Monday, May 5, 2008

မစိုးရိမ်ဆရာတော်ဘုရားကြီးအတွက်ရည်စူး၍ ကွမ်းကပ်တရားနာခြင်းများပြုလုပ်



လွန်ခဲ့သောတပတ်ခန့်က (ဧပြီလ ၂၉ ရက်-အင်္ဂါနေ့က) အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့တွင် သီတင်းသုံးနေထိုင်ရင်း ဘဝ နတ်ထံပျံလွန်တော်မူသွားခဲ့သော မစိုးရိမ်ဆရာတော်ဦးကောဝိဒဘိဝံအတွက်ရည်စူး၍ ကောင်းမှုကုသိုလ်ပြု ဆွမ်းကပ်တရားနာခြင်းများကို ယနေ့(မေလ ၅ ရက်)တွင် ကျင်းပပြုလုပ်ခဲ့ကြပါတယ်၊

ဆရာတော်ဘုရားကြီးကိုကြည်ညိုလေးစားသည့် မိုးသောက်ကြယ်စာကြည့်တိုက်အဖွဲ့သားများနှင့် ဂျပန်နိုင်ငံရောက်မြန်မာနိုင်ငံ သူ/သားများမှစုပေါင်း၍ ကောင်းမှုကုသိုလ်ပြုလုပ်ခဲ့ကြခြင်းဖြစ်ပြီး ပင့်ဖိတ်ထားသည့်ဦးဇင်းက ပရိတ်တရားဒေသနာတော်များ ချီးမြှင့်ပေးပါတယ်။

“ဒီနေ့ပြုလုပ်တဲ့ကောင်းမှုကုသိုလ်ပြုခြင်းဟာ တကာ တကာမတို့အတွက် မွန်မြတ်လှတဲ့ကုသိုလ်ဒါနဖြစ်သလို ဦး ဇင်းတို့အတွက်လည်း အလွန်ကိုအရေးကြီးတဲ့ကိစ္စဖြစ်ပါတယ်။ ဘာကြောင့်လည်းဆိုတော့ ဘဝနတ်ထံပျံလွန်တော် မူသွားခဲ့သော မစိုးရိမ်ဆရာတော်ဘုရားကြီးဦးကောဝိဒဟာ ရဟန်းရှင်လူပြည်သူအပေါင်းတို့ ယုံကြည်ကိုးစား ကြည်ညိုလေးစားခြင်းခံရတဲ့ရဟန္တာတပါးဖြစ်ပါတယ်။ ဒီလိုမျိုး ကျေးဇူးတရားကိုသိတတ်တဲ့ တကာ တကာမတို့ အနေနဲ့လည်း ရတနာသုံးပါးနှင့်တကွ အနန္တောအန္တာနငါးပါးကို မိမိတို့စိတ်သဏ္ဍာန်မှာ အာရုံသွင်းပြီး ကောင်းမှုသီ လဆောက်တည်ကြမယ်ဆိုရင် ကုသိုလ်ပြုလုပ်တဲ့သူတွေရော၊ ပြုလုပ်ပေးခြင်းခံရတဲ့ မစိုးရိမ်ဆရာတော်ဘုရားကြီး ရော၊ ပြုလုပ်ခွင့်ကြုံကြိုက်တဲ့ဦးဇင်းတို့အတွက်ပါ အတိုင်းမသိအောင်ကုသိုလ်ရရှိမှာဖြစ်ပါတယ်…”ဟု မိန့်ကြားပါတယ်။

ဆက်လက်ပြီး “မစိုးရိမ်ဆရာတော်ဘုရားကြီးဟာ ဒုက္ခတိဘုံဆိုတဲ့ အပယ်လားမဲ့ကိန်းလုံးဝမရှိတာသေချာတယ်။ ဘာကြောင့်လည်းဆိုတော့ ဘဝတလျှောက်လုံး အမျိုး ဘာသာ သာသနာအတွက် ကောင်းမှုတွေအများအပြားပြု လုပ်ခဲ့တဲ့ ရဟန္တာာတပါးဖြစ်ပါတယ်။ နောက်ပြီး ဆရာတော်ဘုရားကြီး ဦးဇင်းတို့ကိုဆုံးမခဲ့တဲ့ မှတ်သားစရာ သြဝါဒစကားလေးကတော့ မိမိဘဝမှာ ကောင်းမှုကုသိုလ်တွေပြုလုပ်ခဲ့ပေမယ့် အကုသိုလ်ဆိုက်ပြီး အချုပ်အ နှောင်ခံခဲ့ရလို့ ဘယ်တော့မှစိတ်ဓါတ်မကျမိဘူး။ ဒါဟာ အတိတ်ဘဝ၀ဋ်ကြွေးလို့သဘောထားပြီး သက်ရှိထင်ရှားရှိ နေစဉ်မှာ မိမိရဲ့ရည်ရွယ်ချက်ပန်းတိုင်ရောက်တဲ့အထိ ကောင်းမှုကုသိုလ်တွေကို အောင်မြင်အောင်လုပ်ဆောင်နိုင် ကြဖို့အရေးကြီးတယ်လို့ မိန့်တော်မူခဲ့တယ်။ ဒါကြောင့် ဦးဇင်းတို့အပါအဝင် ဒီနေ့ကောင်းမှုကုသိုလ်ပြုလုပ်တဲ့ မိုး သောက်ကြယ်စာကြည့်တိုက်အဖွဲ့သားတွေအနေနဲ့လည်း ဘယ်သူတွေတရားပျက်ပျက် မိမိမပျက်ပဲ ကိုယ့်ရဲ့ပန်းတိုင် ပြီးမြောက်အောင်မြင်တဲ့အထိ ဆရာတော်ဘုရားကြီးရဲ့ဆုံးမသြဝါဒစကားလေးကို အမြဲနှလုံးသွင်းပြီး ကောင်းမှုကု သိုလ်တွေပြုလုပ်ကြပါလို့ ဦးဇင်းအနေနဲ့စကားလက်ဆောင်ပါးချင်တယ်…”ဟု ဆက်လက်မိန့်တော်မူပါတယ်။

ကောင်းမှုကုသိုလ်ပြုဆွမ်းကပ်တရားနာခြင်းကို မိုးသောက်ကြယ်စာကြည့်တိုက်အဖွဲ့သားများဖြစ်ကြတဲ့ ကိုတင်မောင်ညီနှင့် မအိဖြူ ထွေးတို့မောင်နှမနှစ်ဦးအိမ်တွင်ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်ပြီး တရားဒေသနာတော်ချီးမြှင့်ဟောကြားပေးသည့်ဦးဇင်းကို လှူဖွယ်ဝတ္ထု များဆက်ကပ်လှူတန်းကာ ကြွရောက်လာကြသည့်ဧည့်ပရိတ်သတ်အပေါင်းကိုတော့ မြိတ်ကတ်ကျေးကိုက်နှင့် တည့်ခင်းဧည့်ခံ ကျွေးမွေးခဲ့ကြပါတယ်။

မှတ်တမ်းဓါတ်ပုံ-မင်းညိုဝမ်း(မိုးသောက်ကြယ်)

1 comments:

၇ဟန္တာတပါးလို့ ရေးထားတာတွေ့ ရတယ်။
တရားချီးမြှင့်တဲ့ ဦးဇင်း ရဲ့ အသံ ဖမ်းထားတာရှိရင်
သေချာပြန်နားထောင်ကြည့်စေချင်တယ်။
ဖြစ်နိုင်တာက ရဟန်းတော်တပါးလို့သာ ဖြစ်နိုင်ပါတယ်။
အသံနားထောင်ပြီး သတင်းရေးတဲ့ သူက
နားကြားလွဲကာ ရဟန္တာ လို့ ရေးလိုက်တာ ဖြစ်ဖို့ များတယ်။
ဆရာတော်ဟာ မဂ်လေးပါးရသွားတဲ့ ရဟန္တာတပါးဆိုရင်
မပျံလွန်ခင်ကာလတည်းက ၊ ၀ိပဿနာတရားတွေသာဟောကြားရင်း၊လူနတ်ဗြဟ္မာတွေကြားမှာ
ရဟန္တာ တပါးပွင့်လာပြီလို့ ကျော်ကြားနေရမှာဖြစ်တယ်။
မစိုးရိမ် ဆရာတော်ကြီးဟာ လောကီကောင်းကျိုးပြု
ဆုကြီးပန်ဆရာတော်ဖြစ်ပုံရပါတယ်။

Twitter Delicious Facebook Digg Stumbleupon Favorites More