Tuesday, May 20, 2008

ဗြိတိသျှစစ်သင်္ဘော မြန်မာရေပိုင်နက်အနီး ရောက်ပြီ

မြစ်ဝကျွန်းပေါ် မုန်တိုင်းဒုက္ခသည်များကို ကူညီနိုင်ရန်အတွက် ဗြိတိသျှစစ်သင်္ဘော HMS Westminster သည် မြန်မာကမ်းရိုးတန်းနှင့် (၁၂) မိုင်အကွာတွင် ရောက်ရှိနေပြီဖြစ်သည်။
မြန်မာဒုက္ခသည်များကို ကူညီခွင့် ရလိမ့်မည်ဟု မျှော်လင့်ကြောင်း ဗြိတိသျှစစ်သင်္ဘော HMS Westminster ရေတပ်ဒု-ဗိုလ်မှူးကြီးKenHoulbergကပြောသည်။ အမေရိကန်စစ်သင်္ဘောနှင့်ပြင်သစ်စစ်သင်္ဘောများမြန်မာရေပိုင်နက်အနီးရောက်ပြီးမကြာခင်ဗြိတိသျှစစ်သင်္ဘော HMSWestminster ကို မြန်မာနိုင်ငံသွားရန် ဗြိတိသျှဝန်ကြီးချုပ် GordonBrownကအမိန့်ပေးခဲ့ခြင်းဖြစ်သည်။

ယခုအခါ ပြင်သစ်စစ်သင်္ဘော Le Mistral က မြန်မာကမ်းရိုးတန်းနှင့် (၁၃) မိုင်ဝေးသည့်နေရာ၌ ရှိနေပြီး USS Essexခေါင်းဆောင်သည့်အမေရိကန်စစ်င်္ဘော(၃)စီးကမြန်မာကမ်းရိုးတန်းနှင့်မိုင်(၆၀)အကွာတွင်ရောက်နေသည်။

ဗြိတိန်နိုင်ငံသည် မကြာခင် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အလှည့်ကျ ဥက္ကဋ္ဌရာထူးကို ရယူ တော့မည် ဖြစ်သည့်အလျောက် လုံခြုံရေးကောင်စီ ဥက္ကဋ္ဌရာထူးကို အသုံးချပြီး မြန်မာစစ်အစိုးရကို နိုင်ငံတကာအကူအညီများ လက်ခံရန် ဖိအားပေးသွားမည်ဟု ဗြိတိသျှဝန်ကြီးချုပ်က ပြောသည်။

(ကိုရဲ - သွေးသစ်)

0 comments:

Twitter Delicious Facebook Digg Stumbleupon Favorites More