Tuesday, March 18, 2008

ဗကသခေါင်းဆောင်နှစ်ဦး အဖမ်းခံရ

ဟစ်တိုင်အင်တာနက်စာမျက်နှာမှ


(ပန်းချီမင်းကျော်ခိုင်ရေးဆွဲထားသော ကျောင်းသားခေါင်းဆောင်ကျော်ကိုကို)

မတ်လ ၁၆ ရက် တံတားနီ အရေးအခင်း နှစ် ၂၀ ပြည့် နှစ်ပတ်လည်တွင် ဗကသ ကျောင်းသားခေါင်းဆောင်များ ဖြစ်သော ကိုကျော်ကိုကို (စီးပွားရေးတက္ကသိုလ် မဟာတန်းကျောင်းသား)နှင့် ကိုဥာဏ်လင်းအောင် (စီးပွားရေးတက္ကသိုလ်ကျောင်းသား)တို့ အဖမ်းခံလိုက်ရကြောင်း ထိုင်းနိုင်ငံ အခြေစိုက် ဗကသ နိုင်ငံခြားရေးကော်မတီက ကြေညာသည်။


ကိုကျော်ကိုကိုနှင့် ကိုဥာဏ်လင်းအောင်တို့သည် လွန်ခဲ့သည့် သြဂုတ်လ ၂၈ ရက်က ပြန်လည် ဖွဲ့စည်းခဲ့သော ဗကသများ အဖွဲ့ချုပ် ခေါင်းဆောင်များ ဖြစ်ကြသည်။ စက်တင်ဘာ ရွှေဝါရောင် တော်လှန်ရေး ကာလတွင်လည်း ပါဝင်လှုပ်ရှားခဲ့ပြီး တောက်လျှောက် တိမ်းရှောင်နေခဲ့ရာမှ ယခု တံတားနီ အရေးအခင်း နှစ် ၂၀ ပြည့်တွင် အဖမ်းခံလိုက်ရခြင်း ဖြစ်သည်။

“သူတို့က ဒီမိုကရေစီနိုင်ငံ ဖြစ်အောင် လုပ်ပေးမယ်ပြောတယ်။ ဒါဆို ဘာလို့ ဒီကျောင်းသားခေါင်းဆောင်တွေကို ဖမ်းရသလဲ”ဟု ဗကသ နိုင်ငံခြားရေးရာ ကော်မတီမှ ပြောရေးဆိုခွင့်ရှိသူ ကိုဇင်မောင်က ပြောကြားသည်။

0 comments:

Twitter Delicious Facebook Digg Stumbleupon Favorites More