Wednesday, March 5, 2008

ရီပတ်ပလေ့ကန်သမတလောင်းအဖြစ် ဂျွန်မက်ကိန်းရွေးချယ်ခံရ၊ ဟီလာရီလည်းအောင်ပွဲခံပြီ



လာမည့်နိုဝင်ဘာလ၌ကျင်းပမည့် အမေရိကန်သမ္မတရွေးချယ်ပွဲ အကြိုအဖြစ် ပါတီကိုယ်စားလှယ်များရွေးကောက်သည့် အခြေခံရွေးချယ်ပွဲများဆက်လက်ပြုလုပ်လျှက်ရှိရာ ရီပတ်ပလေ့ကန်ပါတီမှ အထက်လွှတ်တော်အမတ်ဂျွန်မက်ကိန်းသည် တက္ကဆပ်၊ အိုဟိုင်းရိုး၊ ဗားမောင့်နှင့် ရိုအိုင်လန်တို့တွင် ပြိုင်ဖက်ဖြစ်သော ဟက်ကာဗီးအား အနိုင်ရရှိပြီးနောက် ရီပတ်ပလေ့ကန်ပါတီ၏သမ္မတလောင်းအဖြစ် သတ်မှတ်ခံလိုက်ရပြီဖြစ်ပါတယ်။
၎င်းရရှိခဲ့သော ကိုယ်စားလှယ်လောင်း အရေအတွက် (၁၀၉၁) ဂဏန်းပါဆိုင်းပုဒ်ကြီးကို လာမည့်ရက်များတွင် အခမ်းအနားဖြင့် ဖွင့်လှစ်မယ်လို့လည်း ဆိုပါတယ်။
ရှုံးနိမ့်သွားသော ဟက်ကာဗီးက ဂျွန်မတ်ကိန်းအား ချီးကျူးစကားပြောကြား၍ ပါတီနှင့် နိုင်ငံစည်းရုံးရေးအတွက် ဂျွန်မက်ကိန်းအား ထောက်ခံမှုပြုပြီး ပူးပေါင်းဆောင်ရွက်သွားမည်ဟု သတင်းထောက်များကို ပြောကြားလိုက်ပါတယ်။
ဂျွန်မက်ကိန်းဟာ မတ်လ ၅ ရက်(ဗုဒ္ဓဟူးနေ့)တွင် အိမ်ဖြူတော်သို့ သွားရောက်၍သမ္မတ
ဘုရှ်၏ကောင်းချီးပေးခြင်းကို ခံယူမည်ဖြစ်ပြီး သူ့ကိုလည်း သမတဘုရှ်က အပြည့်အ၀ထောက်ခံထားပါတယ်။
ဒီမိုကရက်တစ်ပါတီအတွက် သမတလောင်းအဖြစ် ဟီလာရီကလင်တန်နှင့် ဘားရက်အိုဘားမားတို့ဟာ ယခုအချိန်အထိ မဲမပြတ်သေးတဲ့အတွက် အကြိတ်အနယ်ယှဉ်ပြိုင်နေကြဆဲပါ။ နောက်ဆုံးသိရသော အင်တာနက်သတင်းများအရ ဟီလာရီဟာလည်း တက္ကဆပ်၊ အိုဟိုင်းရိုး၊ နှင့် ရိုအိုင်လန်တို့ သုံးနေရာတွင် ပြိုင်ဖက်ဖြစ်သူ အိုးဘားမားကို ပွတ်ကာသီကာနဲ့ အနိုင်ရရှိသွားပြီဖြစ်ပါတယ်။ (အေအက်ဖ်ပီ)

0 comments:

Twitter Delicious Facebook Digg Stumbleupon Favorites More