Saturday, May 10, 2008

ကယ်ဆယ်ရေးလုပ်ငန်းမလုပ်ဘဲ ဆန္ဒခံယူပွဲသာပြုလုပ်နေတဲ့ နအဖကို ဂျပန်အစိုးရပြစ်တင်ဝေဖန်


ဝန်ကြီးများရုံးဝန်ကြီး နောဘုနာကာ မချိမူရ(Chief Cabinet Secretary Nobutaka Machimura)


နားဂစ်ဆိုင်ကလုံးမုန်တိုင်းဒဏ်ကြောင့် သေဆုံးသွားကြတဲ့သူများ၊ အိုးမဲ့အိမ်မဲ့ မိမဲ့ဘမဲ့ စားရမဲ့သောက်ရမဲ့ဘ၀ ရောက်နေကြသော မြန်မာနိုင်ငံသူ/သားများရဲ့အရေးကိစ္စကို ဦးစားပေးမလုပ်ဆောင်ပဲ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံ မူကြမ်းအတည်ပြုနိုင်ဖို့ အတင်းအကျပ်ထောက်ခံဆန္ဒခံယူပွဲကိုသာ သဲကြီးမဲကြီးပြုလုပ်နေတဲ့နအဖစစ်အုပ်ကို ဂျပန်အစိုးရမှ ဝေဖန်ပြစ်တင်စကားပြောဆိုပါတယ်။


အစိုးရပိုင်NHKတီဗွီသတင်းဌာနမှ မြန်မာနိုင်ငံအတွင်းဖြစ်ပေါ်နေသောအခြေအနေများကို နေ့စဉ်ထုတ်လွှင့်ပြသ လျက်ရှိနေပြီး၊ ကူညီပေးဖို့အတွက် အဆင်သင့်ဖြစ်နေသော ဂျပန်အန်ဂျီအိုအဖွဲ့အစည်းများကို တိုကျိုမြို့၊ ရှင်နာ ဂါဝါရပ်ကွက်ရှိ မြန်မာနအဖစစ်အခွန်ရုံးမှ အကြောင်းအမျိုးမျိုးပြကာ ဗီဇာထုတ်ပေးမှုငြင်းဆန်ခံနေရမှုများ ကိုလည်း ထုတ်လွှင့်ပြသနေလျက်ရှိပါတယ်။ ဒါ့အပြင် ဂျပန်နိုင်ငံထုတ်သတင်းစာများတွင်လည်း “မယုံကြည်နိုင် ကောင်းလောက်တဲ့ မြန်မာစစ်အစိုးရ”ဆိုတဲ့ ခေါင်းစည်းစာတမ်းအမည်းများနှင့် မျက်နှာဖုံးသတင်းတွင် ရေးသားဖော်ပြထားကြပါတယ်။

ဝန်ကြီးများရုံးဝန်ကြီး နောဘုနာကာ မချိမူရ(Chief Cabinet Secretary Nobutaka Machimura)က ”မြန်မာစစ်အစိုးရဟာ ကျနော်တို့ဆီက ငွေ($10 million)တောင်းတယ်။ ပေးလိုက်ပြန်ရင်လည်း ထိရောက်တဲ့လုပ်ဆောင်မှုမျိုးမဖြစ်မှာကို ကျနော်တို့အရိမ်းစိုးရိမ်ပါတယ်။ ကျနော်တို့ဆီက Japanese Red Crossတွေအပါအ၀င်၊ nongovernmental organizationsတွေကို ပြည်ဝင်ခွင့် ဗီဇာထုတ်ပေးဖို့ကို အခုအချိန်အထိအကြောင်းမပြန်သေးဘူး။ ဆန္ဒခံယူပွဲထက် ကိုယ်နိုင်ငံသားတွေရဲ့ ဒုက္ခအခက်အခဲပြဿနာကို အရင်ဖြေရှင်းပေးဖို့သင့်တယ်။ သူတို့(နအဖစစ်အုပ်စု) ဘာတွေစဉ်းစားပြီး လုပ်ဆောင်နေသလဲမသိဘူး….”ဟုပြောဆိုလိုက်ပါတယ်။

ဂျပန်ဝန်ကြီးချုပ် ယာဆုအို ဖူကုဒါ(Yasuo Fukuda)ကလည်း အကူအညီပေးမည့်သူများကို လက်ခံဖို့ငြင်းဆန် နေတဲ့မြန်မာနအဖကို ပြစ်တင်စကားပြောဆိုလိုက်ပြီး ဆန္ဒခံယူပွဲပြုလုပ်မယ့်အစား ပြည်သူလူထုရဲ့ဒုက္ခတွေကို လက်တွေ့ကျကျရင်ဆိုင်ဖြေရှင်းပေးဖို့လည်း ပြောဆိုထားပါသေးတယ်။ ဂျပန်လွှတ်တော်အမတ်များကလည်း မြန်မာနိုင်ငံသူ/သားများကိုကူညီဖို့အတွက် အရေးပေါ်ရံပုန်ငွေကောက်ခံကာ ပြည်ဝင်ခွင့်ရမည့် ဂျပန်အန်ဂျီအိုမှ တာဝန်ခံများကို ပေးအပ်သွားမယ်လို့လည်း သိရပါတယ်။

ကိုးကား-Japan Time, Today Japan News, Mainichi Daily New

0 comments:

Twitter Delicious Facebook Digg Stumbleupon Favorites More