Wednesday, May 14, 2008

အမေရိကန်ရေတပ်သင်္ဘော(၃)စီးဘင်္ဂလားပင်လယ်အော်တွင်ရောက်ရှိနေ
အမေရိကန် ရေတပ်မတော် အမှတ် (၇)မှ စစ်သင်္ဘောသုံးစီးသည် မြန်မာစစ်အစိုးရက လက်ခံလျှင် ကယ်ဆယ်ရေး ကူညီနိုင်ရန်အတွက် မြန်မာ့ရေကြောင်းပိုင်နက်သို့ ဦးတည်ခုတ်မောင်းလာရာ ဘင်္ဂလားပင်လယ် အော်သို့ ရောက်ရှိနေပြီ ဖြစ်သည်။
ရန်ကုန်တိုင်းလက်လုပ်လက်စားရပ်ကွက်များမှဒုက္ခသည်များကကယ်ဆယ်ရေးပစ္စည်းများ စုဆောင်းဖြန့်ဝေရန် လာသည့် စေတနာရှင်များကို “အမေရိကန်တို့၊ ပြင်သစ်တို့က ကျမတို့ကို ကူညီဖို့လာတာ အစိုးရက လက်မခံဘူးဆို”ဟု မေးကြောင်း အလှူရှင် တဦးက ဟစ်တိုင်သို့ ပြောကြားသည်။ ကျော်သူ၊ ဇာဂနာတို့အပြင် လူမင်း၊ စိုင်းစိုင်းခမ်းလှိုင်နှင့် မင်းသားမင်းသမီးများ၊ အဆိုတော်များပါ ကယ်ဆယ်ရေး လုပ်ငန်းများတွင် ပါဝင်လာနေသည်။ ဆရာဝန် အနုပညာသမား တဦးကလည်း အမည်မခံဘဲ နောက်ကွယ်မှ အားပေးကူညီလျက် ရှိသည်။
(ကိုရဲ - သွေးသစ်)

0 comments:

Twitter Delicious Facebook Digg Stumbleupon Favorites More