This is default featured post 1 title

Aung San Suu Kyi. The Nobel Peace Prize 2012

Sunday, March 30, 2008

နယူယောက်မြို့ လူ့အခွင့်အရေးနေ့မှာ မစိုးရိမ်ဆရာတော်ကြီးရဲ့သြ၀ါဒ (မှတ်တမ်းတင်ရေးသားပေးပို့သူ-မောင်စွမ်းရည်)

၁။ စစ်အစိုးရကိုထောက်ခံရင် ကံကြီးထိုက်မယ်။၂။ နိုင်ငံရေးသမားတွေ ဟန်ဆောင်လေးဖြစ်ဖြစ် ညီညွှတ်ကြစမ်းပါ။ဗမာနိုင်ငံ ရှစ်လေးလုံး နိုင်ငံရေးအုံကြွမှုကာလအတွင်းက ကျောင်းသားဖုန်းမော် ကျဆုံးခဲ့တဲ့နေ့ကို ဗမာ့နိုင်ငံရေးအဖွဲ့အစည်းများနဲ့ ကျောင်းသားအဖွဲ့အစည်းအားလုံးက ဗမာနိုင်ငံလူ့အခွင့်အရေးနေ့အဖြစ် သတ်မှတ်ခဲ့ကြပါတယ်။ နယူးယောက်မြို့မှာ မတ်၁၅ရက်နေ့၊ စနေနေ့က ကုလသမဂ္ဂပလာဇာ ဒုတိယထပ်မှာ ဗမာနိုင်ငံလူအခွင့်ရေးအထိမ်းအမှတ်နေ့ကို ကျင်းပပါတယ်။ လူ့အခွင့်အရေးနေ့ အထိမ်းအမှတ်ပွဲကို...

တိုင်းပြည်ရဲ့ကံကြမ္မာကိုအဆုံးအဖြတ်ပေးတဲ့ကာလရောက်တော့မယ် (ရဲဘော်ဖိုးသံချောင်း)

တိုင်းပြည်တပြည်မှာနိုင်ငံရေးအကြပ်အတည်း၊ ဒါမှမဟုတ်ရှေ့ မတိုးသာနောက်မဆုတ်သာအခြေအနေမျိုးကြုံလာရရင် ဆေးမြီး တိုက အစတဘောင်ပေး၊ နတ်လမ်းညွှန်ပေးတာတွေ၊ ရွှေငုံးမင်းအမြီးမျော်သလို မျော်ခိုင်းတာစတာတွေ ဟိုကဒီကပေါ်လာတတ်ပါတယ်။ ပုံမှန်အခြေအနေမှာ နိုင်ငံရေးစကားပြောနေသူ မဟုတ်သူတွေတောင် ဒီလိုအခါမှာ ခုန်ထွက်လာတတ်ပါတယ်။ ဒါမဆန်းပါဘူး။ တကမ္ဘာလုံးမှာ ဖြစ်တတ်တာပါပဲ။ဒါပေမဲ့ အဲဒီလိုသဘောတရားတွေထုတ်လာသူတွေဟာ ဘယ်လိုသဘောထားနဲ့ပေးတယ်ဆိုတာကိုတော့ သေချာစိစစ်ဖို့လိုပါတယ်။ တိုင်းပြည်နဲ့ပြည်သူလူထုအပေါ်မှာ...

ကြီးမှဝက်သက်ပေါက်တဲ့ သခင်တင်မြ

‘ဘုံဝဘမှာဖြင့်‘ရေးသားခဲ့သူ အလံနီသမားဟောင်း သခင်တင်မြ(၈၄ နှစ်)ဟာ မိမိမြေးထက်တောင် အသက်ငယ်သောသော မုဆိုးမလေးတဦးနဲ့ မတ်လ ၂၄ ရက်နေ့က ရုံးတက်လက်မှတ်ရေးထိုးလိုက်တယ်လို့ လျှပ်တပြက် ဂျာနယ်ထဲမှာဖော်ပြထားပါတယ်။ (လက်ထပ်လိုက်တဲ့မုဆိုးမလေးဆိုသူဟာ သခင်တင်မြရဲ့ နိုင်ငံရေးလုပ်ဖော်ကိုင်ဖက်ဖြစ်တဲ့ ရှမ်းပြည်လှဝင်းရဲ့ တရားဝင်ဇနီးမယားဖြစ်ပါတယ်။) သခင်တင်မြဟာ နအဖလုပ်သမျှကို ထောက်ခံကြောင်းပြောကြားနေသော ဖောက်ပြန်ရေး သမားကြီး တဦးဖြစ်ပြီး စမူဆာအောင်ကြီးတို့နဲ့အလွမ်းသင့်ကာ...

Saturday, March 29, 2008

Commentများ

thank you very much for your question that should be asked. In the Buddha teaching, there are five kinds of Kamma,1. killing the mother, 2. killing the father, 3.killing the spiritual monks or enlightent monks, 4.torturing the Buddha until blooding, 5.discrimating the sangha groups. Among them , nowadays problems are concerning with 3 and 5 that is very dangerous kamma or offences. according to the bad actions they will effect as they have done by going to hell and other sorrowful, lematations, physcial ill-ness, mental ill-ness wherever they will be in this very life and future. Who is firt or second. That is depending on their actions when they doing the bad action. if they do more killing,...

Wednesday, March 26, 2008

နအဖစစ်တပ်နှင့် တရုတ်စစ်တပ် ဘယ်သူအရင်ငရဲရောက်မယ်ထင်သလဲ...

နအဖစစ်တပ်၏ ရက်စက်ရမ်းကားမှု တစိပ်တဒေသမှတ်တမ်းများတရုတ်စစ်တပ်၏ ရက်စက်ရမ်းကားမှု တစိပ်တဒေသမှတ်တမ်းများမိုးသောက်ကြယ်စာဖိတ်ပရိသတ်များခင်ဗျား...၂၀၀၇ စက်တင်ဘာလတုန်းက မြန်မာပြည်သူပြည်သားများကြုံတွေ့ခံစားနေရတဲ့ ၀ဋ်ဒုက္ခဆင်းရဲအ ကျပ်အတည်းမှ လွတ်မြောက်အောင် ငြိမ်းငြိမ်းချမ်းချမ်းနဲ့ မေတ္တာသုတ်ရွတ်ဆိုပြီး လမ်းလျှောက်ခဲ့ကြတဲ့ ဘုရားသားတော် ရဟန်းသံဃာတော်တွေကို နအဖစစ်တပ်မှ အကြမ်းဖက်ပစ်ခတ်ခဲ့လို့ သံဃာအပါး ၂၀၀ ကျော်ပျံလွန်တော်မူခဲ့ပြီး အပါး ၅၀၀၀ ကျော်ကို ဖမ်းဆီးနှိပ်စက်ခဲ့တယ်ဆိုတာ...

Tuesday, March 25, 2008

‘ထကြ‘(တင်မောင်သန်း)

မြန်မာနိုင်ငံတနိုင်ငံလုံးဟာ တကယ့်ဖြစ်ရပ်မှန်ကို ဒုတ်ဒုတ်ထိထိရင်ဆိုင်နေရတဲ့ အခြေအနေနဲ့ အချိန် အခါကိုရောက်ရှိလို့လာခဲ့ပြီ။ အဲဒီအဖြစ်မှန်ကို ရင်ဆိုင်ရမယ့်သူတွေဟာ အစိုးရလက်နက်ကိုင်တပ်ဖွဲ့ တွေတင်မကဘူး။ ပြည်သူလူထုကလည်း အဖြစ်အမှန်ကို ရင်ဆိုင်ရတော့မှာဖြစ်တယ်။ ပြည်သူလူထုလို့ ဆိုရာမှာ အလုပ်သမား၊ လယ်သမား၊ ကျောင်းသား၊ ၀န်ထမ်း၊ ပညာတတ်၊ စီးပွားရေးသမား အားလုံးပါတယ်။အရင်တုန်းကတော့ မြန်မာပြည်သူလူထုအပေါင်းရဲ့ ဒီမိုကရေစီရရှိရေးကို ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ကလုပ်ကြလိမ့်မယ်လို့...

တပ်လှန့်သံ(တင်မိုး)

တခေတ်မှာ တဘုရင်စစ်အာဏာရှင် ဗိုလ်နေ၀င်းတဲ့တို့တတွေရဲ့ သေမင်းပါပဲ၊အလောင်းတွေခင်း ခေါင်းတွေနင်းပြီးတော့သေမင်းက အဘခေါ်ရအောင်ရက်စက်ပြခဲ့တယ်။တိုင်းရင်းသားတွေအပေါ်မှာလည်းအရိုင်းမင်းတပါးလို ကျင့်ကြံတာတေလန် ဖက်ဆစ်ဆိုးညစ်ပေ့ ကမ်းကုန်လမ်းမျိုးစုံ သောင်းကျန်းပေါ်တာထမ်း မလျော်ရာစခန်းဘော်ဒါလမ်းက တရွေ့ရွေ့မရွေ့ရင် မီးရှို့သင်တို့တတွေ ထင်ရာစိုင်းရိုင်းသမျ ခံရတယ်။အများအကျိုးအတွက်တအားကိုးရမယ်မှတ်ပါ့အစိုးရဆိုတာ သူခိုးဓါးပြထက်ဆိုးလှပါတကားလို့တို့များအမြင်မှောက်အထင်ရောက်ခဲ့ရပါတယ်။ပြည်ထောင်စုသမိုင်းမှာဒီကောင်လောက်ရိုင်းတာ...

ထမ်းပိုးလည်း မဟုတ်, လှည်းတုတ်လည်း မဟုတ်, သစ္စာသည်သာ ခံကတုတ်(၀င်းပေါ်မောင်)

ဒီမိုကရေစီ လိုလားသည့် မြန်မာနိုင်ငံသားတို့အဖို့ ယခုကြုံတွေ့နေရသည့် အခြေအနေတွင် အကောင်းဆုံး ဆောင်ရွက်နိုင်မည့် နည်းလမ်းမှာ မိမိယုံကြည်ချက်ပေါ်တွင် ခိုင်ခိုင်မာမာ ရပ်တည်နေခြင်းသာ ဖြစ်ပါသည်။အမြင်များမေလတွင် နအဖ စစ်အစိုးရက ပြုလုပ်မည့် အခြေခံဥပဒေ အတည်ပြုရေး ဆန္ဒခံယူပွဲ၌ မြန်မာလူထုက `သပိတ်မှောက်သင့်သလား´ `ကန့်ကွက်မဲထည့်သင့်သလား´ ဆွေးနွေးချက်များကို ကျယ်ကျယ်လောင်လောင် ကြားနေရပါသည်။ နအဖ၏ လမ်းပြမြေပုံအတိုင်း တဖက်သတ်ဆောင်ရွက်ချက်ကို လက်မခံသည့်အနေဖြင့် ဆန္ဒခံယူပွဲကို...

Monday, March 24, 2008

ဝေငှခြင်း

...

နာဂိုယာရဲဘော်များ sign campaign ပြုလုပ်

ယနေ့ ၂၀၀၈ ခုနှစ် မတ်လ၂၃ ၇က်နေ့က ဂျပန်နိုင်ငံ နဂိုယာမြို့တွင် မြန်မာ့ဒီမိုကရေစီအရေးလိုလားသူမြန်မာများ မှဦးဆောင်ကာ sign campaign တရပ်ကို ကျင်းပပါသည်။ ဂျပန်နိုင်ငံ အစိုးရအနေဖြင့် မြန်မာနိုင်ငံ စစ်အစိုးရ စိတ်ကြိုက် ရေးဆွဲသော အခြေခံဥပဒေကို ကန့်ကွက်ရန် တောင်းဆို ခြင်းဖြစ်သည်။ ဂျပန်ပြည်သူများထံမှ လက်မှတ်ကိုစုဆောင်းကာ ဂျပန်နိုင်ငံ နိုင်ငံခြားရေးဌာန သို့ပေးပို့ရန် ဖြစ်သ...

ကုလရုံးရှေ့တကိုယ်တော်ဆန္ဒပြခဲ့တဲ့ ဒု-ဗိုလ်မှူးကြီးအေးမြင့်(မောင်စွမ်းရည်)

သြစတြေးလျားမှာနေတဲ့ ဒုတိယ ဗိုလ်မှူးကြီးအေးမြင့် အမေရိကန် ပြည်ထောင်စုကိုရောက်နေပြီဆိုတာ ကို သတင်းသုံးပတ်လောက် ကတည်းက ကြိုတင်သိရပါတယ်။ ချီကာဂိုကရဲဘော်တွေက ကြိုတင် ပြီးဖုန်းသတင်းပို့ထားလို့ပါ။ ချီကာ ဂိုကမှ အင်ဒီယားနား၊ အဲဒီကမှ နယူးယောက်ကိုလာမယ်။ ကုလသမဂ္ဂရုံးရှေ့မှာ တကိုယ် တော်ဆန္ဒပြပွဲလုပ်မယ်။ သူက ကျနော်ရဲ့ လွတ်လပ် တဲ့အာရှအသံ၊ ရွှေဒေါင်းတောင်အစီအစဉ်ရဲ့ သောတရှင်ပရိသတ်ပါတဲ့…။ကျနော်က သူကိုမတွေ့သေးပါဘူး။ ဒါပေမဲ့ ကျနော်က သူ့ပရိသတ်ဖြစ်နေတာ ကြာလှပါပြီ။ ကျနော်...

ဒု-ဗိုလ်မှူးကြီးအေးမြင့်(ငြိမ်း)၏ ဖက်စစ်တော်လှန်ရေးနေ့အထိမ်းအမှတ် ဆွေးနွေးပွဲပြုလုပ်

တိုကျို။ မတ်(၂၃)မတ်(၂၇)ရက်နေ့တွင်ကျရောက်မည့် ဖက်စစ်တော်လှန်ရေးနေ့အထိမ်းအ မှတ်အဖြစ် ဒု-ဗိုလ်မှူးကြီးအေးမြင့်(ငြိမ်း)မှ ”ဖက်စစ်တော်လှန်ရေးနှင့် ယနေ့တပ်မတော်အကြောင်းတစေ့တစောင်း” ခေါင်းစဉ်ဖြင့် ဆွေးနွေးပွဲ တရပ်ကို တိုကျိုမြို့၊ အိခဲဘုခုရိုးရှိ၊ အီကိုတိုရှိးမား စင်တာ(၈)ထပ်တွင် ပြုလုပ်ခဲ့ကြ ကြောင်းသိရသည်။ ညနေ ၆း၀၀ နာရီတွင် စတင်ပြု လုပ်ခဲ့သော ယင်းဆွေးနွေးပွဲတွင် မြန်မာ့ဒီမိုကရေစီအရေးလှုပ်ရှားနေသူ မမိုးမိုးမှ ဒု-ဗိုလ်မှူးကြီး အေးမြင့် (ငြိမ်း)၏အတ္ထုပ္ပတ္တိကိုဖတ်...

Sunday, March 23, 2008

ဆရာကြီး၏ဂူဗိမာန်(ပိသုကာကျော်မင်း)

...

အင်္ဂလိပ်အစိုးရ၏ ရန်သူနံပါတ် ၁(အောင်ဗလ)

ပထမသခင်လှုပ်ရှားမှုနှင့်အဖမ်းခံရပြီး ထောင်မှလွတ်လာသော သခင်လူငယ်တစုတို့သည် မိမိတို့၏လှုပ်ရှားမှုများကို ပြန်လည်သုံးသပ် ကြသောအခါ ပြီးခဲ့သောတိုက်ပွဲတွင် ငွေရေးကြေးရေးအခက်အခဲကို ရင်ဆိုင်ခဲ့သဖြင့် လှုပ်ရှားမှုများ လိုအပ်သမျခရီးမပေါက်ခဲ့သည်ကို ဆန်းစစ် တွေ့ ရှိကြရသည်။ ထို့ကြောင့် နိုင်ငံရေးတိုက်ပွဲမစမှီ ရန်ပုံငွေရှာ ရန် သခင်ဗသောင်းကအဆိုပြုသည်။ သခင်သိန်းမောင်ကမူ သခင် လူငယ်များ ဆက်လက်ကိုယ် ကျိုးစွန့်၍လှုပ်ရှားပါက လူထုက ကူညီလေမည်ဟုယူဆသည်။ ဤတွင် သခင်အသင်းကွဲသွား ပြန်တော့သည်။...

ဆရာမှိုင်း ‘မာန်‘နဲ့‘လှိုင်း‘(ရိုး-ခေတ္တရာ)

ဆရာမှိုင်းရဲ့ကဗျာလှိုင်းမှာရင်ပါးခဲ့တဲ့ ...၊မထင်မရှားကဗျာသမားကလေး ... ကျနော်။ဆရာမှိုင်းရဲ့ သက်တော်၁၃၂ နှစ်မြောက် မွေးနေ့မှာဆွေးမြေ့စွာ လွမ်းမော တသောသောနဲ့ ...။တောင်းဆုပန်ခြွေဒို့များ မြန်ပြေ(မြန်မာပြည်)ဘေးရန်ခပ်သိမ်း ကင်းငြိမ်းကြပါစေ ...၊မှိုင်း မာန်တစနဲ့ လှိုင်းတဖန် ထလို့စစ်ကျွန်ဘ၀ ရုန်းထ လွတ်မြောက်ပါစေသော် ...။(ဆရာကြီး သခင်ကိုယ်တော်မှိုင်း သက်တော် ၁၃၂ နှစ်မြောက် မွေးနေ့သို့ ....

အဘမှိုင်းသို့ မှာတော်ပုံလေး(ကြိုင်လှမောင်မောင်)

အဘမှိုင်းရေတ,တိုင်းလဲ ရင်မမောလိုက်ပါနဲ့။ ။အဘချစ်တဲ့ နိုင်ငံတော်မှာအဘကြံမြော်ခဲ့တဲ့ ၀ါဒအဘအခါခါပြခဲ့တဲ့လမ်းစဉ်အဘမြင်ချစ်တဲ့ စံနစ်အဘဖြစ်စေချင်တဲ့ စခန်းအဘတမ်းတခဲ့တဲ့ ငြိမ်းချမ်းသာယာမှုအဘတွေးရှုခဲ့တဲ့ အနာဂတ်နိုင်ငံဆီအခါမလပ် ပြိုင်စံမှီအောင်ရည်ဆောင် နိုးကြားချက်တွေနဲ့ကြိုးစားလျက်ပါ အဘရဲ့။အဘခင်ဗျား…ကြိုးစားကြံစည် အခွင့်မလပ်တွေးလို့အမျိုးသားပြန်လည်သင့်မြတ်ရေးကိုစေ့စပ်ဆွေးနွေး အကောင်အထည်ဖော်ရန်အောင်သွယ်တော်မလို တိုက်ရိုက်ရင်ဆိုင်အမြင်လှိုင်လှိုင် ဖလှယ်ရေးလမ်းအတွက်တကယ်တွေး...

‘မှိုင်း‘နဲ့‘ဆန်း‘(မောင်စွမ်းရည်)

အဘိုးသခင်ကိုယ်တော်မှိုင်းနဲ့ အဖသခင်အောင်ဆန်းတို့ကို ကျနော်တို့သိမိလိုက်ကြတဲ့ မျိုးဆက်သာမက ကျနော်တို့ တူ သားမျိုးဆက်သစ်လူငယ်များက လေးစားကြည်ညိုမဆုံးကြ။ လူငယ်ကျောင်းသားလေးတွေ ဒုက္ခရောက်ကြရှာတော့ သူ တို့လေးစားကြတဲ့ ဆရာကြီးသခင်ကိုယ်တော်မှိုင်းနဲ့ သခင်အောင်ဆန်းတို့ကို တိုင်တည်သီချင်းလုပ်ပြီး သံဗုံးကြီးတွေနဲ့ ရန်ကုန်တမြို့လုံးကို ရိုက်ခတ်လှုပ်ခပ်လိုက်တဲ့အခါ ကျနော်တို့မှာ ဘေးကရပ်မနေနိုင်တော့ဘဲ သူတို့နဲ့အတူ လမ်းပေါ်ထွက် ပြီး တမ်းတဟစ်ကြွေးခဲ့ကြတာကို ကျနော်တို့တသက်မေ့နိုင်...

ဆရာမှိုင်းတမ်းချင်းကဗျာလေးချိုး(မောင်စင်ကြယ်)

(၁)အောင်ပန်းတွေတကယ်မညှိုးပါဘုအောင်ဆန်းတို့အဘိုးဟာ‘ဗိုလ်မင်းရောင်’ပါကွယ့်မြို့လုလင်သာတဲ့အရပ်မှာပေါ့အောင်တပ်ကိုသူချီတော့ကိုယ့်ရပ် ကိုယ့်တပ်ကိုယ်ပြန်နင်းကြတဲ့ဖျင်းလှတဲ့ကမြင်းမတပ်ဗိုလ်အချို့ကြောင့်လေးတိုင်စင်အရပ်မှာကြိုးကွင်းတပ်ကာဗိုလ်မင်းရောင်ကိုအသေသတ်ကြတယ်ကွယ့်ဆရာမှိုင်း ကဗျာမှိုင်းကလေးချိုးကဗျာစပ်ကာရင်နာနာဖြင့်‘မြို့လုလင်သာတဲ့ကွန်းဆီသို့ဒို့သခင် စာဖွဲ့လို့ညွှန်းလိုက်မယ်ကွယ့်ဒါနဲ့သာလွမ်းကြပေတော့ကွာ’ဆိုပြီးနှစ်သိမ့်ခဲ့တာ။ ။(၂)သြော်- ကုန်းဘောင်အပျက်မှာလဘုန်းရောင်စက်တွေက...

စာကြည့်တိုက်ထဲက ဆရာမှိုင်း(မောင်သစ်ဆင်း)

လောကရဲ့ပြတင်းတံခါးတစ်ချပ်စာကြည့်တိုက်မှာ တပ်ထားတယ်။အတိတ် ပစ္စုပ္ပန် အနာဂတ်ထင်ဟပ်တဲ့ လက္ခဏာရေးသုံးပါးစာကြည့်တိုက်များမှာ ၀ိပဿနာတင်ရှုနိုင်တယ်။ဘားနပ် ပိဋကတ်တိုက်ရဲ့ကျေးဇူးဆရာမှိုင်းတို့ရခဲ့ဖူး။ဘ၀ရဲ့အကောင်းဆုံးအချိန်များပိဋကတ်တိုက်မှာ သုံးခဲ့ဖူး။ကွမ်းတမြုံ့မြုံ့နဲ့တငုံငုံလေ့လာပြည်မြန်မာရှေ့ရေးအတွေးတွေရ၊ အသစ်တွေရ။လွတ်လပ်ရေး၊ ဒီမိုကရေစီရေး၊ ငြိမ်းချမ်းရေးစာကြည့်တိုက်မှာတွေးစာကြည့်တိုက်မှာရေး။စာကြည့်တိုက်ဆိုတာတသက်တာသင်ယူလေ့လာဖို့မရှိမဖြစ်တဲ့နေရာဆရာမှိုင်းအသေအချာသိခဲ့။ပေးသလောက်ရဲတဲ့...

ဆရာကြီးမှိုင်းရဲ့ စာပေအရိပ်သြဇာ(တင်မိုး)

(၁)“မှိုင်းဟဲ့နော်…တိုင်းနဲ့ပြည်ကျော်ဖို့ဖြေမနော် အဖက်ဖက်က စမ်းကြပါတော့မပြေသော် တသက်နှစ်တမ်းပါပဲ…” တဲ့။ဆရာမှိုင်းရဲ့စိန်ခေါ်သံ၊ ဗိုလ်တောင်းသံပါ။ အလွန်အားရဖွယ်ကောင်းလှတဲ့အသံ။ ကာရန်ကလဲကိုယ်တွင်းပြည့်၊ ဒီလို လက်မထောင်ပြီး ရင်ကော့လိုက်တဲ့အတွက် ဆရာကြီးမှိုင်းရဲ့စာပေဣနြေ္ဒ ပျက်မသွားတဲ့အပြင် အားရပါးရလက်ခုပ်တီးပြီး အားပေးချင်စိတ်တောင်ပေါက်မိပါ ရဲ့။ တဖက်သားနလန်မထူနိုင်အောင် အလံတလူလူ လွှင့်လိုက်တဲ့ ဇာတိမာန်လို့ပဲဆိုချင်ပါတယ်။“မင်းတို့ဥာဏ်အမြင် တမိုက်တထွာမျှရယ်နဲ့...

လန်ဒန်တိုင်းသတင်းစာ၌ ဖော်ပြခဲ့သော ဆရာကြီးသခင်ကိုယ်တော်မှိုင်း အတ္ထုပ္ပတ္တိ

မောင်ထင် ဘာသာပြန်သည်မြန်မာ့နိုင်ငံရေးနိုးကြားသော ခေတ်ဦး၌လည်းကောင်း၊ မြန်မာ့လွတ်လပ်ရေးသို့ ရှေ့ရှုသော ခေတ်၌လည်းကောင်း၊ အလွန်သြဇာတိက္ကမ ကြီးမားသော သခင်ကိုယ်တော်မှိုင်းသည် လွန်ခဲ့သော ကြာသာပတေးနေ့က ရန်ကုန်မြို့တွင် ကွယ်လွန်အနိစ္စရောက်သည်။ ကွယ်လွန်သောအခါ အသက် (၈၉) နှစ်ရှိလေပြီ။သခင်ကိုယ်တော်မှိုင်းသည် လှည်းသမားတဦး၏ သားဖြစ်သည်။ ပြည်မြို့အနီး ရွာတရွာတွင် မွေးဖွားသည်။ ထိုရွာမှာ မြန်မာမင်းဆက်တို့၏ လွတ်လပ်သော နိုင်ငံတော်နှင့် ဗြိတိသျှတို့ သိမ်းပိုက်လိုက်သော ပဲခူးနယ်စပ်ကြားတွင်...

Page 1 of 20712345Next
Twitter Delicious Facebook Digg Stumbleupon Favorites More