Saturday, March 22, 2008

မိုးသောက်ကြယ်စာဖတ်ပရိတ်သတ်များခင်ဗျား...


မတ်လ ၂၃ ရက်နေ့တွင် မျိုးချစ်စာဆို ငြိမ်းချမ်ရေးဖခင်ကြီး ဆရာကြီးသခင်ကိုယ်တော်မှိုင်း ၁၃၂ နှစ်ပြည့်တဲ့ မွေးနေ့မင်္ဂလာရက်မြတ်ဖြစ်ပါတယ်...
ဆရာကြီးသခင်ကိုယ်တော်မှိုင်းရဲ့ မွေးနေ့မင်္ဂလာရက်မြတ်ကို ပူဇော်ကြည်ညိုချင်ကြတဲ့ ‘မိုးသောက် ကြယ်စာကြည့်တိုက်အဖွဲ့သားများ‘၊ ‘ဒေါင်းမာန်ဟုန်ဘလောက်‘နှင့် ‘လှုပ်ရှားနေသောမိုးကောင်းကင်‘ ဘလောက်အဖွဲ့သားများမှ အမှတ်တရစာမူများ၊ ရှားပါးဓါတ်ပုံများကို(စာပေဂျာနယ်၊ ပိတောက်ပွင့်သစ်၊ သခင်ကိုယ်တော်မှိုင်းနှစ် ၁၃၀ ပြည့် အထူးထုတ် အစရှိသည့်စာအုပ်များမှ) ဖော်ပြဖို့စီစဉ်ထားပါကြောင်း သတင်းကောင်းပါးအပ်ပါတယ်။
ဆက်လက်၍ ပြည်ပရောက်စာရေးဆရာ/ဆရာမ များ၏ရေးသားပေးပို့ထားသော စာမူများ၊ ပြည်တွင်း၌ ထုတ်ဝေခြင်းပိတ်ပင်ထားသောစာမူများ၊ စာအုပ်များ၊ ထုတ်ဝေပြီး ပြန်လည်သိမ်းဆည်းခံရသော စာအုပ် များကိုလည်း အစီအစဉ်တကျ ဖော်ပြပေးသွားဖို့ စီစဉ်ထားပါတယ်။
‘မိုးသောက်ကြယ်ဘလောက်စာမျက်နှာတွင် ဖော်ပြထားသော စာမူများကို မြန်မာပြည်ဒီမိုကရေစီအရေးအတွက် မည်သူမဆို(ခွင့်ပြုချက်တောင်းဖို့မလိုပါ) ယူဆောင်သုံးစွဲနိုင်ပါကြောင်း။ အပြုသဘောဆောင်သည့် ဝေဖန်အကြံပြုချက်များကို ရိုသေစွာနာခံကျင့်သုံးလျက်-
မိုးသောက်ကြယ်စာကြည့်တိုက်အဖွဲ့သားများ
E-mail: moethaukkye@gmail.com


1 comments:

ဆရာမှိုင်းရဲ့
ကဗျာလှိုင်းမှာ
ရင်ပါးခဲ့တဲ့ ...၊
မထင်မရှား
ကဗျာသမားကလေး ... ကျနော်။

ဆရာမှိုင်းရဲ့ သက်တော်
၁၃၂ နှစ်မြောက် မွေးနေ့မှာ
ဆွေးမြေ့စွာ လွမ်းမော တသောသောနဲ့ ...။

တောင်းဆုပန်ခြွေ
ဒို့များ မြန်ပြေ(မြန်မာပြည်)
ဘေးရန်ခပ်သိမ်း ကင်းငြိမ်းကြပါစေ ...၊

မှိုင်း မာန်တစနဲ့ လှိုင်းတဖန် ထလို့
စစ်ကျွန်ဘ၀ ရုန်းထ လွတ်မြောက်ပါစေသော် ...။

ရိုး(ခေတ္တရာ)

Twitter Delicious Facebook Digg Stumbleupon Favorites More