This is default featured post 1 title

Aung San Suu Kyi. The Nobel Peace Prize 2012

Wednesday, April 30, 2008

မစိုးရိမ်ဆရာတော်ကြီး ဦးကောဝိဒ သို့(မောင်စွမ်းရည်)

(မောင်စွမ်းရည်၊ ဧပြီ ၂၉၊ ၂၀၀၈၊ ညီမူရာ ခန်းမ၊ သာသနမောဠိ ဌာနချုပ်။)ဆရာတော်ဘုရားကြီးရဲ့ သြ၀ါဒကို အခုလို စာဖွဲ့ပြီး အမှတ်တရ မှတ်သားထားမိပါတယ်။"စစ်သားတွေက သတ်ရဲကြတယ်၊သေမှာကို ကြောက်တတ်လှတယ်။သံဃာတွေက သေရဲကြတယ်၊မသတ်ရဲ သတ်ပွဲရှောင်ကြတယ်။ ။"မစိုးရိမ်ဆရာတော်ကြီး ဦကောဝိဒကို ပူဇော်တဲ့ ပါဠိဂါထာ အသွား၊ ၈ လုံးဘွဲ့ ကဗျာက ဒီလိုပါ။စစ်အာဏာခေတ် ခေတ်ဆိုးခေတ်မှောင်သံဃာကိုသတ် မိုက်ကြထိပ်ခေါင်အမှောင်ခေတ်တွင်း အလင်းရောက်အောင်မေတ္တာပွား တရားအလင်းရောင်။ဦးကောဝိဒ သာသနာ့ဥသျှောင်ကမ္ဘာ့ထိပ်က...

သာသနမောဠိ နာယက မစိုးရိမ်ဆရာတော်ဘုရားကြီး ဘ၀နတ်ထံပျံလွန်တော်မူသွားပြီ

ကိုမင်းကျော်ခိုင်ရေးဆွဲပေးပို့သည့် မစိုးရိမ်ဆရာတော်ဘုရားကြီးsketchesများကိုမျိုး၏လက်ရာ...

မစိုးရိမ် ဆရာတော် ဦးကောဝိဒ ပျံလွန်တော်မူပြီ

နအဖစစ်အစိုးရကိုထောက်ခံရင်ကံကြီးထိုက်မယ်။နိုင်ငံရေးသမားတွေဟန်ဆောင်လေးဖြစ်ဖြစ်ညီညွတ်ကြစမ်းပါလို့ မိန့်မှာစကားဟောကြားခဲ့သော သက်တော် ၈၁ နှစ်ရှိပြီဖြစ်တော် မစိုးရိမ်ဆရာတော်ဦးကောဝိဒဘိဝံသသည် သီတင်းသုံးနေထိုင်ရာ နယူးယောက်မြို့၌ ဧပြီလ ၂၉ ရက်၊ နေ့လယ် ၁ နာရီခွဲခန့်က နှလုံးရောဂါဖြင့် ဘ၀နတ်ထံပျံလွန်တော်မူသွားကြောင်း ၀မ်းနည်းသတင်းကြားသိလိုက်ရပါတ...

Tuesday, April 29, 2008

ဂျပန်နအဖစစ်အခွန်ရုံးမှ တာဝန်ရှိသူတဦးနှင့် မြန်မာနိုင်ငံသားမှန်လျှင် မဲပေးခွင့်ရှိကြောင်းပြောပြနေခြင်း

video ။ ။ မောင်မောင်ထိန် (B.D.A groups)နိုင်ငံတကာရှိ မြန်မာသံရုံးများတွင် အမှုထမ်းနေကြသော သံရုံးအမှုထမ်းအားလုံးသို့သီရိလင်္ကာရောက်မြန်မာကျောင်းသားရဟန်းတော်များအဖွဲ့အနေဖြင့် လေးနက်စွာမေတ္တာရပ်ခံအပ်ပါ သည်။သင်တို့သည် နိုင်ငံရပ်ခြားတိုင်းတပါးတွင် တာဝန်ထမ်းဆောင်နေသူများပီပီ ကမ္ဘာ့အခြေအနေအရပ်ရပ်ကို နားလည်သဘောပေါက်သည်ဟုယုံကြည်ပါသည်။ မည်သူမှန်သည်၊ မှားသည်ဟု မပြောလိုပါ။ လူတိုင်း၏ မွေးရာပါအခွင့်အရေးအရ ကိုယ်ပိုင်ဆုံးဖြတ်ပိုင်ခွင့်ရှိပါသည်။ သို့သော် သင်တို့သည် ပြည်သူတို့၏ ဘဏ္ဍာကို စားသုံးနေကြသည့် ပြည်သူ့ဝန်ထမ်းများဖြစ်ကြသည်ဆိုတာကို မမေ့သင့်ကြပါ။နိုင်ငံတစ်နိုင်ငံတွင် တာဝန်ထမ်းဆောင်ခွင့်ရနေခြင်းသည် မိမိနိုင်ငံသားတို့၏ ကောင်းကျိုးကို ဆောင်ရွက်ဖို့ ဖြစ်ပါသည်။ ပြည်သူကိုဒုက္ခပေးရန်မဟုတ်ပါ။အမှန်မှာ ပြည်သူ့ဝန်ထမ်းသည်...

စင်္ကာပူတွင် မဲပေးခွင့်ရက်တိုးမြှင့်ကြောင်း တရားဝင်စာကပ်ဖိတ်ခေါ်ထား

စင်္ကာပူနိုင်ငံရှိနအဖစစ်အခွန်ရုံးကတော့ ဂျပန်နိုင်ငံကနအဖစစ်အခွန်ရုံးလို ခိုးကြောင်ခိုးဝှက်မလုပ်ပဲ မဲမပေးရ သေးသောစင်္ကာပူနိုင်ငံရောက်မြန်မာများအတွက် မဲပေးရက်ကိုထပ်မံတိုးမြှင့်သတ်မှတ်ပေးလိုက်ကြောင်း အခွန် ရုံးဝင်းတံခါးဝတွင် တရားဝင်စာကပ်ထားတယ်လို့သိရပါတယ်။အခွန်ရုံးဝန်ထမ်းများ၏ပြောဆိုချက်အရ အထက်ကညွန်ကြားသည့်အတိုင်း ဧပြီ ၃၀ ရက်၊ မေ ၁ ရက်နေ့ နှင့် မေ ၂ ရက်နေ့အထိ ဆက်လက်ဖွင့်လှစ်ပေးသွားမည်ဟုရေးသားထားသော ကြေညာစာရွက်ကို စင်္ကာပူရှိ မြန် မာအခွန်ရုံးတံခါးဝမှာ ပုံတွင်မြင်ရသည့်အတိုင်း...

Monday, April 28, 2008

ခိုးကြောင်ခိုးဝှက်နည်းဖြင့် ထောက်ခံဆန္ဒမဲတောင်းယူပွဲ ဂျပန်နအဖစစ်အခွန်ရုံးက ဆက်လက်လုပ်ဆောင်နေ

ဖုန်းဆက်ခေါ်သည့်အတွက် ထောက်ခံမဲပေးဖို့သွားကြရသူများတရားဝင်ကြေညာထားသော ဧပြီလ ၂၆ ရက်(စနေနေ့)နှင့် ၂၇ ရက်(တနင်္ဂနွေနေ့)များတွင် လာရောက်ပြီး ထောက်ခံမဲမပေးရသေးသူများကို ယနေ့(ဧပြီ ၂၈ ရက်)မှစ၍ မေလဆန်းပိုင်းအထိ လာရောက်မဲပေးနိုင်ကြောင်း ဂျပန်နိုင်ငံရှိ နအဖစစ်အခွန်ရုံးက ဖုန်းဆက်အကြောင်းကြားကာ တိုးတိုးတိတ်တိတ်ပြုလုပ်နေပါတယ်။ ဖိတ်စာပို့ပြီး လက်ရွေးစင်ဖိတ်ကြားထားသူ ၂၂၇၄ ဦးရှိပြီး၊ အဆိုပါလူများမှာ မြန်မာနိုင်ငံကူးလက်မှတ်စာအုပ် အစိမ်းကိုင်ဆောင်ထားသူ ပညာတော်သင်နှင့်အလုပ်သင်များအားလုံးနှင့်...

စင်ကာပူရောက် မျိုးချစ်မြန်မာ ၅၀၀၀ ခန့် “နိုး” (ကြက်ခြေခတ်) ပေး

ယနေ့ ၂၇၊ ၀၄၊ ၂၀၀၈-တနင်္ဂနွေနေ့ နံနက် ၉ နာရီခန့်မှ စတင်ကာ စင်္ကာပူရောက် မျိုးချစ်မြန်မာ ၅၀၀၀ ခန့်တို့ဟာ အနာဂတ် အမိမြန်မာနိုင်ငံတော်ကြီး ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး ထွန်းကားစေရန် စစ်အာဏာရှင်တွေရဲ့ မတရားတဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေ မူကြမ်း ဆန္ဒခံယူပွဲကို လက်မခံနိုင်ကြောင်း ပြသသည့်အနေဖြင့် “နိုး” တံဆိပ်ပါ အင်္ကျီနီနဲ့ ဦးထုပ်နီတို့ကို ၀တ်ဆင်ကာ စင်္ကာပူနိုင်ငံ မြန်မာသံရုံးသို့ စည်းကမ်းတကျ သွားရောက်ခဲ့ကြပါတယ်။သံဃာတော်အချို့ကလည်း ကိုယ်တိုင်မဲပေးခွင့် မရှိပေမဲ့ တရားမျှတမှုရှိစေရန်...

Sunday, April 27, 2008

ဂျပန်နအဖစစ်အခွန်ရုံးရှေ့တွင် ဆန္ဒမဲပေးပွဲကျင်းပပြုလုပ်

တရားဝင်နိုင်ငံကူးလက်မှတ်ကိုင်ဆောင်ထားကြသော ဂျပန်နိုင်ငံရောက် မြန်မာနိုင်ငံသားတိုင်းရင်းသားညီအကို မောင်နှမများနှင့် နအဖစစ်အခွန်ရုံးမှဖိတ်စာပေးပြီး ရွေးချယ်ခေါ်ယူထားသော ကျောင်းသားကျောင်းသူများ၊ အ လုပ်သင်ဗီဇာနှင့်ရောက်ရှိနေသူများကပါ မိမိတို့စိတ်တိုင်းကျ လွတ်လပ်စွာဆန္ဒမဲပေးခြင်းကို ယနေ့(ဧပြီလ ၂၇ ရက်၊ တနင်္ဂနွေနေ့)တွင် နံနက် ၉ နာရီမှ နေ့လယ် ၁၂း၃၀ အထိကျင်းပပြုလုပ်ခဲ့ရာ ဂျပန်နိုင်ငံအလုပ် သမားအဖွဲ့အစည်းမှတာဝန်ခံများ၊ နိုင်ငံခြားဘာသာတက္ကသိုလ်မှဆရာမတဦးနှင့် နိုင်ငံတကာ လွတ်ငြိမ်းချမ်း သာခွင့်အဖွဲ့မှ တာဝန်ခံတဦးတို့ကဦးဆောင်ပြီး ပြုလုပ်ပေးခဲ့ပါတယ်။ အခုလိုမပြုလုပ်မီ နအဖအခွန်ရုံးသို့တရားဝင်အကြောင်းကြားကာ ဖိတ်ခေါ်ခဲ့ပြီး၊ တစုံတရာအကြောင်းပြန်ဆိုခြင်း မရှိသဖြင့် ဆန္ဒမဲပေးချင်ကြသော မြန်မာနိုင်ငံသူ/သားများအတွက်...

သီဟိုဠ်ကျွန်းငယ်ပေါ်က လမ်းပြကြယ်

သီရီလင်္ကာရောက် မြန်မာကျောင်းသားရဟန်းတော်များဘလောက်မှ ခရစ်နှစ်သစ် ၂၀၀၈၊ မြန်မာ့နှစ်သစ် ၁၃၇၀-ပြည့်နှစ် စသည်ဖြင့် နှစ်သစ်မင်္ဂလာအသီးသီး ဆင်နွှဲခဲ့ကြတဲ့အတွက် ရဟန်းရှင်လူ ပြည်သူတွေရဲ့ အသက်သွေးတွေနဲ့ စတေးထားရတဲ့ ၁၉၈၈၊ “ဒီမိုကရေစီ အရေးတော်ပုံ” ၂၀၀၇၊ စက်တင်ဘာ “ရွှေဝါရောင် တော်လှန်ရေး” တွေဟာ သွေးများအေးသွားပြီလား.. မေ့များသွားပြီလား-လို့ အတွေး ပွားနေစဉ်…သီရီလင်္ကာရောက် မြန်မာကျောင်းသား ရဟန်းတော်များ အဖွဲ့ရဲ့ အပြည်ပြည်ဆိုင်ရာ သာသနာ့ ဥသျှောင် အဖွဲ့ကြီးရဲ့ ဦးဆောင်မှုနဲ့အတူ...

ရန်ကုန်သံဃာများ ဆန္ဒပြရန် ကြိုးစားပြီ

ထောက်ခံမဲ ပေးကြရန် ၀ါဒဖြန့်လက်ကမ်းစာရွက်ကို ခြေနှင့် နင်းပြနေသော မြန်မာလူငယ်တဦးသံဃာတော်များ စွာပါဝင်သော လူတစ်စုက ရွှေတိဂုံဘုရားတွင် ယနေ့ ၁၂း၃၀ခန့်က လူစုဆန္ဒပြရန် ကြိုးစားသော်လည်း ရွှေတိဂုံဘုရားပေါ် မတက်ရသဖြင့် ရှေ့ဆက်မတိုးနိုင်ဘဲ ဖြစ်ခဲ့ရသည်။သံဃာများကို ရွှေတိဂုံဘုရားသို့ ၀င်ရောက်ခွင့်မပြုဘဲ ရန်ကုန်ထဲသို့ အခြားဆင်ခြေဖုံးနှင့် နယ်မြို့များမှ ဘုရားဖူးရန်လာရောက်ကြသော သံဃာတော်များကိုလည်း ဘုရားလှေကားအောက်ဖက် တွင်ရှိနေသောလုံထိန်းရဲများနှင့် ဘုရားလုံခြုံရေးယူနီဖောင်းဝတ်စစ်သားများက...

မလေးရှားနိုင်ငံရောက်မြန်မာနိုင်ငံသားများကလည်း ‘နိုး‘ပဲတဲ့…

မလေးရှားနိုင်ငံရောက် မြန်မာနိုင်ငံသားများကလည်း နအဖဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်းကို လုံးဝမထောက်ခံကြောင်း ယခုလိုပြသခဲ့ကြတယ်လို့ မောင်ဖုန်းမြင့်ဘလောက်ပိုင်ရှင်က သတင်းမှတ်တမ်းဓါတ်ပုံပေးပို့ပါတယ်။...

Saturday, April 26, 2008

ဂျပန်ရောက် မြန်မာနိုင်ငံသားများရဲ့ ပထမရက်မဲပေးပွဲအခြေအနေ

မြန်မာ့ဒီမိုကရေစီအင်အားစုများနှင့် ဂျပန်ရဲများ အဓိကရုဏ်းဖြစ်ပွားနေပုံကို ကြည့်ရူနိုင်ပါသည်။ အသည်းကောင်းလို့ မဲတောင်းတဲ့ပွဲကို ဂျပန်နိုင်ငံမှာ ယနေ့(ဧပြီလ ၂၆ ရက်၊ စနေနေ့) စတင်ပြုလုပ်ပါတယ်။ ဆန္ဒမဲပေးမယ့် ဂျပန်ရောက်မြန်မာတိုင်းရင်းသားညီအကိုမောင်နှမများဟာ နံနက် ၈ နာရီမထိုးခင်ကတည်းက နအဖစစ်အခွန်ရုံးရှေ့မှာ စည်းကမ်းတကျတန်းစီစောင့်ဆိုင်းပါတယ်။ မြန်မာနိုင်ငံသားစစ်စစ်ဖြစ်ကြောင်း မြန်မာ နိုင်ငံကူးလက်မှတ်များကိုင်ဆောင်ထားကြပြီး တချို့ကလည်းအမျိုးသားမှတ်ပုံတင်ကဒ်များပါကိုင်ဆောင်ထား...

ဂျပန်နိုင်ငံသို့ရောက်ရှိလာသော သွေးစွန်းနေသည့်ပီကင်းအိုလံပစ်မီးရှူးတိုင်၊ စစ်အခွန်ရုံးမဲပေးပွဲနှင့် ဂျပန်ရောက် မြန်မာ့ဒီမိုကရေစီရေးလှုံ့ဆော်နေကြသူများ

မြန်မာနအဖမိစ္ဆာစစ်အုပ်စုနှင့်မခြား တိဗက်ဘုန်းတော်ကြီးများကို အကြမ်းဖက်သတ်ဖြတ်နှိမ်နှင်းမှုကြောင့် ရောက်လေရာနိုင်ငံတိုင်းတွင် ဆန္ဒပြကန့်ကွက်ခြင်းခံနေရသည့် သွေးစွန်းနေသည့်အိုလံပစ်မီးရှူးတိုင်ကြီးဟာ ဂျပန်နိုင်ငံသို့ ယနေ့(ဧပြီလ ၂၅ ရက်)ညနေပိုင်းက ရောက်ရှိလာပြီဖြစ်ပါတယ်။ ဂျပန်ရဲများထူထပ်စွာကာရံထားတဲ့ မီးရှူးတိုင်ကို ဟာနေဒါလေဆိပ်မှတဆင့် နာဂါနိုမြို့သို့ တိုက်ရိုက်သယ် ဆောင်သွားပြီး အင်္ကျီအပြာဝတ် တရုတ်လက်ရွေးစင်လုံခြုံရေးသမားများက ငြိမ်သက်စွာလက်ပိုက်ကြည့်နေရပါ...

Wednesday, April 23, 2008

နအဖရဲ့မဲရုံဆိုတာ(မြန်မာ့အလင်းသတင်းစာမှ)

ဗျို့ မိုးသောက်ကြယ် အယ်ဒီတာမင်း- ဒီကနေ့ မြန်မာ့အလင်း သတင်းစာမှာပါတဲ့ ဟောဒီကာတွန်းက စဉ်းစားစရာတွေ ပါနေသလိုပဲ။ `အဘ မဲပေးမယ်´ ဆိုတဲ့စကားရယ်၊ မဲရုံက အုတ်တံတိုင်းတွေနဲ့ ဖြစ်နေတာရယ်၊ ကျန်တဲ့နေရာတွေ အားလုံး အနက်ရောင် လုပ်ထားတာရယ်… အတွေးပေါက်စရာပါပဲ။ ကြုံတုန်း အယ်ဒီတာကို ဆရာလုပ်လိုက်ဦးမယ်။ ကာတွန်း `ဗကလေး´ ဆိုတာ နှစ်ယောက်ရှိတယ်။ ဦးရွှေရိုးအကကို တီထွင်ခဲ့တဲ့ `ရွှေတလေး´ ခေါ် `ဘကလေး´ ဆိုတာက ဟိုးရှေးခေတ်က။ `ဗကလေး´ ဆိုတာက နောက်ခေတ်။ နောက်ခေတ်ဆိုပေမယ့် ကျုပ်အဖေ...

ဦးဂမ္ဘီရနှင့်မြန်မာသံဃာတော်များ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်ဆုချီးမြှင့်ခံရ

ဧရာဝတီ | ဧပြီ ၂၂၊ ၂၀၀၈မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့တပ်ပေါင်းစုအဖွဲ့ကြီး၏ ဦးဆောင်ဆရာတော်တပါးဖြစ်သည့် အရှင်ဂမ္ဘီရနှင့် မြန်မာ သံဃာတော်များအား အင်္ဂလန်နိုင်ငံအခြေစိုက် Index on Censorship မဂ္ဂဇင်းက လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ဆုကို ချီးမြှင့်လိုက်ကြောင်းသိရသည်။ ယမန်နှစ်က မြန်မာနိုင်ငံတွင်ပေါ်ပေါက်ခဲ့သော သံဃာတော်များဦးဆောင်သည့် ရွှေဝါရောင် တော်လှန်ရေး သည် လူ့အခွင့်အရေးအဖွဲ့များ အာရုံစိုက်စရာဖြစ်စေခဲ့သလို ဆရာတော်ဦးဂမ္ဘီရသည်လည်း ၎င်းလှုပ်ရှားမှုတွင် အဓိကကျသည့်...

Tuesday, April 22, 2008

ဒလိုင်းလားမားနှင့် ဟူကျားကို ပဲရစ်မြို့၏ဂုဏ်ထူးဆောင်နိုင်ငံသားပေးအပ်မှုအပေါ် တရုတ်အစိုးရအကြီးဒေါ်ပွနေ

သွေးစွန်းနေသော ပီကင်းအိုလံပစ်မီးရှူးတိုင်ကြီး ပြင်သစ်နိုင်ငံ၊ ပါရီမြို့သို့လှည့်လည်စဉ် အရှက်တကွဲဖြစ်ခဲ့ရရုံသာမက ပြင်သစ်သမတ ကိုယ်တိုင်ကလည်း အိုလံပစ်ဖွင့်ပွဲမတက်ရောက်ဘူးဟု တရားဝင်ပြောဆိုခဲ့မှုကြောင့် တရုတ်နိုင်ငံအတွင်း၌ ပြင်သစ်ဆန့်ကျင်ရေး ဆန္ဒပြမှုများ တိုးတက်ဖြစ်ပေါ်နေစဉ်အတွင်း ပြင်သစ်နိုင်ငံ ပါရီမြို့တော်ကောင်စီအဖွဲ့သည် တိဘက်ခေါင်းဆောင်ဘုန်းတော်ကြီး ဒလိုင်းလားမားအား ဂုဏ်ထူးဆောင် နိုင်ငံသားအဖြစ်ချီးမြှင့်ကြောင်း ဧပြီလ ၂၁ ရက်(တနင်္လာနေ့)က ထုတ်ပြန်ကြေငြာလိုက်ပါတယ်။ဒလိုင်းလားမားနှင့်အတူ...

Monday, April 21, 2008

Sunday, April 20, 2008

အသည်းကောင်းလို့ မဲတောင်းတဲ့ပွဲ ဂျပန်နိုင်ငံမှာလည်း ပြုလုပ်တော့မည်

နအဖရဲ့ဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်းအတည်ပြုနိုင်ရေးအတွက် ကြိုတင်ဆန္ဒမဲပေးဖို့ကို ဧပြီလ ၂၆ ရက် (စနေနေ့) နှင့် ၂၇ ရက်(တနင်္ဂနွေနေ့)များတွင် နံနက် ၀၈း၃၀ နာရီမှ ညနေ ၁၈း၃၀ နာရီအထိ ၂ ရက်ဆက် တိုက်ပြုလုပ်မှာဖြစ်ပြီး ဂျပန်ရောက်မြန်မာများ တညီတညွတ်ထဲခေါ်ဝေါ်ပြောဆိုနေကြတဲ့ ‘နအဖဆက်ကြေးရုံး‘ မှာ ကျင်းပမှာဖြစ်ပါတယ်။ ဧပြီ ၂၆ ရက်(စနေနေ့)ဟာ သွေးစွန်းနေတဲ့ပီကင်းအိုလံပစ်မီးရှူးတိုင်ကြီးဟာ တိုကျိုမြို့နှင့်မိုင်ပေါင်းထောင်ချီ ဝေးကွာသော နာဂါနိုမြို့မှာ လှည့်လည်မှာဖြစ်ပါတယ်။...

အိုလံပစ်မီးရှူးတိုင်လက်ခံဖို့ငြင်းဆန်ခဲ့တဲ့ဘုရားကျောင်း မှုတ်ဆေးဖြင့်ပျက်ဖြန်းခံရ

Temple sprayed with graffiti after withdrawing from Olympic torch relay(TODAY JAPAN NEWS) Sunday 20th April, 04:17 PM JST NAGANO — Graffiti was found on the main building of the Zenkoji Buddhist Temple in the city of Nagano on Sunday morning after the major temple declined Friday to serve as the starting point of the Japan leg of the Beijing Olympic torch relay, police said. Circles and lines were drawn with white...

တရုတ်လုံခြုံရေးသမားများကိုလက်မခံနိုင်ကြောင်း နာဂါနိုရဲများပြောဆို(JAPAN TODAY NEWS)

ဧပြီလ ၇ ရက်နေ့က ပြင်သစ်နိုင်ငံ၊ ပါရီမြို့တွင် အိုလံပစ်မီးရှူးတိုင်ကို အပြာရောင်ဝတ်စုံအင်္ကျီတူညီဝတ်ဆင် ထားသောတရုတ်များက ၀ိုင်းရံထားပုံ(ဓါတ်ပုံ-အေအက်ပီ)ပီကင်းအိုလံပစ်မီးရှူးတိုင်ကို ကာကွယ်စောင့်ရှောက်ဖို့ဆိုတဲ့အကြောင်းပြချက်နဲ့ တရုတ်အစိုးရမှ လက်ရွေးစင် ရွေးချယ်သတ်မှတ်ပေးထားသော တရုတ်လုံခြုံရေးသမားများကို နာဂါနိုမြို့ရှိ ရဲတပ်ဝင်များက လက်ခံမှာမဟုတ် ကြောင်း ဧပြီလ ၁၉ ရက်(စနေနေ့)က ပြောကြားလိုက်ပါတယ်။ ဒါဇင်နဲ့ချီရှိသော အပြာရောင်ဝတ်စုံအင်္ကျီကိုတူညီဝတ်ဆင်ထားသည့်...

FREE BURMAတီရှပ်ဝတ်ဆင်၍ ဂျပန်အဆိုတော်များ ဖျော်ဖြေပွဲပြုလုပ်

၂၀၀၇ ခုနှစ်၌ မြန်မာပြည်တွင်ဖြစ်ပွားခဲ့သည့် စက်တင်ဘာသံဃာသပိတ်ကို မမေ့ပျောက်စေဖို့ဆိုတဲ့ ရည်ရွယ်ချက်နှင့် ဂျပန်အဆိုတော် Okuda Tamio Sanနှင့် Takaki Sanတို့က ယနေ့(၁၉ ရက်၊ စနေနေ့) ကျင်းပပြုလုပ်သည့် Earth Dayအထိမ်းအမှတ်ပွဲတွင် FREE BURMA တီရှပ်အင်္ကျီဝတ်ဆင်၍ ဖျော်ဖြေခဲ့ကြပါတယ်။ အဆိုပါပွဲကို တိုကျိုမြို့၊ Yoyogiပန်းခြံ၌ပြုလုပ်ခြင်းဖြစ်ပြီး နိုင်ငံတကာမှ NGOအဖွဲ့အစည်းများ၊ ဂျပန်ရှိ ကမ္ဘာ့ပါတ်ဝန်းကျင်ဆိုင်ရာထိန်းသိမ်းရေးနှင့် လူမှုရေးအဖွဲ့အစည်းများမှ ကမ္ဘာကြီးငြိမ်းချမ်းသာယာရေးဆိုသော...

အန်ကယ်စွမ်းရဲ့ အန်ကယ်တင်ရွှေ(မုံရွာတင်ရွှေ)အကြောင်းဆောင်းပါး ဖြည့်စွက်ချက်(ဌေးဇော်-အင်းဝ)

ရှစ်လေးလုံးအရေးတော်ပုံဖြစ်တော့ပါဝင်ခဲ့ပါတယ်။ အန်အယ်လ်ဒီဖွဲ့တော့ အန်တီရဲ့(၁၀)ဦးထဲမှာပါဝင်ခဲ့ပါတယ်။ မန္တလေးတိုင်းမှာ တိုင်းစည်းရုံးရေးမှူးအဖြစ်နဲ့ တာဝန်ပေးအပ်ခြင်းခံခဲ့ရပါတယ်။ (၁၉၉၀) ရှစ်လေးလုံးနှစ်ပတ် လည်မှာ မန္တလေး(၀င်းလိုက်ရုပ်ရှင်ရုံရှေ့)မှာ ဘုန်းကြီးတွေကိုဆွမ်းလောင်းခဲ့လို့ ပစ်ခတ်ဖမ်းဆီးခဲ့စဉ် ထွက်ပြေး တိမ်းရှောင်ခဲ့ရပါတယ်။ နောက်စစ်ကိုင်းချောင်မှာတိမ်းရှောင်ခဲ့ပြီး သတင်းပေါက်ကြားသွားလို့ ကျနော့်အိမ်ကို ရောက်လာပါတယ်။ ဘုန်းကြီးတပါးလိုက်ပို့ပြီးကပ္ပိယလိုလာပါတယ်။...

Saturday, April 19, 2008

ကြက်ခြေခတ်အမေ(ခန်းဒါအောင်လီ)

အမေ သား…အိမ်ပြန်လာဖို့ ယတြာမချေနဲ့ ဗေဒင်မမေးနဲ့ န.အ.ဖပြုတ်ကျမှ ပြန်လာနိုင်မှာဗျ။ စစ်တပ်ရဲ့ ညစ်ပတ်တဲ့ တဖက်သက်ဥပဒေ ‘မေ’မှာအတည်ပြု လူထုကိုကျွန်လုပ် တသက်လုံးအုပ်ချုပ်ကြတော့မယ် အမေ။ အမေရေ- ဆန္ဒခံယူပွဲ ရဲရဲဝံ့ဝံ့သွား ပြတ်ပြတ်သားသားဆုံးဖြတ် အဝေးရောက်သားရဲ့အမှာ ကြက်ခြေခတ်လိုက်စမ်းပါ အမေ။...

သွေးစွန်းနေတဲ့အိုလံပစ်မီးရှူးတိုင် လက်မခံနိုင်ကြောင်း ဂျပန်ဘုရားကျောင်း ပြောဆို

အေအက်ပီဂျပန်နိုင်ငံ နာဂါနိုမြို့ရှိ မဟာယနဗုဒ္ဓဘာသာဘုရားကျောင်းတခုဖြစ်သော ဇန်ကိုဂျီကျောင်းတော်(Zenkoji Temple)သည် တိဗက်ဘုန်းတော်ကြီးများ၏ဆန္ဒပြမှုကို ကရုဏာသက်ထောက်ခံသည့်အနေဖြင့် ပီကင်းအိုလံ ပစ်မီးရှူးတိုင်ကို လက်ဆင့်ကမ်းလက်ခံယူမည့်အစီအစဉ်အားငြင်းဆန်ကြောင်း ဧပြီလ ၁၈ ရက်(သောကြာနေ့) က သတင်းစာရှင်းလင်းပွဲလုပ်ပြီးပြောကြားလိုက်ပါတယ်။ ”ပီကင်းအိုလံပစ်မီးရှုးတိုင်ကို ကျောင်းတော်ကနေလက်ခံဖို့ငြင်းဆန်ရတာကတော့ တရုတ်အစိုးရဟာ တိဗက်ဘုန်းတော်ကြီးတွေကို အကြမ်းဖက်နှိမ်နှင်းသတ်ဖြတ်နေတယ်။...

Friday, April 18, 2008

ဒို့သူငယ်ချင်း၊ ဒို့ခေါင်းဆောင်၊ မုံရွာတင်ရွှေ(မောင်စွမ်းရည်)

မုံရွာတင်ရွှေဆိုတာ အများပေးတဲ့ကလောင်နာမည်ပါ။ ကျနော်တို့က အမည်ရင်းအတိုင်း ‘ကိုတင်ရွှေ‘လို့ဘဲခေါ်ပါတယ်။ သူကလဲကျနော့်ကို နာမည်ရင်းအတိုင်း ‘ကိုဝင်းဖေ‘လို့ပဲ ခေါ်ပါတယ်။ သူကမုံရွာကဆိုပေမယ့် ကျနော်မန်းတက္ကသိုလ်ကိုရောက်တဲ့နှစ်မှာ ရန်ကုန်တက္ကသိုလ်က ပြောင်းလာတာပါ။ ကျနော်က မြင်းခြံက ဆယ်တန်းအောင်လာခဲ့တာပါ။ သူဘယ်ဘာသာ ယူလို့ ဘယ်အတန်းတွေတက်နေမှန်း ခုစာရေးမယ်လို့စဉ်းစားတော့မှ တယောက်နဲ့တယောက် ကျောင်းစာကိစ္စတွေဘာမှမပြောခဲ့ဖူးတာကိုပြန်ပြီးစဉ်းစားမိပါတယ်။ ကျောင်းသားကကျောင်းစာမပြောရင်...

Page 1 of 20712345Next
Twitter Delicious Facebook Digg Stumbleupon Favorites More