Friday, May 9, 2008

အနောက်နိုင်ငံကယ်ဆယ်ရေးအဖွဲ့များကိုဗီဇာထုတ်မပေးရန်စစ်အစိုးရ အမိန့်ထုတ်ထား (ဆုံဆည်းရာ)

မြန်မာနိုင်ငံ နာဂစ်မုန်တိုင်း ဒုက္ခသည်များအတွက် အကူအညီပေးမည့် နိုင်ငံတကာအဖွဲ့များကို ပြည်ဝင်ခွင့်ဗီဇာ ထုတ်မပေးရန်နေပြည်တော်နိုင်ငံခြားရေးဝန်ကြီးဌာနကနိုင်ငံခြားရှိမြန်မာသံရုံးများကိုလျှို့ဝှက်ညွှန်ကြားထားသည်။

နိုင်ငံတကာ ကယ်ဆယ်ရေး အကူအညီပေးမည့် အဖွဲ့များ မြန်မာနိုင်ငံကို ကူညီလိုသည်ဆိုပါက မြန်မာနိုင်ငံတွင် ကျွမ်းကျင်ပညာရှင်များရှိပြီးဖြစ်၍ငွေနှင့်ပစ္စည်းသာလက်ခံမည်ဖြစ်ပြီးကူညီမည့်နိုင်ငံခြားသားများကို ပြည်ဝင်ခွင့် ဗီဇာထုတ်ပေးရန် မလိုကြောင်း နေပြည်တော် နိုင်ငံခြားရေးဝန်ကြီးဌာနက နိုင်ငံခြားရှိ မြန်မာသံရုံးများကို ယခုကဲ့သို့ လျှို့ဝှက်ညွှန်ကြားထားခြင်း ဖြစ် သည်ဟု နေပြည်တော်အရာရှိတဦးက ပြောသည်။

အမည်မဖော်လိုသည့်နိုင်ငံခြားမှမြန်မာသံရုံးဝန်ထမ်းတဦးကလည်းနိုင်ငံခြားရေးဝန်ကြီးဌာနက အမိန့်ထုတ်ထား သည်မှာ မှန်ကန်ကြောင်း အတည်ပြုပြောသည်။

ထိုင်းနိုင်ငံနှင့် ပတ်သက်သည့် ကယ်ဆယ်ရေး အကူအညီပေးမည့် အဖွဲ့များကိုသာ လက်ခံပြီးပြည်ဝင်ခွင့်ဗီဇာ ထုတ်ပေးရန်နှင့်အထူးသဖြင့်အနောက်နိုင်ငံများမှကယ်ဆယ်ရေးအကူအညီပေးမည့်အဖွဲ့များကိုဗီဇာထုတ်မပေးရန် ညွှန်ကြားထားသည်ဟု စုံစမ်းသိရသည်။
ကိုရဲ - သွေးသစ်

0 comments:

Twitter Delicious Facebook Digg Stumbleupon Favorites More