Monday, March 10, 2008

အဆိုတော်စိုင်းထီးဆိုင်ကွယ်လွန်၊ ဂမ်ဘာရီ ပြန်ပါပြီ

အင်တာနက်သတင်းများအရ


နိုင်ငံကျော်ရှမ်းအမျိုးသားအဆိုတော် စိုင်းထီးဆိုင်ဟာ အစာအိမ်ရောဂါနှင့် ယနေ့နံနက်က ရန်ကုန်ဆေးရုံကြီးတွင် ကွယ်လွန်သွားပြီလို့ အင်တာနက်သတင်းများအရသိရပါတယ်။
စိုင်းထီးဆိုင်ဟာ တေးရေးဆရာစိုင်းခမ်းလိတ်ရဲ့ တေးသီချင်းများဖြင့် အောင်မြင်ကျော်ကြားခဲ့သူတဦးဖြစ်ပြီး ‘မန္တလေးယောက် ရှမ်းတယောက်’သီချင်းခွေဖြင့် မြန်မာပြည်တ၀ှမ်းတွင် စတင်နာမည်ကြီးလာသူတဦးဖြစ်ပါတယ်။
မွေးချင်းမောင်နှမ ၅ ဦးအနက် ဒုတိယမြောက်သားဖြစ်ကာ ဇနီးခင်သန်းစိုး၊ သားတစ်ဦး သမီး နှစ်ဦးကျန်ရစ်ခဲ့တယ်လို့လည်း ရှမ်းသတင်းတွင်ဖော်ပြထားပါတယ်။
ကွယ်လွန်ချိန်တွင် အသက် ၅၈ နှစ်နေပြီဖြစ်ပြီး၊ ရှစ်လေးလုံးအရေးတော်ပုံအပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဖွဲ့စည်းသည့်အခါ စာပေ အနုပညာရှင်သမားများနှင့်အတူ လက်တွဲဆောင်ရွက်ခဲ့တယ်လို့လည်း သိရပါတယ်။

နောက်အင်တာနက်သတင်းတပုဒ်ကတော့ ကုလသမဂ္ဂရဲ့အထူးကိုယ်စားလှယ်တော် မြန်မာနိုင်ငံဆိုင်ရာနိုင်ငံရေးအကြံပေးဖြစ်သူ မစ္စတာ အီဘရာဟင်ဂမ်ဘာရီ၏ ၄ ရက်ကြာမြန်မာပြည်ခရီးစဉ်ဟာ လက်မြောက်ဆုတ်ခွာသွားရတယ်လို့သိရပါတယ်။
ခရီးစဉ်အဆုံးမသတ်ခင် အမျိုးသားခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်နှင့် ၂ ကြိမ်တိတိတွေ့ဆုံခွင့်ရခဲ့တယ်လို့သိရပါတယ်၊ သူ့ရဲ့ခရီးစဉ်နဲ့ပတ်သက်လို့ အောင်မြင်မှုမရကြောင်းသိရပါတယ်။ သူဟာ မေလမှာကျင်းပမယ့် နအဖရဲ့ ဖွဲ့စည်းပုံအတည်ပြုရေး လူထုဆန္ဒခံယူပွဲကျင်းပတဲ့အချိန်မှာ သီးခြားလွတ်လပ်တဲ့ လေ့လာ စောင့်ကြည့်မှုတွေကို ခွင့်ပြုဘို့ ကုလသမဂ္ဂက အဆိုပြုတာကို နအဖစစ်အုပ်စုက ပယ်ချလိုက်တာကို ခံလိုက်ရပါတယ်။

0 comments:

Twitter Delicious Facebook Digg Stumbleupon Favorites More