လှုပ်ရှားမှု စနေပြီး မြေနီကုန်းတွင် သံဃာများကို ကားပေါ်မှ ဆွဲချကြောင်း သတင်းရသည်။ ထို့နောက် သံဃာများသည် ရွှေတိဂုံစေတီသို့ သတ်မှတ် အစီအစဉ်အတိုင်း စုရုံးလာသောအခါ ရဲနှင့် စစ်သားများက ၀ိုင်းဝန်း ပိတ်ဆို့ခဲ့ခြင်း ဖြစ်သည်။

ဟစ်တိုင်

0 comments:

Twitter Delicious Facebook Digg Stumbleupon Favorites More