Tuesday, May 20, 2008

အားပေးပုံတူပေမယ့်

ငလျင်ဒဏ်ခံရသော ဒေသများသို့ တရုတ်သမ္မတ ဟူဂျင်တောင်သည် မေ ၁၆ ရက်က ရောက်ရှိခဲ့ပြီး အသက်ရှင်ကျန်ရစ်သူများကို အားပေးစကား ပြောကြားစဉ်။ (စာမျက်နှာ ၁၅)


ဗိုလ်ချုပ်မှူးကြီးသန်းရွှေ လှိုင်သာယာ ကယ်ဆယ်ရေးစခန်းတွင် လေဘေးသင့်ပြည်သူများအား အားပေးစကား ပြောကြားစဉ်။ (စာမျက်နှာ ၉)

ပုံစာတွေက မြန်မာ့အလင်း သတင်းစာမှာ ပါတဲ့အတိုင်း ကောက်နုတ် ဖော်ပြထားတာပါ။

ဟူဂျင်တောင်က ငလျင်လှုပ်ပြီး လေးရက် အကြာမှာ သွားရောက် အားပေးတာ ဖြစ်ပြီး၊ ဗိုလ်သန်းရွှေကတော့ လေဘေးကျပြီး ၁၆ အကြာမှာ သွားရောက်တာ ဖြစ်ပါတယ်။

ပုံမှာ မြင်ရတဲ့အတိုင်း ဟူဂျင်တောင်က စိတ်မကောင်းတဲ့ မျက်နှာနဲ့ ငိုနေသူရဲ့ လက်မောင်းကို ဆုပ်ကိုင်လို့။ သေနတ်ခါးထိုးထားသူ ဗိုလ်ချုပ်မှူးကြီးနဲ့ အပေါင်းပါများကတော့ လက်တကမ်း မမီလောက်တဲ့ အကွာကနေ မျက်ထောင့်တင်းတင်း ခါးရင်းတောင့်တောင့်ကြီးနဲ့ပါ။

မဆန်းသော်လည်း ထူးနေသေးတာက ဒုက္ခရောက်သူတွေက ဗိုလ်ချုပ်တွေကို လက်အုပ်ချီလို့။

ဟုတ်ကဲ့။ ဒုက္ခရောက် ပြည်သူများကို အားပေးတာလို့ မှတ်လိုက်ကြပါကုန်။



0 comments:

Twitter Delicious Facebook Digg Stumbleupon Favorites More