Saturday, May 31, 2008

မြန်မာပြည်ကိုကယ်တင်မည့် ရမ်ဘိုကား ဂျပန်မှာလည်းရုံတင်ပြီ



ကမ္ဘာကျော်ဟောလီးဝုဒ်စူပါးစတား ရုပ်ရှင်မင်းသား Silvester Stalloneကိုယ်တိုင်ရိုက်ကူး၊ ထုတ်လုပ်၊ သရုပ် ဆောင်ထားတဲ့ RAMBO 4 ဇတ်ကားကို ဂျပန်နိုင်ငံတဝှမ်းလုံးတွင် မေလ ၂၄ ရက်နေ့ကစ၍ ရုံတင်ပြသနေ ပါပြီ။
ဇာတ်လမ်းအကျဉ်းကတော့ မင်းသားစတားလုံးဟာ ထိုင်းနိုင်ငံတောနက် တွေထဲမှာ မြွေဖမ်းသူတဦးအဖြစ် အလုပ်လုပ်နေစဉ် ခရစ်ယာန်သာသနာပြုအဖွဲ့ကို ကာကွယ်စောင့်ရှောက်ဖို့ငှားရမ်းခံရ ပါတယ်။
အဆိုပါသာသနာပြုအဖွဲ့ဟာ နအဖစစ်တပ်ရဲ့ ရက်စက်ကြမ်းကြုတ်စွာထိုးစစ်ဆင်သတ်ဖြတ်မှုတွေကြောင့် တော နက်ထဲ ထွက်ပြေးပုန်းရှောင်နေတဲ့ ကရင်ဒုက္ခသည်တွေကို ဆေးဝါးနဲ့အစားအစာတွေ ကူညီပေးနေတာဖြစ်ပါ တယ်။ ဒါပေမဲ့ အဆိုပါကယ်ဆယ်ရေးအဖွဲ့ကိုပါ နအဖစစ်တပ်က ဖမ်းဆီးသတ်ဖြတ်တာတွေလုပ်နေတဲ့အတွက် မင်းသားစတားလုံးက သူကိုယ်တိုင်ကယ်ဆယ်ပေးပြီး နအဖစစ်တပ်ကိုခြေမှုန်းသုတ်သင်ထားတဲ့ဇာတ်လမ်းဖြစ် ပါတယ်။
အသက် ၆ဝ ပြည်ပြီဖြစ်တဲ့ ဟောလီး ဝုဒ်စူပါးစတားမင်းသားစတားလုံးဟာ အဆိုပါ RAMBO 4ရိုက်ကူးဖို့အတွက် Soldier of Fortuneမဂ္ဂဇင်းဌာနသို့ ဖုန်းဆက်ပြီး “အခုအချိန် ဒီကမ္ဘာပေါ်မှာ လူလူချင်းအပေါ် လူမဆန်တဲ့အလုပ်ကို အဆိုးဝါးဆုံးဘယ်မှာလုပ်နေသလဲ…?” ဟု မေးမြန်းခဲ့ရာ ‘မြန်မာနိုင်ငံ’ဟုပြန် ဖြေကြောင်း၊ အဲဒီအတွက် သဘာဝလွန်အက်ရှင်ဇာတ်ကားတွေအစား တကယ့်အဖြစ်အပျက်အမှန်ကို ကမ္ဘာသူ/သား များကိုတင်ပြဖို့အတွက် အပင်ပန်းခံရိုက်ကူးခဲ့ခြင်းဖြစ်ကြောင်း၊ မေလ ၈ ရက်နေ့ က တိုကျိုတွင် RAMBO 4 ဇာတ်ကား Press Show ပြုလုပ်စဉ် သတင်းထောက်များ၏မေးမြန်းခဲ့မှုများကို အခုလိုရှင်းလင်းပြောကြားခဲ့ ပါတယ်။
RAMBO 4ကိုကြည့်ရှုခဲ့တဲ့ ဂျပန်ကျောင်းသားတဦးက “မြန်မာနိုင်ငံက နအဖစစ်ဗိုလ်ချုပ်တွေ မကောင်းဘူး ဆိုတာ ကြားပဲကြားဖူးခဲ့တာ။ အခု ဒီကားကိုကြည့်ပြီးတော့မှ တော်တော်ကို လူသားမဆန်တဲ့လုပ်ရပ်တွေကျူးလွန်နေတာကို မြင်တွေ့ခဲ့ရတယ်။ ကြောက်စရာကောင်းလှတယ်…” ဟုပြောဆိုပါတယ်။ RAMBO 4ဇာတ်ကားမပြသမှီ ၁၉၈၈ ခုနှစ်အရေးတော်ပုံအတွင်း အပြစ်မဲ့ကျောင်းသားပြည် သူများ သတ်ဖြတ်ခံခဲ့ရမှုအကြောင်းမှစ၍ မေ ၃၀ ဒီပဲယင်းအကြမ်းဖက်ခံခဲ့ရမှုမှတ်တမ်းအပါအ၀င် ၂၀၀၇ ခုနှစ် သံဃာသပိတ်ကံဆောင်မှုတွင် သံဃာတော်များအား နအဖစစ်တပ်မှ ရက်ရက်စက်စက်ရိုက်နှက်ဖမ်းဆီး နှိပ်စက်နေသည့်မှတ်တမ်းများကိုပါ ဂျပန်ဘာသာဖြင့်ရှင်းလင်းပြောကြား၍ ပြသခဲ့ပါတယ်။
အဆိုပါဇတ်ကားကို ထိုင်းနိုင်ငံ၊ ချင်းမိုင် မြို့မြောက်ပိုင်းမှ ကီလိုမီတာ ၃ဝ ခန့်အကွာရှိ မဲ့တင်မြို့နယ်၊ ကစ်ချန်းရွာတွင် အမေရိကန်ဒေါ်လာ သန်း ၆ဝ ခန့်ကုန် ကျခံကာ ရိုက်ကူးခဲ့ခြင်းဖြစ်ပြီး၊ ရှမ်းပြည် တပ်မတော်(SSA-တောင်ပိုင်း) တပ် မဟာ ၂၄၁ မှာ အရာရှိတဦးအဖြစ် တာ ဝန်ထမ်းဆောင်ခဲ့သည့် ဟန်ရွှေမိန်း(ခ) စိုင်းမန်းအပါအဝင် ရှမ်းအလုပ်သမား ၁ဝဝ ကျော်ခန့်နှင့် မြန်မာ့ဒီမိုကရေစီ ရေးလုပ်ဆောင်နေသူများ ပါဝင်ကူညီ သရုပ်ဆောင်ထားကြပါတယ်။

0 comments:

Twitter Delicious Facebook Digg Stumbleupon Favorites More