This is default featured post 1 title

Aung San Suu Kyi. The Nobel Peace Prize 2012

Saturday, May 31, 2008

ဒီပဲယင်း နိုင်ငံတော်လုပ်ကြံမှု ၅ နှစ်ပြည့် ၀မ်းနည်းခြင်းအခမ်းအနားပြုလုပ်သည့် မှတ်တမ်းဓါတ်ပုံများ(မင်းညိုဝမ်း-မိုးသောက်ကြယ်)

မှတ်တမ်းဓါတ်ပုံများအချို့ကို ဆက်လက်ကြည့်ရှုလိုပါက “အပြည့်အစုံသို့” ဆိုတဲ့စာသားလေးကို ကလစ်နှိပ်လိုက်ပါ...

ဇွန်လထုတ် မိုးသောက်ကြယ်ဂျာနယ်မျက်နှာဖုံး

ယခုလမှစတင်၍ မိုးသောက်ကြယ်ဂျာနယ်ကို ၂ ပတ် ၁ ကြိမ်ဖြန့်ချိထုတ်ဝေသွားမည်ဖြစ်ပါကြောင...

ခြောင်းကြည့်သူရဲ့ အမှား(အမှတ်စဉ် ၄)

စစ်ဗိုလ်ချုပ်တွေ လုပ်သမျှ ပြစ်တင်ရှုတ်ချနေတဲ့ မြန်မာပြည်သားတွေကို ဒီတခါတော့ ကိုကြီးပေါ်က ကောင်းကောင်း ထောင်းပစ်လိုက်ချင်မိတော့တယ်။ မြန်မာဆိုတာ အဲသလိုပဲကွ, ရိုးရာဓလေ့ကို ထိန်းသိမ်းတယ် ဆိုတာ အဲသလိုကွလို့ ပြောပြောပြီးကို ထောင်းပစ်ချင်တာ။ ကြည့်လေ၊ ဗိုလ်ချုပ်မင်းတွေ လုပ်လိုက်ပုံက မြန်မာ့ဆိုရိုးစကားနဲ့ ဘယ်လောက် ညီလိုက်လေသလဲလို့။သူခိုးပြေးမှ ထိုးကွင်းထကြားဖူးတယ် မဟုတ်လား။ ဒီ ဆိုရိုးစကားလေးကို။ သူခိုးပြေးမှ ထိုးကွင်းထ တဲ့။ မေလ ၂ ရက်နဲ့ ၃ ရက်နေ့တွေမှာ နာဂစ်မုန်တိုင်း...

မြန်မာပြည်ကိုကယ်တင်မည့် ရမ်ဘိုကား ဂျပန်မှာလည်းရုံတင်ပြီ

ကမ္ဘာကျော်ဟောလီးဝုဒ်စူပါးစတား ရုပ်ရှင်မင်းသား Silvester Stalloneကိုယ်တိုင်ရိုက်ကူး၊ ထုတ်လုပ်၊ သရုပ် ဆောင်ထားတဲ့ RAMBO 4 ဇတ်ကားကို ဂျပန်နိုင်ငံတဝှမ်းလုံးတွင် မေလ ၂၄ ရက်နေ့ကစ၍ ရုံတင်ပြသနေ ပါပြီ။ဇာတ်လမ်းအကျဉ်းကတော့ မင်းသားစတားလုံးဟာ ထိုင်းနိုင်ငံတောနက် တွေထဲမှာ မြွေဖမ်းသူတဦးအဖြစ် အလုပ်လုပ်နေစဉ် ခရစ်ယာန်သာသနာပြုအဖွဲ့ကို ကာကွယ်စောင့်ရှောက်ဖို့ငှားရမ်းခံရ ပါတယ်။အဆိုပါသာသနာပြုအဖွဲ့ဟာ နအဖစစ်တပ်ရဲ့ ရက်စက်ကြမ်းကြုတ်စွာထိုးစစ်ဆင်သတ်ဖြတ်မှုတွေကြောင့် တော နက်ထဲ...

Sunday, May 25, 2008

ဂျပန်နိုင်ငံ တိုကျိုမြို့ရှိ မြန်မာများ လေဘေးရန်ပုံငွေ ကောက်ခံနေခြင်း

Nadisဆိုင်ကလုန်းကြောင့်ဒုက္ခရောက်နေကြသောမြန်မာနိုင်ငံရှိ လေဘေးဒုက္ခသည်များအတွက် ဂျပန်နိုင်ငံတွင်ရောက်ရှိနေကြသော မြန်မာလူမျိုး (၃၀)ကျော်ခန့် တိုကျိုမြို့၊ roppoki ၊ikebukuroအရပ်ရှိ လမ်းမများပေါ်တွင် စုပေါင်း၍ လေဘေးရံပုံငွေကောက်ခံလျှက်ရှိကြောင်းသိရှိရပါသည်။ - ရံပုံငွေကောက်ခံနေသူတဦးက အခုလိုပြောပြပါသည်။ “ ယခုအချိန်အထိ လေဘေးဒုက္ခသည်များအတွက်ကယ်ဆယ်ရေးပစ္စည်း၊ စားနပ်ရိက္ခာ၊သောက်ရေ၊ဆေးဝါးများ လုံလောက်စွာဘာမှမရောက်ရှိ၍ လေဘေးဒုက္ခသည်များ အသက်ရှင်သန်နိုင်ရေးအတွက် ဒုက္ခကြီးမားစွာရောက်နေကြာင်း၊ အလှူစေတနာရှင်များလည်းမိမိတို့တတ်နိုင်သ၍ ပါဝင်လှူဒါန်းနိုင်ရန် အလှူငွေကောက်ခံနေကြောင်းပြောပြပါသည်။ ဂျပန်သတင်းဌာနမှ ရယူပါသည်။ -...

Tuesday, May 20, 2008

ဘာအကူအညီမှမရဘူး

(ကိုရဲ - သွေးသ...

ဘာအကူအညီမှမရဘူး(ကိုရဲ - သွေးသ...

ဗြိတိသျှစစ်သင်္ဘော မြန်မာရေပိုင်နက်အနီး ရောက်ပြီ မြစ်ဝကျွန်းပေါ် မုန်တိုင်းဒုက္ခသည်များကို ကူညီနိုင်ရန်အတွက် ဗြိတိသျှစစ်သင်္ဘော HMS Westminster သည် မြန်မာကမ်းရိုးတန်းနှင့် (၁၂) မိုင်အကွာတွင် ရောက်ရှိနေပြီဖြစ်သည်။မြန်မာဒုက္ခသည်များကို ကူညီခွင့် ရလိမ့်မည်ဟု မျှော်လင့်ကြောင်း ဗြိတိသျှစစ်သင်္ဘော HMS Westminster ရေတပ်ဒု-ဗိုလ်မှူးကြီးKenHoulbergကပြောသည်။ အမေရိကန်စစ်သင်္ဘောနှင့်ပြင်သစ်စစ်သင်္ဘောများမြန်မာရေပိုင်နက်အနီးရောက်ပြီးမကြာခင်ဗြိတိသျှစစ်သင်္ဘော HMSWestminster ကို မြန်မာနိုင်ငံသွားရန် ဗြိတိသျှဝန်ကြီးချုပ် GordonBrownကအမိန့်ပေးခဲ့ခြင်းဖြစ်သည်။ယခုအခါ ပြင်သစ်စစ်သင်္ဘော Le Mistral က မြန်မာကမ်းရိုးတန်းနှင့် (၁၃) မိုင်ဝေးသည့်နေရာ၌ ရှိနေပြီး USS Essexခေါင်းဆောင်သည့်အမေရိကန်စစ်င်္ဘော(၃)စီးကမြန်မာကမ်းရိုးတန်းနှင့်မိုင်(၆၀)အကွာတွင်ရောက်နေသည်။ဗြိတိန်နိုင်ငံသည်...

ကမ္ဘာ့ဘဏ် မြန်မာပြည်ကို ငွေကြေးကူညီဖို့ အစီအစဉ်မရှိသေး

မြန်မာနိုင်ငံကို လောလောဆယ်ငွေထုတ်ချေးဖို့အစီအစဉ်မရှိတဲ့အကြောင်းကမ္ဘာ့ဘဏ်ဦးဆောင်ညွှန်ကြားရေးမှူး ကပြောဆိုလိုက်ပါတယ်။စီးပွားရေးပညာရှင်တွေကတော့နိုင်ငံတကာငွေကြေးအဖွဲ့အစည်းတွေရဲ့ထောက်ပံ့မှုတွေ ရဖို့ဆိုရင် မြန်မာစစ်အစိုးရအနေနဲ့ သင့်တော်တဲ့စီးပွားရေး ပြုပြင်ပြောင်းလဲမှုတွေ ရှိရမယ်လို့ ပြောဆိုပါတယ်။ တချိန်တည်းမှာဧရာဝတီတိုင်းအတွင်း စပါးစိုက်ပျိုးတဲ့ ဧကအများအပြား ပျက်စီးသွားပြီး မြန်မာနိုင်ငံမှာ ဆန်ရှားပါးမှုတွေ ကြုံလာရနိုင်တယ်လို့လည်း သတိပေးပါတယ်။ အကြောင်းစုံကို ကိုသိန်းထိုက်ဦးက တင်ပြပေးထားပါတယ်။အခုလို ကမ္ဘာ့ဘဏ်က မြန်မာနိုင်ငံကို ငွေထုတ်ချေးမှာမဟုတဘူးဆိုပြီး ကမ္ဘာ့ဘဏ်အရာရှိက ပြောဆိုလိုက်တာနဲ့ပတ်သက်ပြီး ရန်ကုန်စီးပွားရေးတက္ကသိုလ် ပါမောက္ခချုပ် ဟောင်းလည်းဖြစ်၊ စင်ကာပူအမျိုးသားတက္ကသိုလ်ရဲ့ အငြိမ်းစားပါမောက္ခလည်းဖြစ်တဲ့...

ကမ္ဘာထိပ်တန်းခေါင်းဆောင်များ မြန်မာပြည်သို့ သွားရောက်မည်

မေ(၁၉)ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်းနှင့် ဂျပန်နိုင်ငံခြားရေးဝန်ကြီး ခိုမူရာတို့ မြန်မာနိုင်ငံသို့သွားရောက်မည်ဖြစ်ကြောင်း ယနေ့သတင်းများအရ သိရသည်။မစ္စတာဘန်ကီးမွန်သည် မြန်မာနိုင်ငံသို့ (၃)ရက်တာခရီးစဉ်အဖြစ် လာမည့် ဗုဒ္ဓဟူးနေ့တွင် သွားရောက်မည်ဖြစ်ပြီး ၄င်းခရီးစဉ်အတွင်း နအဖစစ်အစိုးရထိပ်တန်းခေါင်းဆောင်များနှင့် တွေ့ဆုံနိုင်ရဖွယ်ရှိသည်ဟု သူ၏ပြောခွင့်ရပုဂ္ဂိုလ် Michele Montes မှ ယနေ့တွင်ကြေငြာကြောင်း သိရသည်။ယမန်နေ့က ဧရာဝတီတိုင်း မြစ်ဝကျွန်းပေါ်ဒေသရှိ...

အားပေးပုံတူပေမယ့်

ငလျင်ဒဏ်ခံရသော ဒေသများသို့ တရုတ်သမ္မတ ဟူဂျင်တောင်သည် မေ ၁၆ ရက်က ရောက်ရှိခဲ့ပြီး အသက်ရှင်ကျန်ရစ်သူများကို အားပေးစကား ပြောကြားစဉ်။ (စာမျက်နှာ ၁၅) ဗိုလ်ချုပ်မှူးကြီးသန်းရွှေ လှိုင်သာယာ ကယ်ဆယ်ရေးစခန်းတွင် လေဘေးသင့်ပြည်သူများအား အားပေးစကား ပြောကြားစဉ်။ (စာမျက်နှာ ၉) ပုံစာတွေက မြန်မာ့အလင်း သတင်းစာမှာ ပါတဲ့အတိုင်း ကောက်နုတ် ဖော်ပြထားတာပါ။ ဟူဂျင်တောင်က ငလျင်လှုပ်ပြီး လေးရက် အကြာမှာ သွားရောက် အားပေးတာ ဖြစ်ပြီး၊ ဗိုလ်သန်းရွှေကတော့ လေဘေးကျပြီး ၁၆ အကြာမှာ သွားရောက်တာ...

Monday, May 19, 2008

မုန်တိုင်းဒဏ်သင့်သည့်မြန်မာပြည်သူများအတွက် အလှူငွေကောက်ခံခြင်းနှင့် ဘာသာပေါင်းစုံဝတ်ပြုဆုတောင်းပွဲပြုလုပ်

တိုကျို၊ မေ(၁၈) မေလ(၃)ရက်နေ့တွင်တိုက်ခတ်ခဲ့သည့် နာဂစ်မုန်တိုင်းဒဏ်သင့်ပြည်သူများအတွက် ကူညီထောက်ပံရန်အတွက် ဂျပန်ရောက်မြန်မာများမှ တိုကျိုမြို့လူစည်ကားရာနေရာဖြစ်သော ရှိဘူယအရပ်တွင်ကောက်ခံကြရာ မြောက် များစွာကောက်ခံရရှိခဲ့ကြပြီး ဂျပန်ရှိကုလသမဂ္ဂရုံးရှေ့တွင် ဆုတောင်းမေတ္တာပို့သပွဲကိုပါ ဆက်လက်ပြုလုပ် ခဲ့ကြသည်။ ''ကျနော်တို့ယနေ့နေ့လယ်(၂)နာရီကနေစပြီးကောက်နေတာ ညနေ(၄)နာရီခွဲအထိကိုပေါ့။ စုစုပေါင်း ကျနော်တို့ အနေနဲ့ ကောက်ခံရရှိငွေက ယန်း(၃)သိန်းခန့်ရှိနေပါပြီ။...

Saturday, May 17, 2008

ဂျပန်မှ နံမည်ကြီး ဘေ့စ်ဘောကစားသမားများနှင့် all star games ပြုလုပ်၍ လေဘေးရံပုံငွေပြုလုပ်မည်။

ဂျပန်နိုင်ငံမှ နံမည်ကြီး professional ဘေ့စ်ဘော် ကစားသမားများနှင့် all star games ပြုလုပ်၍ မြန်မာနိုင်ငံရှိ လေဘေးဒုက္ခသည်များအတွက် ရံပုံငွေ လှူဒါန်းရန် ဂျပန်ဘေ့စ်ဘော်အဖွဲ့အစည်းမှ ဆုံးဖြတ်ကြေငြာလိုက်သည်။ ပြိုင်ပွဲကို ဂျူလိုင်လ ၃၁ Kyocera dome Osaka ကစားကွင်းနှင့် သြဂုတ် ၁ရက် နေ့Yokohama ကစားကွင်းတို့တွင်ပြုလုပ်မည်ဖြစ်ပါသည်။professional ဘေ့စ်ဘော် ကစားသမားများက ထိုနေ့ပြိုင်ပွဲတွင် ၎င်းတို့ဝတ်ထားသော ၀တ်စုံများပေါ်တွင် ဆိုင်းထိုး၍ လေလံပစ်ရောင်းချပြီး လေဘေးရံပုံငွေအဖြစ်လည်း...

Friday, May 16, 2008

ရန်သူမျိုးငါးပါး၊ ဒို့အရေးလေးပါး၊ ကပ်သုံးပါး(မောင်စွမ်းရည်)

ရန်သူမျိုးငါးပါးဆိုတာ ရေဘေး၊ မီးဘေး၊ မင်းဆိုးဘေး၊ သူခိုးဓားပြဘေးနဲ့၊ ကိုယ့်ကိုမုန်းတဲ့သူရဲ့ ဘေးဆိုတာ ဗမာတိုင်းသိတယ်။ ကပ်သုံးပါးဆိုတာ အသက်ဘေး၊ အငတ်ဘေးနဲ့ ရောဂါဘေး တို့ပါပဲ။ သတ္တန္တရကပ်။ ဒုဗ္ဘိခန္တရကပ်၊ ရောဂန္တရကပ် လို့ ပါဠိလိုပဲ ခေါ်လေ့ရှိပါတယ်။ ဒီလို ဘေးရန် တွေနဲ့ ကပ်ကြီးသုံးပါး ကျော်နင်းနိုင်တဲ့သူ ဖြစ်ရပါလို၏လို့ ဗမာတွေ ဆုတောင်းလေ့ရှိကြပါတယ်။သာသနာ့ဥသျှောင်အဖွဲ့ချုပ် ဥက္ကဋ္ဌ၊ ကမ္ဘာ့သာသနာပြု ဆရာတော်ကြီးဖြစ်တဲ့ ပီနန်ဆရာတော် ကြီးနဲ့ ထိုင်ဝမ်ဆရာတော်ကြီးတို့က...

သူခိုးလား၊ ဒါးပြလား၊ သောင်းကျန်းသူလား

မြန်မာလေဘေးဒုက္ခသည်တွေကို အကူအညီပေးတဲ့ နိုင်ငံတကာက ကူညီကယ်ဆယ်ရေးအဖွဲ့ ဒါရိုက်တာတွေက ဒုက္ခသည် တွေကို ထောက်ပံတဲ့ အစားအသောက်၊ အ၀တ်အထည်နဲ့ ကယ်ဆယ်ရေးပစ္စည်းတွေဟာ နေ့စဉ် အခိုးခံနေရပြီး၊ ပစ္စည်း တွေကိုလည်း စစ်အစိုးရက သူတို့ရဲ့ ဂိုဒေါင်တွေထဲကို ခိုးပြီးထည့်နေတယ်လို့ ဆိုပါတယ်။ဧရာဝတီတိုင်းမှာ ဆိုရင်လည်း စစ်တပ်၊ ကြံ့ဖွတ် နဲ့ စွမ်းအားရှင်တွေက မုန်တိုင်းဒဏ်ခံရပြီး အငတ်ဘေးနဲ့ကြုံတွေနေရတဲ့ ပြည်သူတွေကို သူတို့ဒေသကနေ အပြင်ကို ထွက်သွားခွင့်မပေးပါဘူး။ အပြင်က ကူညီကယ်ဆယ်ရေးအဖွဲ့တွေကို...

ကယ်ဆယ်ရေးတပ်ဖွဲ့များ မြန်မာပြည်စေလွှတ်ရေး အမေရိကန် အဆင်သင့်ရှိ

မြန်မာစစ်ခေါင်းဆောင်များအနေနဲ့ သူတို့ရဲ့မာနကို ခဏဘေးဖယ်ထားပြီး လူ ၄၃,၀၀၀ထက်နည်း သေဆုံးခဲ့ရတဲ့ ဆိုင်ကလုံး လေပြင်းမုန်တိုင်း ဘေးသင့်နေသူများအား နိုင်ငံတကာက ပိုမိုကယ်ဆယ်ထောက်ပံ့ခွင့် ပြုပါလို့ အမေရိကန် ကာကွယ်ရေးဌာနက တိုက်တွန်းလိုက်ပါတယ်။သဘာဝဘေးဒဏ်ခံရတဲ့ ဒေသများမှာ ကယ်ဆယ်ရေးအတွေ့အကြုံရှိတဲ့ တပ်ဖွဲ့များမြန်မာပြည်ကိုစေလွှတ်ဖို့ အမေရိကန်က အသင့်ဖြစ်နေပြီ၊ ဒါပေမယ့် စစ်အစိုးရရဲ့ခွင့်ပြုချက်မရဘဲ ဘာမှလုပ်လို့ မရနိုင်ဘူးလို့ ပင်တဂွန် အမေရိကန် ကာကွယ်ရေးဌာန ပြောခွင့်ရပုဂ္ဂိုလ်...

Thursday, May 15, 2008

ဓားစာခံများကို ကယ်တင်ပါ(၀င်းပေါ်မောင်)

နှမ်းတစေ့နဲ့ ဆီမဖြစ်ဘူးဆိုရင်တောင် ကျမဟာ နှမ်းဆိုတာကို အကုန်သိစေရမယ် ဆိုပြီး အမှားခြစ်ပဲ ခြစ်ခဲ့တယ်” — (မုံရွာမြို့သူတဦး၊ ဒီဗီဘီထုတ်လွှင့်ချက်၊ မေ ၁၀)မသမာမှုအပေါင်းဖြင့် ဖုံးအုပ်ထားသည့် စစ်အခြေခံဥပဒေ အတည်ပြုရေး ဆန္ဒခံယူပွဲသည် မေလ ၁၀ ရက်နေ့က စိတ်ပျက်ဖွယ်အတိဖြင့် ပြီးဆုံးသွားခဲ့သည်။လူအများ တွက်ဆထားသည့်အတိုင်း အာဏာပိုင်အဆင့်ဆင့်၏ မဲလိမ်မဲခိုးမှုများကြောင့် နအဖအနေနှင့် ထောက်ခံမဲအများစု ရရှိကြောင်း ကြေညာနိုင်ရန် အသင့်အနေအထားသို့ ရောက်ရှိခဲ့ပြီ။ မဲပေးပြီး...

မြန်မာနိုင်ငံအတွက် အကူအညီတွေ ဆက်ပေးမယ်လို့ အမေရိကန် နိုင်ငံခြား အထောက်အကူ ပေးရေး အကြီးအကဲကပြော

တရုတ်နိုင်ငံမှာ ငလျင်ဒဏ်ခံရသူတွေအတွက် တရုတ်အစိုးရဲ့ဆောင်ရွက်မှုဟာ ထိရောက်လျှင်မြန်ပြီး ပွင့်ပွင့်လင်းလင်း ရှိသလောက် မြန်မာနိုင်ငံမှာတော့ လေဘေး ဒဏ်ခံရသူတွေအတွက် မြန်မာ စစ်အစိုးရက ဆောင်ရွက်ပုံတွေ သိပ်ကို နှေးကွေးပြီး ထိထိရောက်ရောက် လုပ်နိုင်စွမ်း မရှိဘူးလို့ မြန်မာနိုင်ငံ လေဘေး ဒဏ်ခံရသူတွကို အရေးပေါ် အကူညီတွေ ပေးနေတဲ့ US AID အဖွဲ့ အကြီးအကဲ က ဒီကနေ့ ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောကြားလိုက်ပါတယ်၊ အပြည့်အစုံကို ဒေါ်ခင်မျိုးသက်က တင်ပြပေးပါတယ်။အခု နာဂစ် ဆိုင်ကလုံး မုန်တိုင်းဒဏ် ခံခဲ့ရတဲ့ မြန်မာနိုင်ငံကို အမေရိကန်နိုင်ငံက အရေးပေါ် အကူအညီတွေ ကိုယ်တိုင် သွားရောက်ပေးခဲ့တဲ့ US AID လို့ ခေါ်တဲ့ နိုင်ငံတကာ ဖွံ့ဖြိုးမှုဆိုင်ရာ အမေရိကန် အဖွဲ့ အကြီးအကဲဖြစ်တဲ့ အမေရိကန် နိုင်ငံခြား အထောက်အကူ ပေးရေးဌါနက မစ္စဟင်နရီဒါဖိုးနဲ့...

မြန်မာမုန်တိုင်း ဒုက္ခသည်များကယ်ဆယ်ရေး စုပေါင်းဆောင်ရွက်ဖို့ ကုလအတွင်းရေးမှုးချုပ် အစည်းဝေးခေါ်

ဆိုင်ကလုံးမုန်တိုင်းဒဏ် အလူးအလဲခံလိုက်ရတဲ့မြန်မာပြည်က မုန်တိုင်းဒုက္ခသည်တွေကို ကူညီရေး၊ ဒုက္ခတွေ ထပ်ပြီးမကြုံနိုင်ရေး ကမ္ဘာ့ခေါင်းဆာင်တွေနဲ့ တိုင်ပင်ညှိနှိုင်းဖို့ အစည်းအဝေး ခေါ်ယူထားတယ်လို့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်မစ္စတာဘန်ကီမွန်းကပြောလိုက်ပါတယ်၊မြန်မာစစ်အစိုးရက တင်းကျပ်မှုတွေလျှော့လာတယ်ဆိုပေမယ့်လည်း သိပ်ကိုနည်းလွန်းတယ်လို့ဆိုပါတယ်၊ မနေ့က ကုလသမဂ္ဂမှာ မြန်မာမုန်တိုင်းဒုက္ခသည်တွေနဲ့ပတ်သက်ပြီး ပြောဆိုခဲ့တာတွေကို ဦးကျော်အောင်လွင်က တင်ပြပေးပါတယ်။ကုလသမဂ္ဂအတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်းက ဆိုက်ကလုန်း မုန်တိုင်းမိ မြန်မာ ဒုက္ခသည်တွေ အတွက် အရေးပေါ်ကယ်ဆယ်ရေးလုပ်ငန်းတွေိထိရောက်ရောက်လုပ်နိုင်ရေး ဗိုလ်ချုပ်မှူးကြီး သန်းရွှေတယောက်လွဲလို့ ကမ္ဘာ့ခေါင်းဆောင်တော်တော်များများနဲ့ တိုင်ပင် ဆွေးနွေးမှုတွေ လုပ်ထားတယ်လို့ သတင်းထောက်တွေကိုပြောဆိုခဲ့ပါတယ်၊...

Wednesday, May 14, 2008

လူယုတ်မာတွေလိမ်နေတာ အမေရိကန်သိတယ်

...

အမေရိကန်ရေတပ်သင်္ဘော(၃)စီးဘင်္ဂလားပင်လယ်အော်တွင်ရောက်ရှိနေအမေရိကန် ရေတပ်မတော် အမှတ် (၇)မှ စစ်သင်္ဘောသုံးစီးသည် မြန်မာစစ်အစိုးရက လက်ခံလျှင် ကယ်ဆယ်ရေး ကူညီနိုင်ရန်အတွက် မြန်မာ့ရေကြောင်းပိုင်နက်သို့ ဦးတည်ခုတ်မောင်းလာရာ ဘင်္ဂလားပင်လယ် အော်သို့ ရောက်ရှိနေပြီ ဖြစ်သည်။ရန်ကုန်တိုင်းလက်လုပ်လက်စားရပ်ကွက်များမှဒုက္ခသည်များကကယ်ဆယ်ရေးပစ္စည်းများ စုဆောင်းဖြန့်ဝေရန် လာသည့် စေတနာရှင်များကို “အမေရိကန်တို့၊ ပြင်သစ်တို့က ကျမတို့ကို ကူညီဖို့လာတာ အစိုးရက လက်မခံဘူးဆို”ဟု မေးကြောင်း အလှူရှင် တဦးက ဟစ်တိုင်သို့ ပြောကြားသည်။ ကျော်သူ၊ ဇာဂနာတို့အပြင် လူမင်း၊ စိုင်းစိုင်းခမ်းလှိုင်နှင့် မင်းသားမင်းသမီးများ၊ အဆိုတော်များပါ ကယ်ဆယ်ရေး လုပ်ငန်းများတွင် ပါဝင်လာနေသည်။ ဆရာဝန် အနုပညာသမား တဦးကလည်း အမည်မခံဘဲ နောက်ကွယ်မှ အားပေးကူညီလျက် ရှိသည်။(ကိုရဲ...

အလောင်းမှပါလာသည့် လက်ဝတ်ရတနာများကို တပ်မ (၆၆)က ဖြတ်တောက်ယူ ကယ်ဆယ်ရေး ပစ္စည်းများ မပေးပဲ ရောင်းချနေ

ကယ်ဆယ်ရေးအတွက် တာဝန်ပေးထားသော တပ်မ(၆၆) မှ စစ်သားများက မုန်တိုင်းကြောင့် သေဆုံးခဲ့သူများထံမှ လက်ဝတ်ရတနာများကိုဖြတ်တောက်ယူနေကြပြီး ထောက်ပံ့ပစ္စည်းများကို ပြန်လည်ရောင်းချခြင်းများ ပြုလုပ်နေသည်။ဧရာဝတီတိုင်း၊ ဘိုကလေးမြို့နယ်မှ ကယ်ဆယ်ရေးတာဝန်ယူနေသော တပ်မ(၆၆) မှတပ်ဖွဲ့ဝင် များက ဒုက္ခရောက်နေသည့်ဆွေးမျိုးသားချင်းများကို သွားကြည့်မည့်သူများကို ပိတ်ပင်ခဲ့ပြီး အလောင်းများမှ လက်ဝတ်ရတနာများကို ဖြုတ်ယူနေခြင်းဖြစ်သည်။“ကျားချောင်း၊ စပ်ကျွန်း၊ ဧရာဒန်နဲ့ ပဒဲကောရွာတွေက ဒုက္ခရောက်နေတဲ့သူတွေကို သွားကြည့်မဲ့ သားသမီးတွေ၊ မိဘတွေကိုသွားရှာခွင့် မပေးဘူး၊ တပ်မ(၆၆) က အရာရှိတွေနဲ့ စစ်သားတွေက လူသေကောင်မှာပါလာတဲ့ ပစ္စည်းတွေအကုန်ဖြုတ်ယူနေကြတာ၊ လက်ကောက်ဝတ်မှာ ၀တ် ထားရင် လက်ကိုဖြတ်ယူကြတာ” ဟု မျက်မြင်သက်သေတဦးက ပြောသည်။ဒုက္ခသည်များအတွက်...

နောက်ထပ်မုန်တိုင်းတခုမြန်မာပြည်သို့ဝင်ရောက်မည်ဟု ရိုက်တာသတင်းဌာနကထုတ်ပြန်

နောက်ထပ် ဆိုင်ကလုန်း တစ်ခု ဗမာပြည်ထဲမှာ စတင်ဖြစ်ပေါ်နေပြီလို့ ကုလသမဂ္ဂက အခုဘဲ သတိပေးလိုက်ပါတယ်။ ရန်ကုန်မြို့ရဲ့ အနောက်တောင်ဘက်မှာ စတင်ပြီး ဖြစ်ပေါ်နေပြီလို့ သိရတယ်။ အဲဒီ အပူပိုင်း ဆိုင်ကလုန်းဟာ နောက်ထပ် ၂၄ နာရီအတွင်းမှာ ကြီးထွားလာနိုင်တယ်လို့ ရိုက်တာသတင်းမှာဖော်ပြထားပါတယ်။ Aid trickles in as Myanmar faces new cyclone worriesYANGON (Reuters) - The 1.5 million people left destitute by Myanmar's devastating cyclone were increasingly desperate on Wednesday, as foreign aid remained at a trickle and overstretched aid workers struggled to reach hard-hit areas.ဒါပေမယ့် အဲဒီမုန်တိုင်းဟာ အင်အားအသင့်အတင့်လား၊ အင်အားပြင်မလားဆိုတာကိုတော့ ကြိုတင်ခန့်မှန်းလို့မရသေး...

တရုတ်ငလျင်အတွက် ဂျပန်မှ ယန်း ၅၀၀ မီလီယံကူညီ

Japan to give Y500 million in aid to quake-hit China as death toll nears 12,000Wednesday 14th May, 09:35 AM JSTTOKYO —Japan will give 500 million yen worth of emergency grants and relief aid to quake-hit China, including blankets and tents, and is ready to provide additional assistance such as the dispatch of personnel if necessary, Foreign Minister Masahiko Komura announced Tuesday evening. The aid will be distributed directly to the Chinese government as well as through international organizations. Komura said details of the breakdown have yet to be decided, awaiting specific appeals from international agencies such as the Red Cross. The death toll is believed to have passed 12,000.The Foreign...

မုန်တိုင်းအထောက်အကူ လက်ခံရေးတိုက်တွန်းရန် ထိုင်းဝန်ကြီးချုပ် မြန်မာနိုင်ငံ သွားဖို့ပြင်

မြန်မာနိုင်ငံက လေဘေးဒုက္ခသည်များအတွက် နိုင်ငံတကာ အထောက်အပံ့များ ပိုမိုလက်ခံဖို့ ကုလသမဂ္ဂရဲ့ ပန်ကြားချက်ကို ဒီကနေ့ ထိုင်းဝန် ကြီးချုပ် မြန်မာပြည်ကို သွားရောက်ပြီး စစ်အစိုးရကို နားချမယ်လို့ ဆိုပါတယ်။ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းနဲ့ အမေရိကန်နိုင်ငံတို့ရဲ့ မေတ္တာရပ်ခံချက်အရ၀န်ကြီးချုပ် စမတ် စွန်ထရာဝေ မြန်မာပြည်ကို သွားရောက် နားချဖို့ သဘောတူလိုက်တာ ဖြစ်တယ်လို့ ထိုင်းအစိုရက ထုတ်ပြန်ကြေညာ ပါတယ်။အမေရိကန်နိုင်ငံက မြန်မာဆိုင်ကလုန်း လေဘေး အတွက် ပိုမိုထောက်ပံ့...

မုန်တိုင်းဘေး ကယ်ဆယ်ရေး ဥရောပသမဂ္ဂ နည်းမျိုးစုံ ကူညီဖို့ ဆွေးနွေး

မြန်မာနိုင်ငံက မုန်တိုင်းဒဏ်ခံစားရတဲ့ ဒုက္ခသည်တွေကို ကူညီ ကယ်ဆယ်နိုင်ဖို့အတွက် နိုင်ငံတကာကနေ အကူအညီတွေကို ခွင့်ပြုပေးဖို့ မြန်မာစစ်ခေါင်းဆောင်တွေကို အီးယူ ဥရောပ သမဂ္ဂအဖွဲ့ဝင်တွေက တိုက်တွန်းခဲ့ပါတယ်။ မြန်မာနိုင်ငံက ဒုက္ခသည်တွေကို ကူညီဖို့ အီးယူအနေနဲ့ နည်းမျိုးစုံကို သုံးပြီး ကူညီရမယ်လို့ အီးယူ နိုင်ငံခြားမူဝါဒရေးရာ အကြီးအကဲကလည်း ပြောဆိုပါတယ်။အီးယူရဲ့ ကူညီ ကယ်ဆယ်ရေး ဆိုင်ရာ မဟာမင်းကြီးကလည်း မြန်မာနိုင်ငံဆီကို သွားနေပြီ ဖြစ်ပါတယ်။ အခုလို ဒုက္ခသည်တွေဆီကို...

Page 1 of 20712345Next
Twitter Delicious Facebook Digg Stumbleupon Favorites More