Monday, March 10, 2008

ဂျပန်ရောက်မြန်မာလူမျိုးတို့၏ တပတ်အတွင်းလှုပ်ရှားမှုသတင်းများ

ပေးပို့သူ-မိုးသောက်ကြယ်အဖွဲ့သားများ





မြန်မာနိုင်ငံသားဒုက္ခသည်များကူညီစောင့်ရှောက်ရေးအသင်းပဏာမစည်းဝေးပွဲပြုလုပ်

ဆိုးရွားလှသောတိုင်းပြည်အခြေအနေများကြောင့် ဂျပန်အစိုးရထံတွင် ဒုက္ခသည်အဖြစ်လျောက်ထားကြသူများမှ အချင်းချင်းကူညီဖေးမလိုသည်ဆန္ဒဖြင့် ‘မြန်မာနိုင်ငံသားဒုက္ခသည်များကူညီစောင့်ရှောက်ရေးအသင်း(ဂျပန်)’ကိုဖွဲ့စည်းဖို့အတွက် ပဏာမအစည်းအဝေးတရပ်ကို မတ်လ ၉ ရက်(တနင်္ဂနွေ)နေ့ ညနေ ၆း၀၀ နာရီမှ ၉း၀၀ နာရီအထိ တာကာဒါနိုဘာဘာရှိ ကွန်ဆူးမားစင်တာ ၄ ထပ်တွင် ကျင်းပပြုလုပ်သွားတယ်လို့သိရပါတယ်၊

အဆိုပါအစည်းအဝေးပွဲသို့ အိဘာရာကိလ၀ကထိန်းသိမ်းရေးစခန်းနှင့် ရှင်နာဂါဝါလ၀ကထိန်းသိမ်းရေးစခန်းမှ ယာယီအာမခံငွေစပေါ်ပေး၍ လွတ်မြောက်လာသူများ စုံစုံညီညီတက်ရောက်ခဲ့ကြတယ်လို့ မိုးသောက်ကြယ်သတင်းထောက်တဦးမှ သတင်းဓါတ်ပုံပေးပို့လာတာကို လက်ခံရရှိပါတယ်၊



ထူးခြားမှုတရပ်ကတော့ အဆိုပါအဖွဲ့ကိုဖွဲ့စည်းဖြစ်မယ်ဆိုရင် ဥက္ကဌအဖြစ် အိုးတကိစံက ကမကထပြုလုပ်၍ဆောင်ရွက်ပေးမှာဖြစ်ပြီး၊ နာယကများ၊ အကြံပေးပုဂ္ဂိုလ်များအဖြစ် မြန်မာလူမျိုးများကို စေတနာ့ဝန်းထိမ်းစိတ်နဲ့ ဂျပန်စာသင်ကြားပေးနေသော နိရှိတစံ(မြန်မာအမည် ဦးမင်္ဂလာ)နှင့် နိုင်ငံတကာလွတ်ငြိမ်းချမ်းသာရေးအဖွဲ့မှ ခုမာစာဝါစံတို့က ပူးပေါင်းဆောင်ရွက်ပေးကြမယ်လို့ သိရှိရပါတယ်။
ဥက္ကဋ္ဌအဖြစ်ဆောင်ရွက်ပေးမည့် အိုးတခိစံဟာ ဒုက္ခသည်လျောက်ထားသူမြန်မာလူမျိုးများကို စိတ်ရော၊ လူရော၊ ဒါ့အပြင် ငွေကြေးပါစိုက်ထုတ်ပြီးကူညီပေးနေသူတဦးဖြစ်ပြီး၊ ထိုသို့ပြုလုပ်ပေးရခြင်းမှာလည်း ဂျပန်မှာရှိနေသည့် မြန်မာလူမျိုးများ၏ ကျန်းမာရေး၊ လူမှုရေးကိစ္စများကို အဆင်ပြေချော့မွေစေလိုသည့် စေတနာအရင်းခံဖြင့် ဆောင်ရွက်ပေးခြင်းဖြစ်တယ်လို့ တက်ရောက်ကြသူ မြန်မာလူမျိုးများ၏ပြောစကားများအရ သိရပါတယ်။

နအဖ၏စည်းပုံအခြေခံမူကြမ်းကို ဂျပန်ရောက်တိုင်းရင်းသားများက ဆန့်ကျင်ရှုတ်ချ

လာမည့်မေလမှာကျင်းပမည့် နအဖစစ်အုပ်စု၏ ဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်းအတည်ပြုဖို့ လူထုဆန္ဒခံယူပွဲဆိုသည့်လုပ်ရပ်ကို ဂျပန်နိုင်ငံရောက် မြန်မာတိုင်းရင်းသားလူမျိုးများစုပေါင်းဆန့်ကျင်ရှုတ်ချပွဲအခမ်းအနားတရပ်ကို မတ်လ ၉ ရက်(တနင်္ဂနွေ)နေ့ ညနေ ၆း၃၀ မှ ၉း၃၀ နာရီအထိ အိခဲဘုခုရို၊ အက်ကိုတိုရှီမားအဆောက်အဦရဲ့ ၆ ထပ်မှာ ကျင်းပပြုလုပ်ခဲ့တယ်လို့ သိရပါတယ်၊
အဆိုပါပွဲတွင် စစ်ကျွန်အဖြစ်သွတ်သွင်းဖို့ကြိုးပမ်းနေသည့် နအဖလုပ်ရပ်ကို ပြတ်ပြတ်သားသားကန့်ကွက်ကြောင်းပြောကြားခဲ့ပြီး တက်ရောက်လာကြသူများမှ ကန့်ကွက်လက်မှတ်ရေးထိုးသွားကြတယ်လို့ မိုးသောက်ကြယ်သတင်းထောက်တဦးမှ သတင်းဓါတ်ပုံပေးပို့လာပါတယ်။



နှစ် ၂၀ ပြည့် မြန်မာနိုင်ငံလူ့အခွင့်အရေးနေ့ချီတက်ဆန္ဒပြပွဲ

မတ်လ ၁၃ ရက်နေ့မှာကျရောက်မည့် မြန်မာနိုင်ငံလူ့အခွင့်အရေးအထိမ်းအမှတ်(ကိုဖုန်းမော်ကျဆုံးခြင်းအပါအ၀င်)နှင့် မတရားဖမ်းဆီးခံထားရသော ရှင်ဂမ္ဘီရ၊ ဦးတင်ဦး၊ ဒေါ်အောင်ဆန်းစုကြည်၊ ဦးဝင်းတင်၊ ဦးခွန်ထွန်းဦး၊ မင်းကိုနိုင်၊ မစုစုနွေးအစရှိသည့် နိုင်ငံရေးအကျဉ်းသားများအားလုံးလွတ်မြောက်ရေးအတွက် လှုပ်ရှားမှုအဖြစ် ဓါတ်ပုံများကိုင်ဆောင်၍ လမ်းလျောက်ချီတက်ဆန္ဒပြပွဲတရပ်ကို အောက်ပါအစီအစဉ်အတိုင်းပြုလုပ်မယ်လို့သိရပါတယ်။ ပူးပေါင်းပါဝင်ကြဖို့ကိုလည်း ဖိတ်ခေါ်ထားပါတယ်။



နေ့ရက်- မတ်လ ၁၃ ရက်၊ ၂၀၀၈ ခုနှစ်(ကြာသပတေးနေ့)
အချိန်- နေ့လယ် ၁၃း၃၀ နာရီတိတိတွင် အခန်းအနားစတင်မည်
နေရာ- ဂိုတန်းတ မိနာမီပန်းခြံ
ဆက်သွယ်ရန်- ၀၉၀ ၆၄၈၇ ၃၉၃၄၊ ၀၉၀ ၆၀၄၀ ၈၂၈၂၊ ၀၉၀ ၄၉၆၄ ၉၇၁၈၊ ၀၉၀ ၉၈၃၁ ၇၁၉၂၊ ၀၉၀ ၆၀၃၁ ၄၃၉၄

ဂျပန်အယ်အယ်လ်ဒီကလည်း နအဖရှုတ်ချပွဲပြုလုပ်မည်

ဖေဖော်ဝါရီလ ၉ ရက်နေ့က ထုတ်ပြန်ခဲ့သော နအဖစစ်အုပ်စု၏ ၁/၀၈ နှင့် ၂/၀၈ တို့ဆိုသည်မှာ ပြည်သူလူထုတရပ်လုံး စစ်သံဖနောက်အောက်တွင် ထာဝရပြားပြားမှောက်ရစေမည့်အစီအစဉ်ဖြစ်သောကြောင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(လွတ်မြောက်နယ်မြေ-ဂျပန်ဌာနခွဲ)မှ ဦးဆောင်၍ ကန့်ကွက်ရှုံချပွဲကို အောက်ပါအစီအတိုင်းပြုလုပ်မှာဖြစ်ပြီး ဂျပန်နိုင်ငံရောက် ပြည်ထောင်စုမြန်မာနိုင်ငံဖွား တိုင်းရင်းသားညီအကိုမောင်နှမများ တက်ရောက်ကြပါရန်ဖိတ်ခေါ်ထားပါတယ်။

နေ့ရက်- ၁၆-၃-၂၀၀၈
အချိန်- နံနက်(၉း၀၀)မှ (၁၂း၀၀)အထိ
နေရာ- အိခဲဘုခုရို၊ ခုမင်းစင်တာ ၄ ထပ်

0 comments:

Twitter Delicious Facebook Digg Stumbleupon Favorites More