အရှိန်ပြင်းဆဲမုန်တိုင်း
(၇.၅.၂၀၀၈) (KY – NBS)
ခုမြန်မာပြည်မှာမုန်တိုင်းကြောင့်သေဆုံးသူဦးရေဟာသိန်းဂဏန်းနီးနေပြီဖြစ်သလိုသေသလားရှင်သလားမသိဘဲ ပျောက်ဆုံးနေတဲ့ သူဦးရေဟာလဲ ၄ သိန်းလောက်ရှိမယ်လို့ခန့်မှန်းရပါတယ်ဒါမြန်မာပြည်သမိုင်းမှာသာမက ကမ္ဘာရဲ့သမိုင်းမှာပါအဆိုးရွားဆုံးဖြစ်ရပ်ပါဘဲကျွန်တော်တို့မိတ်ဆွေတွေစုပေါင်းပြီးပြည်တွင်းမှာဒီကိစ္စကိုကူညီနေကြတဲ့ အဖွဲ့တွေကိုထောက်ပံ့လှုဒါန်းနေပါပြီကိုကျော်သူတို့နာရေးကူညီမှုအသင်းဝင်တွေလဲအလောင်းတွေကိုသဂြိုလ်နေရတာ လက်မလည်အောင်ဖြစ်နေပါပြီ ကိုကျော်သူလဲသူကိုယ်တိုင်တောင် ခေါင်းကိုသံဝိုင်းရိုက်နေရပါတယ်ခင်ဗျာ
ဒီတော့မိတ်ဆွေတို့လဲလက်လှမ်းမီရာကနေတဆင့်ကျွန်တော်တို့ပြည်သူတွေကိုကူညီပြီးအလှုငွေထည့်သွင်းပေးကြပါခင်ဗျာသဒ္ဒါတတ်အား နည်းများမဆိုပေါ့ဗျာကိုယ်တတ်နှိုင်သလောက်လုပ်ပေးကြပါနိုင်ငံတကာကကူမယ်ဆိုတာတောင်ပြည့်ဝလုံလောက်မှုရှိနှိုင်တဲ့ အခြေအနေကိုလွယ်လွယ်နဲ့ ရောက်မှာမဟုတ်တော့ပါဘူးဒီတော့လူကိုယ်တိုင်မသွားနှိုင်တဲ့ မိတ်ဆွေတို့ ငွေအားလေးနဲ့တော့ ကူညီပေးကြပါဗျာ
ရရှိတဲ့ငွေတွေကိုကျွန်တော်တို့အပါတ်စဉ်တောက်လျှောက်ပို့ပေးသွားမှာပါနောက်ဒီငွေတွေက ပြည်သူတွေထဲက တကယ့်လက်ရှိကူညီနေတဲ့ကျွန်တော်တို့မိတ်ဆွေတွေဆီကိုတိုက်ရိုက်ပို့ပေးမှာပါဘယ်နိုင်ငံရေးအဖွဲ့အစည်းကမှ တဆင့်သွားတာမဟုတ်ပါဘူးအစိုးရလက်ထဲလဲမရောက်စေရပါဘူးကျွန်တော်တို့ လုံးဝယုံကြည်စိတ်ချရတဲ့ ဆီ ဥပမာ ကိုကျော်သူတို့ နာရေးကူညီမှုအသင်းလိုမျိုးပေါ့နော် အဲလိုလူတွေဆီပို့မှာပါအခုလို ပြည်ပကကျွန်တော်တို့ အေးချမ်းစွာနေထိုင်နေတဲ့မိနစ်တိုင်းမှာအသက်ပေါင်းများစွာဆုံးရှုံးနေကြပါပြီဗျာ အခုဆိုရေနစ်သေသူတွေသာမက အအေးဒါဏ်နဲ့Infectionနဲ့ရေကနေတဆင့်ဖြစ်လာတဲ့ကူးစက်ရောဂါတွေကြောင့်လဲအများအပြားသေဆုံးနေကြပါပြီ မိတ်ဆွေတို့စားဖို့သောက်ဖို့ လုံလောက်တယ်ဆိုရင်ပိုလျှံတဲ့ငွေလေးအနည်းငယ်ကိုဘဲဖြစ်ဖြစ်ပေါ့နော်ပို့ပေးကြပါဆင်းရဲစွာသေဆုံးသွားကြတဲ့ သေဆုံးလုဆဲဆဲဖြစ်နေတဲ့ မြန်မာတွေအတွက်သတိလေးရပြီး ကူညီပေးကြပါဗျာ
ညနေအိမ်ပြန်ရောက်လို့မိသားစုတွေချစ်သူတွေတပျော်အပါးထမင်းဆုံညီစားကြတိုင်း...စားစရာဘာမှမရှိတဲ့အပြင် ရေသန့်တောင်သောက်စရာမရှိတော့ဘဲဆာလောင်မွတ်သိပ်ရင်းသေဆုံးသွားတဲ့ မြန်မာတွေကိုမြင်ယောင်ပေးပါ
ရေချိုးခါနီး ရေနွေးစပ်ရင်းထိုင်စောင့်နေတဲ့ခနလေးတိုင်း...လပ္ပတ္တာကရွာလေးတွေက ကလေးလေးတွေနဲ့ မိခင်တွေအေးစက်နေတဲ့သစ်ပင်ထက်မြင့်တဲ့ရေလှိုင်းတွေကြားမှာမျောရင်းအအေးနဲ့ပင်ပန်းတာနဲ့ကြောင့်သေဆုံးသွားကြတာကိုမြင်ယောင်ပေးပါ
ညဘက် TV ကြည့်ရင်းချမ်းလို့ Heater လေးဖွင့် စောင်လေးခြုံဖို့ လုပ်တဲ့အခါစိုရွှဲ စုတ်ပြတ်နေတဲ့အဝတ်တစုံနဲ့ အမိုးအကာမရှိဘဲခိုက်ခိုက်တုန်ရင်းသတိမရတရဖြစ်နေတဲ့သူတွေကိုမြင်ယောင်ပေးပါနွေရာသီမို့ပင်လယ်ကမ်းခြေတွေမှာရေသွားကူးကြတဲ့အခါ
ခုပင်လယ်ဝမှာပေါလောပေါ်နေတဲ့ဘယ်သူမှန်းမသိဘဲအမြန်သင်္ဂြီုလ်နေရတဲ့ရာထောင်ချီနေတဲ့အလောင်းတွေကို မြင်ယောင်ပေးပါ မိတ်ဆွေတို့ အပျင်းပြေရုပ်ရှင်သွားကြည့်ကြလို့ ဒေါ်လာ ၁၀ လောက်ကုန်တဲ့အခါတိုင်း
အဲဒိလောက်ငွေလေးရဖို့တစ်ပတ်လုံးဆင်းရဲစွာရှာဖွေရင်းထမင်းတောင်နပ်မမှန်တော့တဲ့ရုပ်ရှင်မဟုတ်တဲ့ဘဝအစစ်တွေကိုမြင်ယောင်ပေးပါ
ကျွန်တော်ပြောချင်တာမိတ်ဆွေတို့နားလည်မှာပါဗျာခုချိန်မှာကိုယ့်တိုင်းပြည်ကိုကိုယ်တိုင်ကယ်တင်ကြရတော့မယ်ဆိုတာလေးတော့ အားလုံးသတိလေးရပြီးလူသားချင်းစာနာတဲ့စိတ်လေးထားပြီးတတ်နှိုင်သမျှကူညီကြပါဗျာအသက်ရှင်ကျန်ရစ်ခဲ့သူတွေ ဆက်လက်ရှင်သန်ရေးသေဆုံးသွားတဲ့သူတွေ ဘဝကူးလေးကောင်းအောင် လူကိုလူလိုသင်္ဂြီုလ်နှိုင်ရေး
ရိက္ခာနဲ့ ဆေးဝါးဖြည့်စီးပေးရေးတွေအတွက် ကျွန်တော်တို့အားလုံး ကူညီကြဖို့လိုနေပါပြီ
ခုကူညီနေကြတဲ့သူတွေကိုလဲကျွန်တော်ဒီတသက်ဘယ်တော့မှမမေ့ပါဘူးဗျာမုန်တိုင်းနာဂစ်(စ်)ကတော့ခနပြန်ငြိမ်သွားပါပြီ
ကျွန်တော့်ရင်ထဲမှာတိုက်နေတဲ့မုန်တိုင်းကတော့ အရှိန်ပြင်းတုန်းဘဲလေ...
ဝမ်းနည်းစွာဖြင့်
မိုးသောက်ကြယ်စာကြည့်တိုက် (ဂျပန်)
အပြည့်အစုံဖတ်ရန်...
Posted in:
0 comments:
Post a Comment