Sunday, May 11, 2008

နိုင်ငံခြားသားအရေးကိစ္စဆွေးနွေးပွဲတွင်မြန်မာပြည်အကြောင်းထည့်သွင်းပြောကြား



တိုကျို၊ မေ(၁၁)

ဂျပန်နိုင်ငံရောက် နိုင်ငံခြားသားများအပေါ် ဂျပန်လူမှုပါတ်ဝန်းကျင်အသိုင်းအဝိုင်းတွင် ခွဲခြားဆက်ဆံမှုခံရခြင်း နှင့် ဂျပန်နိုင်ငံရောက်နိုင်ငံခြားသားဒုက္ခသည်(Refugee)လျှောက်ထားသူများအပေါ် ဂျပန်လဝကမှတင်းကျပ် သောဥပဒေများဖြင့် ထိမ်းချုပ်နှိပ်ကွပ်နေခြင်းအပေါ် ဂျပန်နိုင်ငံရှိအန်ဂျီအိုအဖွဲ့အစည်းများ၊ အလုပ်သမားအဖွဲ့အ စည်းများနှင့် လူမှုရေးအဖွဲ့အစည်းများမှစုပေါင်း၍ ယိုကိုဟားမားခရိုင်၊ ဆာကုရဂိချောမြို့ရှိ ''ယိုကိုဟားမား ကရိုးအိကုကိုင်းအိကန်း'' ခန်းမတွင် ပြုလုပ်ခဲ့သည်။

ယင်းလှုပ်ရှားမှုတွင် အလုပ်သမားများအပေါ် အလုပ်ရှင်များမှ ဖိနှိပ်ဆက်ဆံခြင်း၊ မတရားခိုင်းစေနေမှုများကို ဆန့်ကျင်နေသည့်လှုပ်ရှားမှုများအကြောင်းကို ဆွေနွေးတင်ပြကြပြီး၊ တာနာကာခိမိကိုစံဦးဆောင်သည့် ''လဝက ပြသနာများဝိုင်းဝန်းစဉ်းသားအဖြေရှာဆွေးနွေးဆောင်ရွက်ပေးနေသည့်အဖွဲ့''ဟု မြန်မာလိုအဓိပ္ပါယ်ရသည့် Ushiku Nyukan Syuyojo no Mondai wo Kangaerukaiမှ ဂျပန်နိုင်ငံတွင်လာရောက်ခိုလှုံကြသည့် နိုင်ငံခြားသားဒုက္ခသည်များထဲမှအချို့ကိုမိတ်ဆက်ပေးခဲ့သည်။ ၄င်းတို့ထဲမှ အီရတ်လူမျိုးတစ်ဦးနှင့် မြန်မာနိုင်ငံ သားခန်းဒါအောင်လီတို့မှ မိမိတို့နေရပ်တိုင်ပြည်များ၏ ဆိုးဝါးလှသောအခြေအနေများကို ရှင်းလင်းဆွေးနွေး တင်ပြခဲ့ကြသည်။

''မြန်မာစစ်အစိုးရဟာ နာဂစ်မုန်တိုင်းကြီးလာမှာကို တစ်ပါတ်အလိုကတည်းက ကြိုသိထားပေမဲ့ မေလ (၁ဝ)ရက်နေ့မှာလုပ်မဲ့ အတင်းအကျပ်ဆန္ဒခံယူပွဲကိုအပျက်မခံချင်လို့ ပြည်သူတွေကိုထိထိရောက် ရောက်မကြေငြာခဲ့ဘူး။ ဒါ့ကြောင့် မသေသင့်ဘဲ ပြည်သူ(၁)သိန်းကျော် သေကြေပျက်စီးသွားခဲ့ရ တယ်။ သူတို့လေတပ်ကိုကျတော့ မင်္ဂလာဒုံကနေ မန္တလေးကိုကြိုပြီးပြောင်းရွေ့ထားတယ်။ ဒါ့ကြောင့် သူတို့အတွက်ဘဲစဉ်းစားတယ်....။
အခုမုန်တိုင်းကြောင့်
ဒုက္ခရောက်နေတဲ့ပြည်သူတွေရဲ့လည်ပင်းကိုဆက်ညှစ်တယ်။ မခြောက်သေးတဲ့ မျက်ရည်တွေနဲ့ အတင်းအကျပ်ဆန္ဒမဲပေးကြရတယ်။ ဒါ့ကြောင့် ဒီလိုလုပ်နေတဲ့ မြန်မာစစ်အုပ်စုကို ထောက်ခံအားပေးတာမျိုးမလုပ်ဘဲနဲ့ ဒီမိုကရေစီအရေးအတွက်တိုက်ပွဲဝင်နေကြတဲ့ မြန်မာ့ဒီမိုကရေစီ တော်လှန်ရေးသမားတွေ၊ မြန်မာဒုက္ခသည်တွေကိုကူညီကြပါ။ အားပေးကြပါ...။
နောက်တစ်ခုက နာဂစ်မ
ုန်တိုင်းဒဏ်ကြောင့် ဒုက္ခပင်လယ်ဝေနေတဲ့ မြန်မာပြည်သူတွေကို ကူညီကယ် တင်ပေးကြပါ...''ဟု ခန်းဒါအောင်လီမှ နအဖစစ်အစိုးရကြောင့် ဒုက္ခရောက်နေကြရသည့် မြန်မာပြည်သူများ အတွက် တင်ပြဆွေးနွေးအကူအညီတောင်းခံသွားပြီး ၄င်းမှပင်ဦးဆောင်၍ ဒေါ်အောင်ဆန်းစုကြည်အတွက် ဂုဏ်ပြုရေးစပ်ထားသည့် FREEDOMသီးချင်းဖြင့် စုပေါင်းဂုဏ်ပြုသီဆိုခဲ့ကြသည်။


ယခုအခန်းအနားတွင် မုန်တိုင်းဒဏ်သင့် မြန်မာပြည်သူများအတွက် မြန်မာနိုင်ငံသားဒုက္ခသည်ကူညီစောင့် ရှောက်ရေးအသင်းမှ အလှူငွေကောက်ခံခဲ့ရာ ဂျပန်ယန်း(၃)သိန်းကျော်၊ အိန္ဒိယရူပီ(၂ဝ)၊ ဟောင်ကောင် ဒေါ် လာ(၃ဝ)နှင့် တရုတ်ယွမ်(၁)ရွက်ရရှိပြီး အဆိုပါကောက်ခံရရှိငွေများကို ထိရောက်သောလှူဒါန်းမှုများ ပြုလုပ် သွားမည်ဟု မြန်မာနိုင်ငံသားဒုက္ခသည်များ ကူညီစောင့်ရှောက်ရေးအသင်းမှ တာဝန်ရှိသူတဦးပြောပြချက်အရ သိရသည်။

မှတ်တမ်းဓါတ်ပုံ-မင်းညိုဝမ်း(မိုးသောက်ကြယ်)

Reported By ; Thant Myo Htway (MOE THAUK KYE)

0 comments:

Twitter Delicious Facebook Digg Stumbleupon Favorites More