Wednesday, March 5, 2008

နှစ်ရက်အတွင်း မီးလောင်မှုကြီး (၃)မှုဖြစ်ပွားခဲ့မှုကြောင့် ကြီးမားစွာဆုံးရှုံးခဲ့ရကြောင်း ပြည်တွင်းထုတ်ဂျာနယ်များတွင် ဖော်ပြထား

(မန္တလေးရတနာပုံဈေးမီးလောင်နေစဉ်)

တနင်္သာရီတိုင်း၊ ပုလောမြို့အမှတ်(၁)ရပ်ကွက်မီး၊ ရန်ကုန်တိုင်းလှိုင်သာယာ၊ ရေဥက္ကံကျေးရွာမီးနှင့် မန္တလေးရတနာပုံဈေးမီးတို့သည် ဖေဖေါ်ဝါရီလ (၂၄)ရက်နှင့်(၂၅)ရက် နေ့တို့တွင်ဖြစ်ပွားခဲ့ပြီး တစ်နိုင်ငံလုံးလောင်ကျွမ်းခဲ့သော ဖေဖေါ်ဝါရီလမီးလောင်မှု(၉၀) ကျော်တွင် ဆုံးရှုံးမှုကြီးမားသောမီးများဖြစ်ကြောင်း မီးသတ်ဦးစီးဌာန(ရုံးချုပ်)မှ ထုတ်ပြန်ထားသောစာရင်းများအရ သိရသည်။
ဖေဖေါ်ဝါရီ ၂၄ရက်နေ့ညသန်းခေါင်ယံ (၁) နာရီမိနစ်(၄၀)တွင် စတင်လောင်ကျွမ်းခဲ့ သောပုလောမြို့နယ် အမှတ်(၁)ရပ်ကွက်မီးလောင်မှုမှာ ရှုမ၀(၂) လမ်းနေဒေါ်ကြွေ၏အိမ်မှ မီးဖိုမီးကြွင်းမီးကျန်မှစ၍လောင်ကျွမ်းခဲ့ပြီး အိမ်ခြေ(၁၉၆)လုံးဆုံးရှုံးကာ လူပေါင်း(၁၄၀၀) မီးဘေးဒုက္ခသည်ဖြစ်ခဲ့ရသည်။
ဖေဖေါ်ဝါရီ (၂၅)ရက်နေ့ နံနက်(၇)နာရီမိနစ်(၄၀)တွင်လောင်ကျွမ်းခဲ့သော လှိုင်သာယာ၊ ရေဥက္ကံကျေးရွာမီးလောင်မှုမှာ ၄င်းကျေးရွာအောင်သုခလမ်း၊ အမှတ်(၂၁၆)နေ ဦးမြင့်စိုးပိုင်အဆောင်အပေါ်ထပ်တွင် ထမင်းချက်ရာမှစ၍ မီးလောင်ကျွမ်းခဲ့ပြီးအိမ်ခြေ(၂၀၁) လုံးသို့မီးကူးစက်လောင်ကျွမ်းခဲ့သည်။
မီးလောင်ချိန် (၂) နာရီအကြာတွင် မီးသတ်ယာဉ်(၃၈)စီးနှင့် အုပ်ချုပ်မှုယာဉ်(၇)စီးတို့မှ မီးတောက်များအားငြိမ်းသတ်နိုင်ခဲ့သည်။ လူပေါင်း(၂၉၆၉)ဦး မီးဘေးဒုက္ခသည် ဖြစ်ခဲ့သည်။
လှိုင်သာယာမီးနှင့်မိနစ်(၄၀)သာကွာသော မန္တလေးရတနာပုံဈေးမီးမှာ နံနက်(၈)နာရီ မိနစ် (၂၀)တွင် ရတနာပုံဈေးပထမထပ်ရှိ ဒေါ်တရုတ်မအထည်ဆိုင်မှ ၀ါယာရှော့ဖြစ်၍ စတင်လောင် ကျွမ်းရာမှ ရတနာပုံဈေးအတွင်းရှိ ဆိုင်ခန်းပေါင်း (၁၅၁၂)ခန်း မီးလောင်ဆုံးရှုံးခဲ့ရသည်။
မီးသတ်ယာဉ် အစီး (၈၀)၊ မီးသတ်တပ်ဖွဲ့ဝင်(၈၅)ဦး၊ အရန်တပ်ဖွဲ့ဝင်(၆၀၀)ဖြင့် မီးကြိုးစားငြိမ်း သတ်မှုကြောင့် ညနေ (၆) နာရီတွင်မီးငြိမ်းသွားကြောင်း မီးသတ်ဦးစီးဌာန(ရုံးချုပ်)မှသိရသည်။
အဆိုပါမီးလောင်မှုကြီး(၃) မှု သည်အိမ်ခြေ (၃၉၇) လုံး၊ ဆိုင်ခန်းပေါင်း(၁၅၁၂)ခန်း၊ မီးလောင်ကျွမ်းခဲ့ကာ လူပေါင်း(၄၃၆၉)ယောက် ဟု ၂၀၀၈ခု မတ်လ၄ ရက်နေ့ ထုတ် ပြည်တွင်းဂျာနယ်များတွင်ဖေါ်ပြထားကြသည်။

0 comments:

Twitter Delicious Facebook Digg Stumbleupon Favorites More