Sunday, March 9, 2008

မြန်မာပြည်ငြိမ်းချမ်းရေးအတွက် ခရီးရှည်ချီတက်ခြင်း

သတင်းဆောင်းပါး

အမေရိကန်ပြည်ထောင်စု အော်ရီကွန်(Oregon)ပြည်နယ် ပေါ့လန်း(Portland) မြို့မှာ နေထိုင်နေ
တဲ့ ကျနော်တို့ ရဲဘော်တယောက်က သူတို့မြို့က ရဲဘော် နှစ်ယောက် မိုင်(၃၀၀၀)ဝေးတဲ့ နယူး
ယောက်(New York)မြို့တော်ကို မတ်လ(၁) ရက်နေ့မှ စပြီးလမ်းလျှောက်ချီတက်နေကြောင်း ပြော
ပါတယ်။ ကျနော် အံ့ဩပြီး မယုံကြည်နိုင်လောက်အောင် ဖြစ်ရပါတယ်။ ချီတက်လမ်းလျှောက်သူ
နှစ်ဦးကတော့ ပြည်နယ်(၁၀)ပြည်နယ် ခန့်ကိုဖြတ် ကျော်မယ့်ခရီးစဉ်ကို စတင်လိုက်ပါပြီ နယူး
ယောက်(New York)မြို့တော်ကို ဩဂုတ်လ(၈)ရက်နေ့ အရောက်(၆)လ နီးပါးလမ်းလျှောက်မှာ
ဖြစ်ပါတယ်။

ယ္ခုအချိန်ကာလဟာ အမေရိကန် ပြည်ထောင်စုပြည်နယ်တွေမှာ အတော်လေး အေးနေဆဲကာလ
ဖြစ်ပါတယ်။ နှင်းကျဆဲ၊ နှင်းမိုးတွေရွာနေဆဲ လေအေးတွေတိုက်ခတ်နေဆဲ ဆိုးဝါးတဲ့ ရာသီဥတု
မျိုးဖြစ်နေချိန်ပါ။ အပြင်မှာ လမ်းလျှောက်ရတာ အလွန်မလွယ်ကူတဲ့ အလုပ်ပါ။ သွေးခဲမတတ် အေး
နေဆဲကာလဖြစ်ပါတယ်။

အလွန်ဝေးပြီး မိုင်ပေါင်း ထောင်ချီနေတဲ့ခရီးကို ဘယ်လိုစိတ်ကူးနဲ့ ဘယ်လို ရည်ရွယ်ခဲ့တာလည်းဆိုတာကို သိချင်တာနဲ့ ခရီးရှည်ချီတက်
နေတဲ့ ABSDF တပ်ရင်း ၆၀၁ တပ်ဖွဲ့ဝင် ရဲဘော်ဟောင်းဖြစ်ခဲ့တဲ့ ကိုအေသင်(ဖုန်း၉၇၁၂၈၅၇၃၉၉)
ကို ကျနော် ဆက်သွယ်ပြီး မေး
ကြည့်မိပါတယ်။

သူတို့ လမ်းလျှောက်ချီတက်နေတာ အမိမြန် မာပြည်လွတ်မြောက်ရေး ဒေါ်အောင်ဆန်းစုကြည်၊ မင်းကိုနိုင်နဲ့ နိုင်ငံရေး
အကျဉ်းသားများ လွတ်မြောက်ရေး၊ စစ်အာဏာရှင်အစိုးရဖြုတ်ချရေး၊ ဒီမိုကရေစီ ရရှိရေး၊တို့အတွက် ရည်ရွယ်ပြီး လုပ်ခဲ့တာဖြစ်ကြောင်း၊
မြန်မာ ပြည်သူလူထုရဲ့ ဒုက္ခ အ၀၀ကို ထိုင်ပြီး အဝေးက နားစွင့်ရုံ မလုပ်ချင်၍ အပင်ပန်းခံလုပ်ဖို့ စိတ်ကူးရခ့ေဲ ကြာင်း၊ ဒီနိုင်ငံရောက်
ကတည်းက မိသားစုစားဝတ်နေရေးအတွက် အလုပ်န့အဲိမ်၊ အိမ်နဲ့ အလုပ် တကုတ်ကုတ် လုပ်နေရတာကြာတော့ စိတ်မသန့်ကြောင်း၊
တိုင်းပြည်နဲ့ လူမျိုးအပေါ် တာဝန်မကြေဘူးလို့ ခံစားနေရကြောင်း၊ ဒါကြောင့် အလုပ်ထွက်၊ မိသားစုကိုပစ်ပြီး ဒီခရီးရှည်ချီတက်မှုကို စခဲ့
တာလို့ သူကပြောပြပါတယ်။

ကိုအေသင် ပြောပြလို့ http://88portland.wordpress.com/ နဲ့ http://freeburma.us/
တွေမှာ သူတို့ အမှန်တကယ် လမ်းလျှောက် နေကြောင်းကို တွေ့ခဲ့ရပါတယ်။ တချိန်တည်း
မှာ ကျနော် သူတို့အတွက် စိုးရိမ်စိတ်တွေ ၀င်လာပါတယ်။ သူတို့ရဲ့ လုပ်ဆောင်နိုင်စွမ်းကို မ
ယုံကြည်၍ မဟုတ်ပါ။ ခရီးက ဝေး၊ ရာသီဥတုက အေး၊ နောက် ကျမ္မာရေး ချို့ယွင်းနိုင်တယ်
ဆိုတာကို တွေးမိလို့ပါ။

ဒီ Campaign နဲ့ ပတ်သက်ပြီး မီဒီယာတွေမှာ ထုတ်လွှင့် ပြောဆို ရေးသားတာတွေ ဘာမှမ
ကြားရ မတွေ့ရပါဘူး။ ခရီးရှည်ချီတက်ပွဲကို ဦးဆောင်သူ ကိုအေသင်က သူတို့အနေဖြင့် အောက်ပါ တောင်းဆိုချက်(၄)ချက်ကို ထုတ်
ပြန်ထားကြောင်းပြောပါတယ်။
၁။ မြန်မာပြည် ဒီမိုကရေစီ ရရှိရေး၊ လွတ်လပ်စွာ ပြောဆို ရေးသားခွင့် ရရှိရေး
၂။ ဒေါ်အောင်ဆန်းစုကြည်၊ ကိုမင်းကိုနိုင်နှင့် နိုင်ငံရေးအကျဉ်းသား အားလုံးလွတ်ပေးရေး
၃။ ပြည်တွင်းစစ်ရပ်စဲပြီး ပြည်တွင်းငြိမ်းချမ်းရေး ရရှိရေး
၎။ ပြည်သူလူထုက ရွေးချယ်တင်မြှောက်ထားသော ပြည်သူ့အစိုးရပေါ်ထွန်းရေး
တို့ဖြစ်ပါတယ်။

၎င်းအပြင် သူတို့ရဲ့ပန်းတိုင်ဖြစ်တဲ့ နယူးယောက် (New York) မြို့တော်ကို ရောက်လျှင် ကုလသဂ္ဂ အထွေထွေ အတွင်းရေးမှုးထံ ပေး
အပ်မည့် မြန်မာပြည်လွတ်မြောက်ရေးနှင့် ငြိမ်းချမ်းရေး(Petition For The Freedom and Liberty of Burma) ဆိုတဲ့ မြန်မာပြည်သူ
တွေ လက်မှတ်ရေးထိုးတောင်းဆိုထားတဲ့ စာတစောင်ကိုလည်း ပေးအပ်သွားမည် ဖြစ်ကြောင်း သိရပါတယ်။ နိုင်ငံတကာတွင် ရောက်ရှိ
နေကြသော ရဲဘော်များ မိတ်ဆွေများ အနေဖြင့်လည်း ဒီနေရာမှာ http://www.petitiononline.com/walkfree/petition.html ပါဝင်
လက်မှတ်ရေးထိုးစေချင်ပါတယ်။
စက်တင်ဘာ သံဃာတော်များ မေတ္တာပို့ လမ်းလျှောက်ဆန္ဒပြပဲအွ ပြီးမှာ ဒီWalking For Free Burma Campaignကိုလုပ်ဖို့ကိုစဉ်း စား
ပြင်ဆင် နေခဲ့တာဖြစ်တယ်လို့သိရပါတယ်။

ယ္ခု လမ်းလျှောက်နေသူ နှစ်ဦးစလုံးဟာ နှင်းမိုး တွေရွာတဲ့ ရက်တွေမှာ အတော်လေးကို လျှောက်လှမ်း ကျော်ဖြတ် နေရပါတယ်။ ရိက္ခါ၊
သောက်ရေ၊ တည်းခိုမည့်နေရာ စတဲ့ အခက်အခဲတွေရှိနေတယ်လို့ သိရပါတယ်။ ယ္ခု ခရီးရှည်ချီ တက်ပွဲအကြောင်းကို ကြားလိုက်ရတဲ့
မျိုးချစ် မြန်မာများ၊ တော်လှန်ရေး ရဲဘော်များ၊ မိတ်ဆွေများ၊ ကိုယ့်ကိုကိုယ် တာဝန်ရှိသူလို့ ယူဆသူတွေ အားလုံးက ၀ိုင်းဝန်း ထောက်ခံ
ပြီး တတ်နိုင်သမျှ ပံ့ပိုးကြစေလိုကြောင်း ကျနော် မိတ်ဆက်ပေးလိုက်ပါတယ်။
ကျောင်းသားတပ်မတော် ရဲဘော်ဟောင်းတဦး

0 comments:

Twitter Delicious Facebook Digg Stumbleupon Favorites More