Thursday, May 1, 2008

ကျောင်းသူ/သားများကိုခြိမ်းခြောက်အကျပ်ကိုင်ပြီး ထောက်ခံမဲတောင်းခံနေ

မဲဓါးပြတိုက်နေတဲ့ နအဖအခွန်ရုံး

ထောက်ခံမဲများအလုံအလောက်မရရှိသေးသဖြင့် ကျောင်းဗီဇာနှင့်နေထိုင်နေကြသော မြန်မာကျောင်းသား/သူ များကို မေလဆန်းအထိ ထောက်ခံမဲများ မဖြစ်မနေလာပေးရမည်ဟု ရှင်နာဂါဝါရှိ မြန်မာနအဖစစ်အခွန်ရုံးက ခြိမ်းခြောက်အကျပ်ကိုင်ပြောဆိုသောကြောင့် ကျောင်းသူ/သားအများအပြား မဲသွားပေးနေရတာကို ဒီနေ့လည်း စိတ်မကောင်းစွာမြင်တွေ့ နေရပါတယ်။

”ကျနော်တို့ကအကြောင်းအမျိုးမျိုးပြပြီးရှောင်နေတယ်။ အဲဒါကို ကျောင်းအထိလာပြီး ကျောင်းမှာရှိတဲ့ ဆရာ တွေကိုပါ မဲမပေးပေးအောင်အတင်းအကြပ်လာပြောတယ်ဗျာ။ မဲလာမပေးရင် စာအုပ်သက်တမ်းမတိုးပေးဘူး။ ကျောင်းမှာရှိတဲ့ မြန်မာကျောင်းသားတွေအားလုံးကို မဲသွားပေးနိုင်အောင်စီစဉ်ပေးပါလို့ပြောလို့ ဆရာ-ဆရာမ တွေကိုယ်တိုင်က ကျနော်တို့ကို မဲသွားထည့်ခိုင်းတယ်ဗျာ…”ဟု ခါဝါဆာကီမှ ကျောင်းသားတယောက် ကအခုလိုရင်ဖွင့်ပါတယ်။

”အထဲရောက်တော့လည်း သံရုံးမမကြီးက ”မောင်လေးတို့မြန်မာပြည်ပြန်ဦးမှာမဟုတ်လား…။ ဒါဆိုဘာမဲ ပေးရမယ်ဆိုတာနားလည်ပါတယ်နော်…”ဆိုပြီး ဘလိုင်းကြီးပြောတယ်ဗျာ။ ကျနော်တို့က ကန့်ကွက်မဲပေး ချင်ပေမဲ့ ဘယ်လိုမှပေးလို့မရဘူး။ မဲစာရွက်မရခင် နေရပ်လိပ်စာဖြည့်ကတည်းက သံရုံးကလူတွေ တောက် လျှောက်အကြည့်ခံရတာ..၊ မဲထည့်တဲ့အထိဗျာ…။ မဲလာထည့်တဲ့ကျနော်တို့ရဲ့နာမည်နဲ့အတူ သူတို့ဖိတ်စာနံပါတ်နဲ့ပါတွဲပြီးထည့်ရတာဆိုတော့ ကန့်ကွက်မဲထည့်ရင် ဘယ်သူကန့်ကွက်တယ်ဆိုတာ တန်းသိနေတာပေါ့…”အဆိုပါကျောင်းသားလေးက ဆက်လက်ပြောပြပါတယ်။

မဲပေးပြီးရင် ထမင်းကျွေးကြောင်းနှင့် စာအုပ်သက်တမ်းတိုးဖို့အဆင်ပြေအောင်ဆောင်ရွက်ပေးမှာဖြစ်ကြောင်း အခွန်ရုံးဝန်ထမ်းများက ပြောဆိုတယ်လို့လည်း သိရပါတယ်။

မှတ်ချက်-ဓါတ်ပုံမရိုက်ပါနှင့်ဟု ပြောဆိုသောကြောင့် စိတ်မပါဘဲ မဲသွားထည့်နေရသည့် ကျောင်းသား/သူများ၏ ပုံများကိုမသုံးတော့ပဲ မိုးသောက်ကြယ်ဓါတ်ပုံတာဝန်ခံကိုမင်းညိုဝမ်းရိုက်ထားခဲ့သာ ကန့်ကွက်နေသည့်ပုံကိုသာ ဖော်ပြခြင်းဖြစ်ပါသည်။

0 comments:

Twitter Delicious Facebook Digg Stumbleupon Favorites More