Monday, May 5, 2008

နာဂိုယာသင်္ကြန်ပွဲတွင် နအဖဖွဲ့စည်းပုံကိုမီ;ပုံရှို့



တိုကျို၊ မေ(၄)

နအဖစစ်အုပ်မှတဖက်သက်စိတ်ကြိုက်ရေးဆွဲထားပြီး အတင်းအဓမ္မအတည်ပြုရန်ကြိုးပမ်းနေသော ဖွဲ့စည်းပုံအခြေခံဥပဒေကို ဂျပန်နိုင်ငံနာဂိုယာမြို့၌ပြုလုပ်သော မြန်မာ့ရိုးရာသင်္ကြန်ပွဲတော်တွင် မီးရှို့ခြင်းလှုပ်ရှားမှုတရပ်ပြုလုပ်ခဲ့ကြသည်။

ယမန်နေ့ကပြုလုပ်သည့် (၁၃)ကြိမ်မြောက် မြန်မာ့ရိုးရာအတာသင်္ကြန်ပွဲတော်တွင် ဂျပန်ရှိမြန်မာ့ဒီမို ကရေစီအဖွဲ့ချုပ်ဥက္ကဌဦးလှိုင်အေးမှဦးဆောင်၍ ''သားစဉ်မြေးဆက်စစ်ကျွန်ပြုမည့် နအဖဖွဲ့စည်းအုပ် ချုပ်ပုံ အခြေခံဥပဒေမူကြမ်း အလိုမရှိ''ဟုပြောကြားကာ စာတမ်းပါ စာရွက်အပြာရောင်များကိုမီးရှို့၍ ဆန့်ကျင်ကြောင်းပြသခဲ့ကြပြီး သင်္ကြန်ပွဲတော်ကို ပျော်ရွင်စွာကျင်းပခဲ့ကြသည်။

ယင်းသင်္ကြန်ပွဲကို တာဝန်ခံကျင်းပသူဦးအောင်ကိုကိုဦးမှ ''ကျနော်တို့အနေနဲ့ စစ်အစိုးရဲ့လုပ်ရပ်တွေ ကို လုံးဝလက်မခံနိုင်တော့ဘူး၊ ပြည်သူတွေချောက်ထဲကျမဲ့အရေး၊ တနိုင်ငံလုံးစစ်ကျွန်ဘ၀ရောက် မယ့်အရေးကို လက်မခံနိုင်လို့ဒါမျိုးလုပ်တာပါ၊ တစ်ကမ္ဘာလုံးကမြန်မာတွေသိအောင်လည်း ပြောချင် ပါတယ်'' ဟု မီးရှို့လှုပ်ရှားမှုပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကိုပြောပြသည်။

ဂျပန်လူမျိုး YU HINATANI SANခေါ် ကိုသုတအေးမှ ''စစ်အစိုးရဟာ ပြည်သူတွေကိုနှိပ်စက် တယ်၊ ပြည်သူတွေကိုသတ်တယ်၊ ဒီမှာ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကို မီးရှို့တယ်ဆိုတာ ကျနော် လည်းသဘောတူပါတယ်'' ဟု ၎င်း၏အမြင်ကိုပြောပြသည်။

နာဂိုယာသင်္ကြန်ပွဲတော်သို့ တိုကျိုမှ မြန်မာလူမျိုးများအပါအဝင် လူပေါင်း(၃ဝဝ)ကျော်ပါဝင်ဆင်နွှဲ ခဲ့ကြကာ အငြိမ့်ဖျော်ဖြေခန်းနှင့် ခေတ်ပေါ်တေးဂီတဖျော်ဖြေခန်း၊ သင်္ကြန်ယိမ်းများဖြင့် ဖျော်ဖြေခဲ့ ကြပြီး နအဖစစ်အုပ်စုကို အမှန်တကယ်တွန်းလှန်နိုင်မည့်အားသည် ''ပြည်သူ''ဆိုသည့် People Powerဖြင့် ပြန်လည်တွန်းလှန်ပါက အောင်မြင်နိုင်မည်ဆိုသည့် စာရေးဆရာနှင့် သတင်းစာဆရာ ကြီး လူထုဦးစိန်ဝင်းပြောကြားချက်ကိုကိုးကား၍ ဇတ်လမ်းနှင့်အတွေး၊ ကိုရဲတင့်ရေးသားထားသည့် ''စုပေါင်းအားဖြင့်တွန်းလှန်ကြ'' အမည်ရှိ တစ်ခန်းရပ်ပြဇတ်ဖြင့် ဖျော်ဖြေတင်ဆကခဲ့ကြကြောင်း သတင်းရရှိသည်။

REPORTED BY ;

THANT MYO HTWAY(Moe Thauk Kye)

0 comments:

Twitter Delicious Facebook Digg Stumbleupon Favorites More