လာမည့်မေလတွင်ကျင်းပမည့် နအဖ၏ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ လူထူဆန္ဒခံယူပွဲကို ဂျပန်လွတ် တော် အမတ်များအသင်းမှ အလွှတ်သဘောအနေဖြင့် သွားရောက်လေ့လာမည်ဖြစ်ကြောင်း ဂျပန် လွှတ်တော်အမတ်များအသင်း၏ အထွေအထွေအတွင်းရေးမှူးလည်းဖြစ်၊ အောက်လွှတ်တော်အမတ် လည်းဖြစ်သူ Mr.Masaru Nakagawaက ယနေ့(မတ်လ ၆ ရက်နေ့)တွင်ပြုလုပ်သည့် တိုကျိုမြို့၊ ရှီဘူယအရပ်ရှိ အအိုးယာမတက္ကသိုလ်တွင် မြန်မာဒုက္ခသည်ဆိုင်ရာဆွေးနွေးပွဲတရပ်ပြုလုပ်၍ ပြောကြားလိုက်သည်။
၎င်းတို့အနေဖြင့် သံဃာသပိတ်တော်လှန်ရေးအပြီး လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် ဂျပန် သတင်းထောက် Kanji Nakai Sanအသတ်ခံရမှုကိစ္စနှင့်ပါတ်သတ်၍ မြန်မာနိုင်ငံသို့ သွားရောက်ရန် ကြိုးပမ်းခဲ့သော်လည်း မအောင်မြင်ခဲ့ကြောင်း၊ ထို့ကြောင့် ထိုင်နိုင်ငံမှတဆင့် မြန်မာနယ်စပ်ရှိ ဒုက္ခသည် စခန်းများသို့သာ သွားရောက်လေ့လာခဲ့ရကြောင်း၊ ယခုမေလတွင် ကျင်းပပြုလုပ်မည့် နအဖစစ်အုပ်စု၏ စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို လူထူဆန္ဒခံယူပွဲပြုလုပ်မည်ဖြစ်ရာ ၄င်း တို့ဂျပန်လွတ်တော်အမတ်များအသင်းမှ အလွတ်သဘောအနေဖြင့် သွားရောက်လေ့လာ မည်ဖြစ်ကြောင်း အဆိုပါဆွေးနွေးပွဲတွင် ပြောကြားခဲ့သည်၊
ရွှေဝါရောင်တော်လှန်ရေးအပြီး နယ်စပ်သို့ထွက်ပြေးတိမ်းရှောင်လာသူများနှင့် တိုင်းရင်းသား ဒုက္ခ သည်များကို နိုင်ငံတကာမှခေါ်ယူလျှက်ရှိရာ ဂျပန်နိုင်ငံအနေဖြင့်လည်း နိုင်ငံတကာနည်းတူ ခေါ်ယူရန် ထိုင်းမြန်မာနယ်စပ်သို့ ဂျပန်လွှတ်တော်အမတ်များအသင်းနှင့် ဂျပန်အလုပ်သမားသမဂ္ဂတို့မှ သွားရောက်စစ်ဆေးခဲ့ပြီး ဥပဒေတရပ်ရေးဆွဲပြဌာန်းကာ ခေါ်ယူနိုင်ရန်ကြိုးပမ်းလျှက်ရှိကြောင်း သတင်းရရှိသည်။
သတင်းရေးသားပေးပို့သူ-သန့်မျိုးထွေး(မိုးသောက်ကြယ်)၊ မှတ်တမ်းဓါတ်ပုံ-မင်းညိုဝမ်း(မိုးသောက်ကြယ်)

0 comments:
Post a Comment