Saturday, May 10, 2008

နားဂစ်ဆိုင်ကလုံးမုန်တိုင်းအတွင်းသေဆုံးသွားခဲ့ကြရသော မြန်မာနိုင်ငံသူ/သားများအတွက် သက်ပျောက်ဆွမ်းကပ်လှူ



မေလ ၃ ရက်နှင့် ၄ ရက်နေ့ မြန်မာနိုင်ငံတ၀ှမ်းလုံးသို့ဝင်ရောက်တိုက်ခိုက်ခဲ့သော နားဂစ်အမည်ရှိ ဆိုင်ကလုံး မုန်တိုင်းကြောင့် သေဆုံးသွားခဲ့ကြသော မြန်မာနိုင်ငံသူ/သားများအတွက်ရည်စူး၍ သက်ပျောက်ဆွမ်းကပ်လှူ တန်းခြင်း၊ ပရိတ်တရားတော်များနာယူခြင်း၊ အမျှအတန်းပေးဝေခြင်းတို့ကို ဂျပန်နိုင်ငံရှိ “မိုးသောက်ကြယ်စာ ကြည့်တိုက်အဖွဲ့သားများ”၊ ”မြန်မာနိုင်ငံသားဒုက္ခသည်များကူညီစောင့်ရှောက်ရေးအသင်း(ဂျပန်)”နှင့် ”မြန်မာ တိုင်းရင်းသားညီအကိုမောင်နှမများ”စုပေါင်း၍ တိုကျိုမြို့၊ အိုးစုခရပ်ကွက်ရှိ မြန်မာသံဃာတော်များသီတင်းသုံး နေတော်မူသောအခန်းတွင် ပြုလုပ်ခဲ့ကြပါတယ
်။


နိုင်ငံတကာလွတ်ငြိမ်းချမ်းရေးအဖွဲ့မှ ဂျပန်လူမျိုးတဦးက ၀တ္ထုပစ္စည်းဆက်ကပ်လှူတန်းနေစဉ်


အာရုံဆွမ်းကပ်ခဲ့ကြပြီး ဆရာတော်သံဃာတော်များက ကပ်ကြီး ၃ ပါးအပါအ၀င် ရန်သူမျိုးငါးပါးနှင့် ရင်ဆိုင်ကြုံ တွေ့နေရသော မြန်မာနိုင်ငံသူ/သားအတွက်ရည်စူး၍ `ရတနာသုတ်တော်`နှင့် `မင်္ဂလသုတ်တော်`တရားများ ရွတ်ဆိုချီးမြှင့်ပေးခဲ့ကြပါတယ်။ ကုသိုလ်ပြုတရားနာယူကုန်ကြတဲ့သူများကလည်း လိုက်ပါရွတ်ဆိုခဲ့ကြပြီး၊ နားဂစ် ဆိုင်ကလုံးမုန်တိုင်းအတွင်း သေဆုံးသွားခဲ့ကြတဲ့ မြန်မာနိုင်ငံသူ/သားများ ကောင်းရာမွန်ရာဘုံဘ၀သို့ရောက်ရှိ ရောက်ခံစားနိုင်စေရန်အလို့ငှာ ရေစက်ချအမျှအတန်းများပေးဝေကာ သာဓုအနုမောဒနာ ၃ ကြိမ်ခေါ်ဆိုခဲ့ကြပါ တယ်။ ကြွရောက်လာကြတဲ့ တရားနာပရိသတ်များကိုတော့ မုန်းဟင်းခါးဖြင့်ဧည့်ခံကျွေးမွေးခဲ့ကြပြီး မြန်မာပြည် တွင်းထောက်ပံ့ဖို့အတွက် ငွေကြေးများထည့်ဝင်လှူတန်းခဲ့ကြသလို၊ ဆရာတော်သံဃာတော်များကလည်း နားဂစ်မုန်းတိုင်းကူညီရေးအတွက် ၀တ္ထုပစ္စည်းများကိုပြန်လည်စွန့်ကြဲခဲ့ပါတယ်။

သတင်းဓါတ်ပုံ-မင်းညိုဝမ်း(မိုးသောက်ကြယ်)

0 comments:

Twitter Delicious Facebook Digg Stumbleupon Favorites More